ဝူဟန်ရှိ မြန်မာပညာတော်သင်ဝန် ထမ်းများအား သွားရောက်ခေါ်ယူရာတွင် စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လေယာဉ်မှူးကြီးနှင့် အဖွဲ့သားများအား ဂုဏ်ပြု

ဝူဟန်ရှိ မြန်မာပညာတော်သင်ဝန် ထမ်းများအား သွားရောက်ခေါ်ယူရာတွင် စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လေယာဉ်မှူးကြီးနှင့် အဖွဲ့သားများအား ဂုဏ်ပြု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဝူဟန်မြို့ရှိ မြန်မာပညာတော်သင်ဝန်ထမ်းများအားCOVID-19ကူး စက်မှု ဘေးမှ ကာကွယ်ရန်သွားရောက်ကယ်ထုတ်ရာတွင်Myanmar National Airlineမှ စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့် လေ ယာဉ်မှူးကြီးနှင့်လေယာဉ်အဖွဲ့သားများအားဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့ ညနေပိုင်း၊နေပြည်တော်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာမှာ “နိုင်ငံတည်ဆောက်နေတဲ့အချိန်အများကြီးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေ တဲ့အချိန်အဲ့ ဒီအခါမှာဒီလိုကိုယ်ကျိုးစွန့်တဲ့သူတွေ၊စွန့်လွှတ်တဲ့သူတွေ၊အနစ်နာခံတဲ့သူတွေအများကြီးပေါ်ပေါက်ပါ တယ် ။ ဒါတွေဟာစံနမူနာကောင်းတွေဖြစ်တဲ့အတွက်ကြောင့်အများကြီးထပ်ခါခါချီးကျုးဂုဏ်ပြုပါကြောင်း “ ပြောကြားခဲ့ပါတယ်။

မြန်မာအမျိုးသားလေကြောင်း၊အမှုဆောင်အရာရှိချုပ်ဦးသန်းထွန်းမှလေယာဉ်မှူးကြီးနှင့်လေယာဉ်အဖွဲ့သားများအားကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်မှမြန်မာအမျိုးသား လေ ကြောင်း၊အမှုဆောင်အရာရှိချုပ်ဦးသန်းထွန်း၊လေယာဉ်မှူးကြီး ဦးခုပ်ခန့်နှင့်လေယာဉ်မှူးကြီး ဦးမျိုးလွင် တို့ အား လည်းကောင်း၊ဒုတိယဝန်ကြီးဦးကျော်မျိုးမှဒုတိယလေယာဉ်မှူးကြီးဦးစံမင်းကျော်နှင့် အင်ဂျင်နီယာမှူးကြီး ဦးအောင်ချိုတို့အားလည်းကောင်း၊ဒုတိယဝန်ကြီးဦးသာဦးမှအင်ဂျင်နီယာမှူးကြီးဦးအောင်ဇင်နှင့်ဒုတိယအထွေထွေမန်နေဂျာဦးကျော်ဇေယျတို့အားလည်းကောင်း၊အမြဲတမ်းအတွင်းဝန်ဦးဝင်းခန့်မှလက်ထောက်မန်နေဂျာ(လေယာဉ်မောင်း)ဦးသန်းကျော်ဌေးနှင့်အကြီးတန်းလေယာဉ်မောင်းဦးဝဠာဝင့်တို့အားလည်းကောင်း၊မြန်မာ့အမျိုးသားလေကြောင်းအမှုဆောင်အရာရှိချုပ်ဦးသန်းထွန်းမှအကြီးတန်းလေယာဉ်မောင်းဦးရဲမြတ်အောင်နှင့်လေယာဉ်မောင်ဦးအာကာလင်းတို့အားဂုဏ်ပြုမှတ်တမ်းလွှာအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ယင်းနောက်ခရီးစဉ်တွင်စေတနာ့ဝန်ထမ်းအဖြစ်လိုက်ပါတာဝန်ထမ်းဆောင်ခဲ့သည့်လေယာဉ်အဖွဲ့သားများကိုယ်စားလေယာဉ်မှူးကြီးဦးခုပ်ခန့်မှကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀

( Zawgyi )

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ဝူဟန္ၿမိဳ႕ရွိ ျမန္မာပညာေတာ္သင္ဝန္ထမ္းမ်ားအားCOVID-19ကူး စက္မႈ ေဘးမွ ကာကြယ္ရန္သြားေရာက္ကယ္ထုတ္ရာတြင္Myanmar National Airlineမွ ေစတနာဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္သည့္ ေလ ယာဥ္မႉးႀကီးႏွင့္ေလယာဥ္အဖြဲ႕သားမ်ားအားဂုဏ္ျပဳပြဲအခမ္းအနား ကို ယေန႔ ညေနပိုင္း၊ေနျပည္ေတာ္၊ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနတြင္က်င္းပျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ အခမ္းအနားသို႔ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးတက္ေရာက္၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့ရာမွာ “ႏိုင္ငံတည္ေဆာက္ေနတဲ့အခ်ိန္အမ်ားႀကီးျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေန တဲ့အခ်ိန္အဲ့ ဒီအခါမွာဒီလိုကိုယ္က်ိဳးစြန႔္တဲ့သူေတြ၊စြန႔္လႊတ္တဲ့သူေတြ၊အနစ္နာခံတဲ့သူေတြအမ်ားႀကီးေပၚေပါက္ပါ တယ္ ။ ဒါေတြဟာစံနမူနာေကာင္းေတြျဖစ္တဲ့အတြက္ေၾကာင့္အမ်ားႀကီးထပ္ခါခါခ်ီးက်ဳးဂုဏ္ျပဳပါေၾကာင္း “ ေျပာၾကားခဲ့ပါတယ္။

ျမန္မာအမ်ိဳးသားေလေၾကာင္း၊အမႈေဆာင္အရာရွိခ်ဳပ္ဦးသန္းထြန္းမွေလယာဥ္မႉးႀကီးႏွင့္ေလယာဥ္အဖြဲ႕သားမ်ားအားေက်းဇူးတင္ဂုဏ္ျပဳေၾကာင္းေျပာၾကားခဲ့ၿပီး၊ ျပည္ေထာင္စုဝန္ႀကီးဦးသန႔္ဇင္ေမာင္မွျမန္မာအမ်ိဳးသား ေလ ေၾကာင္း၊အမႈေဆာင္အရာရွိခ်ဳပ္ဦးသန္းထြန္း၊ေလယာဥ္မႉးႀကီး ဦးခုပ္ခန႔္ႏွင့္ေလယာဥ္မႉးႀကီး ဦးမ်ိဳးလြင္ တို႔ အား လည္းေကာင္း၊ဒုတိယဝန္ႀကီးဦးေက်ာ္မ်ိဳးမွဒုတိယေလယာဥ္မႉးႀကီးဦးစံမင္းေက်ာ္ႏွင့္ အင္ဂ်င္နီယာမႉးႀကီး ဦးေအာင္ခ်ိဳတို႔အားလည္းေကာင္း၊ဒုတိယဝန္ႀကီးဦးသာဦးမွအင္ဂ်င္နီယာမႉးႀကီးဦးေအာင္ဇင္ႏွင့္ဒုတိယအေထြေထြမန္ေနဂ်ာဦးေက်ာ္ေဇယ်တို႔အားလည္းေကာင္း၊အၿမဲတမ္းအတြင္းဝန္ဦးဝင္းခန႔္မွလက္ေထာက္မန္ေနဂ်ာ(ေလယာဥ္ေမာင္း)ဦးသန္းေက်ာ္ေဌးႏွင့္အႀကီးတန္းေလယာဥ္ေမာင္းဦးဝဠာဝင့္တို႔အားလည္းေကာင္း၊ျမန္မာ့အမ်ိဳးသားေလေၾကာင္းအမႈေဆာင္အရာရွိခ်ဳပ္ဦးသန္းထြန္းမွအႀကီးတန္းေလယာဥ္ေမာင္းဦးရဲျမတ္ေအာင္ႏွင့္ေလယာဥ္ေမာင္ဦးအာကာလင္းတို႔အားဂုဏ္ျပဳမွတ္တမ္းလႊာအသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

ယင္းေနာက္ခရီးစဥ္တြင္ေစတနာ့ဝန္ထမ္းအျဖစ္လိုက္ပါတာဝန္ထမ္းေဆာင္ခဲ့သည့္ေလယာဥ္အဖြဲ႕သားမ်ားကိုယ္စားေလယာဥ္မႉးႀကီးဦးခုပ္ခန႔္မွေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ - ၂၀