ဝူဟန်ဗိုင်းရပ်စ်ကို ရွှေလီမှာ တွေ့ရှိပေမယ့် မူဆယ်မှာ အခြေအနေ အေးဆေးနေ

ဝူဟန်ဗိုင်းရပ်စ်ကို ရွှေလီမှာ တွေ့ရှိပေမယ့် မူဆယ်မှာ အခြေအနေ အေးဆေးနေ

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာကို ရွှေလီမြို့မှာ တွေ့ရှိပြီးနောက် တရုတ်မြန်မာ နယ်စပ် မူဆယ်မြို့မှာတော့ အခြေအနေဟာ အေးဆေးတည်ငြိမ်နေဆဲဖြစ်တယ်လို့ မူဆယ်မြို့ ဒေသခံတွေက ဆိုကြပါတယ်။ “မူဆယ်မှာတော့ အရောင်းအဝယ်လုပ်နေတာ တွေရှိပေမယ့် ဝယ်လက်ကမရှိဘူး၊ ရောက်ပြီးသားကားတွေထဲ ရသမျှဈေးနဲ့ ရောင်းရင်း ရောင်းမထွက်သေးတဲ့ဟာတွေတော့ ရှိပါတယ်၊ တအားကြီးတော့ များများစားစားတော့ မဟုတ်ဘူး” လို့ မူဆယ်မြို့ သစ်သီးဝလံကုန်စည်ဒိုင်တစ်ဦးဖြစ်တဲ့ ဒေါ်ရီရီခိုင်က ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေး အဓိကဝင်ပေါက် ဖြစ်နတာကြောင့် မြန်မာဘက်ခြမ်း မူဆယ်မှာတော့ အသွားအလာ ပြတ်တောက်တာ မရှိဘဲ ပုံမှန်အတိုင်းသွားလာရောင်းဝယ်နေကြပါတယ်။ ဒါပေမယ့်လည်း တရုတ်ဘက်ခြမ်းမှာတော့ နှစ်သစ်ကူးရာသီ ဖြစ်နေတဲ့အပြင် ဝူဟန် ဗိုင်းရပ်စ် ကိစ္စဖြစ်နေတာကြောင့် ကုန်စည်တွေကို တရုတ်ဘက်ခြမ်းကနေ လာရောက်ဝယ်ယူမယ့်သူ မရှိဘူးလို့ ကုန်သည်တွေက ပြောဆိုခဲ့ကြတာပါ။

ဝူဟန်ဗိုင်းရပ်စ်ကိစ္စကြောင့် နယ်စပ်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ် ၊ ဆင်ဖြူဂိတ်နဲ့မန်ဝိန်းဂိတ်တွေမှာတော့ အဝင်အထွက်တွေကို တရုတ် အာဏာပိုင်တွေ ဘက်ကနေ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပေမယ့် မြန်မာဘက်က စစ်ဆေးနေတာတွေကိုတော့ ကျေနပ်အားရမှု မရှိဘူးလို့ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေး အသင်း ဥက္ကဌ ဦးသောင်းထွန်းက ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လည်ပိုင်းက နှစ်နိုင်ငံလူဝင်လူထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေမှာ အပူချိန် လွန်ကဲတဲ့ လူနာ ၂ ဦးကို တွေ့ခဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ သာမန်ဖျားနာတာဖြစ်လို့ တစ်ယောက်ကို ပြန်လွှတ် ပေးလိုက်ပြီး  ကျန်တဲ့ တစ်ယောက်ကိုတော့ မူဆယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် စောင့်ကြည့်ကြပ်မက်ကုသ ပေးနေ တယ်လို့ သိရပါတယ်။

တရုတ်- မြန်မာ နယ်စပ် မူဆယ်နှင့်ထိစပ်နေတဲ့ တရုတ်ဘက်ကမ်း ရွှေလီမြို့ မှာ ဇန်နဝါရီ ၂၆ ရက်နေ့က စပြီး ပန်းခြံတွေ၊ ဟိုတယ်တွေနဲ့ ကစားဝိုင်းတွေ အားလုံးကို ခေတ္တပိတ်ထားမှာ ဖြစ်ပြီး အခမ်းအနားနဲ့ ပွဲလမ်းသဘင် ပြုလုပ်တာကို ပိတ်ပင်ထားပါတယ်။ဒါပေမယ့် လည်း ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှု မရှိစေဖို့ ကျန်းမာရေးစစ်ဆေးမှုတွေကို နယ်စပ်ဂိတ်တွေနဲ့ လေဆိပ်တွေမှာ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာတော့ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့လူနာတွေကို တွေ့ရှိနေရတဲ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့မှာ လည်း ရောဂါကူးစက်ခံထားရတဲ့ လူနာတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီဗိုင်းရပ်စ်ပိုး ကူးစက်တာ မရှိသေးဘူးလို့ အာဏာပိုင် တွေက ပြောဆိုထားပါတယ်။

လက်ရှိအချိန်အထိ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၁၀၆ ဦးအထိ ရှိလာနေပြီး ကူးစက်ခံရတဲ့ လူနာပေါင်းဟာ ၄၅၁၅ ဦး အထိ ရှိလာနေပြီးဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်ထားပါတယ်။

ဇေယျာမော်
ဓါတ်ပုံ - မူဆယ်မြို့ သစ်သီးဝလံကုန်စည်ဒိုင်
ရန်ကုန် ၊ ဇန်နဝါရီ ၂၈

(  Zawgyi  )

 ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ လူနာကို ေ႐ႊလီၿမိဳ႕မွာ ေတြ႕ရွိၿပီးေနာက္ တ႐ုတ္ျမန္မာ နယ္စပ္ မူဆယ္ၿမိဳ႕မွာေတာ့ အေျခအေနဟာ ေအးေဆးတည္ၿငိမ္ေနဆဲျဖစ္တယ္လို႔ မူဆယ္ၿမိဳ႕ ေဒသခံေတြက ဆိုၾကပါတယ္။ “မူဆယ္မွာေတာ့ အေရာင္းအဝယ္လုပ္ေနတာ ေတြရွိေပမယ့္ ဝယ္လက္ကမရွိဘူး၊ ေရာက္ၿပီးသားကားေတြထဲ ရသမွ်ေဈးနဲ႔ ေရာင္းရင္း ေရာင္းမထြက္ေသးတဲ့ဟာေတြေတာ့ ရွိပါတယ္၊ တအားႀကီးေတာ့ မ်ားမ်ားစားစားေတာ့ မဟုတ္ဘူး” လို႔ မူဆယ္ၿမိဳ႕ သစ္သီးဝလံကုန္စည္ဒိုင္တစ္ဦးျဖစ္တဲ့ ေဒၚရီရီခိုင္က ဆိုပါတယ္။

နယ္စပ္ကုန္သြယ္ေရး အဓိကဝင္ေပါက္ ျဖစ္နတာေၾကာင့္ ျမန္မာဘက္ျခမ္း မူဆယ္မွာေတာ့ အသြားအလာ ျပတ္ေတာက္တာ မရွိဘဲ ပုံမွန္အတိုင္းသြားလာေရာင္းဝယ္ေနၾကပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္ဘက္ျခမ္းမွာေတာ့ ႏွစ္သစ္ကူးရာသီ ျဖစ္ေနတဲ့အျပင္ ဝူဟန္ ဗိုင္းရပ္စ္ ကိစၥျဖစ္ေနတာေၾကာင့္ ကုန္စည္ေတြကို တ႐ုတ္ဘက္ျခမ္းကေန လာေရာက္ဝယ္ယူမယ့္သူ မရွိဘူးလို႔ ကုန္သည္ေတြက ေျပာဆိုခဲ့ၾကတာပါ။

ဝူဟန္ဗိုင္းရပ္စ္ကိစၥေၾကာင့္ နယ္စပ္ဂိတ္ေတြျဖစ္တဲ့ နန္းေတာ္ဂိတ္ ၊ ဆင္ျဖဴဂိတ္နဲ႔မန္ဝိန္းဂိတ္ေတြမွာေတာ့ အဝင္အထြက္ေတြကို တ႐ုတ္ အာဏာပိုင္ေတြ ဘက္ကေန တင္းတင္းက်ပ္က်ပ္စစ္ေဆးေနေပမယ့္ ျမန္မာဘက္က စစ္ေဆးေနတာေတြကိုေတာ့ ေက်နပ္အားရမႈ မရွိဘူးလို႔ မူဆယ္ၿမိဳ႕ ဂ႐ုဏာလူမႈကူညီေရး အသင္း ဥကၠဌ ဦးေသာင္းထြန္းက ေျပာဆိုထားပါတယ္။

ဇန္နဝါရီ ၂၇ ရက္ေန႔ ေန႔လည္ပိုင္းက ႏွစ္ႏိုင္ငံလူဝင္လူထြက္စစ္ေဆးေရးဂိတ္ေတြျဖစ္တဲ့ ဆင္ျဖဴဂိတ္နဲ႔ မန႔္ဝိန္းဂိတ္ေတြမွာ အပူခ်ိန္ လြန္ကဲတဲ့ လူနာ ၂ ဦးကို ေတြ႕ခဲ့ၿပီး စစ္ေဆးခဲ့ရာမွာေတာ့ သာမန္ဖ်ားနာတာျဖစ္လို႔ တစ္ေယာက္ကို ျပန္လႊတ္ ေပးလိုက္ၿပီး  က်န္တဲ့ တစ္ေယာက္ကိုေတာ့ မူဆယ္ေဆး႐ုံမွာ အတြင္းလူနာအျဖစ္ ေစာင့္ၾကည့္ၾကပ္မက္ကုသ ေပးေန တယ္လို႔ သိရပါတယ္။

တ႐ုတ္- ျမန္မာ နယ္စပ္ မူဆယ္ႏွင့္ထိစပ္ေနတဲ့ တ႐ုတ္ဘက္ကမ္း ေ႐ႊလီၿမိဳ႕ မွာ ဇန္နဝါရီ ၂၆ ရက္ေန႔က စၿပီး ပန္းၿခံေတြ၊ ဟိုတယ္ေတြနဲ႔ ကစားဝိုင္းေတြ အားလုံးကို ေခတၱပိတ္ထားမွာ ျဖစ္ၿပီး အခမ္းအနားနဲ႔ ပြဲလမ္းသဘင္ ျပဳလုပ္တာကို ပိတ္ပင္ထားပါတယ္။ဒါေပမယ့္ လည္း က်န္းမာေရးဝန္ႀကီးဌာနဘက္ကေတာ့ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္မႈ မရွိေစဖို႔ က်န္းမာေရးစစ္ေဆးမႈေတြကို နယ္စပ္ဂိတ္ေတြနဲ႔ ေလဆိပ္ေတြမွာ အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ကမာၻ႔ႏိုင္ငံတခ်ိဳ႕မွာေတာ့ ဝူဟန္ဗိုင္းရပ္စ္ပိုး ကူးစက္ခံရတဲ့လူနာေတြကို ေတြ႕ရွိေနရတဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း ႏိုင္ငံတစ္ခ်ိဳ႕မွာ လည္း ေရာဂါကူးစက္ခံထားရတဲ့ လူနာေတြရွိေနေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ဒီဗိုင္းရပ္စ္ပိုး ကူးစက္တာ မရွိေသးဘူးလို႔ အာဏာပိုင္ ေတြက ေျပာဆိုထားပါတယ္။

လက္ရွိအခ်ိန္အထိ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရဟာ ၁၀၆ ဦးအထိ ရွိလာေနၿပီး ကူးစက္ခံရတဲ့ လူနာေပါင္းဟာ ၄၅၁၅ ဦး အထိ ရွိလာေနၿပီးျဖစ္တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက အတည္ျပဳထုတ္ျပန္ထားပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ - မူဆယ္ၿမိဳ႕ သစ္သီးဝလံကုန္စည္ဒိုင္
ရန္ကုန္ ၊ ဇန္နဝါရီ ၂၈