လျှပ်စစ်လေလွင့်ပြုန်းတီးမှုလျော့ကျစေရန် ဓါတ်အားလိုင်းကွန်ရက်ကို အဆင့်မြှင့်တင်ရန်လိုအပ်နေ

လျှပ်စစ်လေလွင့်ပြုန်းတီးမှုလျော့ကျစေရန် ဓါတ်အားလိုင်းကွန်ရက်ကို အဆင့်မြှင့်တင်ရန်လိုအပ်နေ

မြန်မာနိုင်ငံတွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် ပင်မလျှပ်စစ်ကွန်ရက်သည် အမျိုးအစားများ များစွာ ကွဲပြားနေပြီး လျှပ်စစ်ပြုန်းတီးမှု များပြားသည့် ၆၆kv လျှပ်ပတ်လမ်းများကို သုံးစွဲမှု များပြားနေခြင်းကြောင့် လျှပ်စစ်ဆုံးရှုံးမှု ပိုမိုများပြားနေရလျှက်ရှိတယ်လို့ လျှပ်စစ်ဓာတ်အားပညာရှင်တွေက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတော်က ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားတွေကို ပေးပို့သည့် အဓိကကွန်ရက် အဖြစ် ၂၃၀ KV ၊ ၁၃၂ kv ၊ ၆၆ kv စသည်ဖြင့် ဗို့အားများကိုသုံးစွဲနေခြင်းဖြစ်ပြီး လျှပ်စစ်ပေးပို့သည့် လမ်းကြောင်းကို ဗို့အားအဆင့်မြင့်မြင့်သုံးစွဲပါက ဓာတ်အားကို ဆုံးရှုံးသည့်ပမာဏကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ၂၃၀kV အဆင့်ရှိ လျှပ်စစ်ပေးပို့သည့် ပတ်လမ်း ၅၉ခု၊ အရှည်မိုင် ၂၆၀၃.၅၁မိုင်၊ ဓာတ်အားခွဲရုံ၄၆ရုံ ရှိနေကာ ၁၃၂kV အဆင့်ရှိ လျှပ်စစ်ပေးပို့သည့် ပတ်လမ်း၄၀ခု၊ အရှည်မိုင် ၁၃၆၆.၆၈မိုင်၊ ဓာတ်အားခွဲရုံ၃၆ရုံ ရှိနေပြီး ၆၆kV အဆင့်ရှိ လျှပ်စစ်ပေးပို့သည့် ပတ်လမ်း ၁၆၆ခု၊ အရှည်မိုင် ၃၀၃၄.၆၂မိုင်၊ ဓာတ်အား ခွဲရုံ၁၄၀ရုံ ရှိနေကြောင်း၊ အဆိုပါ အချက်အလက်များအရ လျှပ်စစ်လေလွင့်ဆုံးရှုံးမှု နည်းပါးသည့် ဗို့အားမြင့် ၂၃၀kv လျှပ်စစ် ပေးပို့ သည့် ပတ်လမ်းသည် တစ်နိုင်ငံလုံး၏ လျှပ်စစ်ပတ်လမ်းစုစုပေါင်း၏ ၂၅% အောက်သာ ရှိနေခဲ့သဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၏ ထုတ်ပြန်ထားချက်အရလျှပ်စစ်ပေးပို့ဖြန့်ဖြူးရာမှာ တစ်နှစ်လျှင်ဆုံးရှုံးမှု ရာခိုင်နှုန်း အားဖြင့် ၁၅% အထိ ရှိနေကြောင်း ဆိုပါတယ်။
 
 လျှပ်စစ်ပေးပို့ဖြန့်ဖြူးရာတွင် ဆုံးရှုံးမှုအနေဖြင့် တရုတ်နိုင်ငံတွင် ၆.၆၆ %၊ ဂျပန်နိုင်ငံတွင် ၄.၆၂ %၊ အမေရိကန်နိုင်ငံတွင် ၆.၅၆%၊ ဂျာမနီနိုင်ငံတွင် ၄.၃၆% အထိ ရှိနေချိန်တွင် မြန်မာနိုင်ငံ ၌ လျှပ်စစ်ဓာတ်အား ဆုံးရှုံးသည့်ရာခိုင်နူန်းမှာ  ၁၅% ဖြစ်နေသဖြင့်  မြင့်မား သည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် လျှပ်စစ်ပေးပို့နိုင် စွမ်းနည်းပါးသည့် ၆၆kv လျှပ်ပတ်လမ်းကို လျော့ချကာ ၁၃၂kv သို့မဟုတ် ၂၃၀ kv လျှပ်ပတ်လမ်းကို တိုးမြှင့်ပါက သုံးစွဲနိုင်သည့် လျှပ်စစ်ပမာဏ တိုးပွားလာမည် ဖြစ်ကာ မြန်မာနိုင်ငံတွင်လိုအပ်နေသည့် ဓါတ်အားသုံးစွဲမှုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်တယ်ဆိုပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ၅၀ % သည် လျှပ်စစ်ဓါတ်အားကို သုံးစွဲနိုင်ခြင်း မရှိသေးဘဲ ကုန်သွယ်ရေး လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ အကြီးစားလယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့အတွက်လုံလောက်သည့် လျှပ်စစ်ဓာတ်အားကို မထောက်ပံ့နိုင်သောကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ဆောင်ရာတွင် အကန့်အသတ်များ ရှိနေသဖြင့် လျှပ်စစ်ကွန်ရက်စနစ်ကိုမဖြစ်မနေ မြှင့်တင်ရန်လိုအပ်နေပြီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဇန်နဝါရီ ၂၂

Photo Credit:Wikipedia

 

(   Zawgyi  )

 ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ျဖန႔္ျဖဴးေပးေနသည့္ ပင္မလွ်ပ္စစ္ကြန္ရက္သည္ အမ်ိဳးအစားမ်ား မ်ားစြာ ကြဲျပားေနၿပီး လွ်ပ္စစ္ျပဳန္းတီးမႈ မ်ားျပားသည့္ ၆၆kv လွ်ပ္ပတ္လမ္းမ်ားကို သုံးစြဲမႈ မ်ားျပားေနျခင္းေၾကာင့္ လွ်ပ္စစ္ဆုံးရႈံးမႈ ပိုမိုမ်ားျပားေနရလွ်က္ရွိတယ္လို႔ လွ်ပ္စစ္ဓာတ္အားပညာရွင္ေတြက ဆိုပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေတာ္က ထုတ္လုပ္သည့္ လွ်ပ္စစ္ဓါတ္အားေတြကို ေပးပို႔သည့္ အဓိကကြန္ရက္ အျဖစ္ ၂၃၀ KV ၊ ၁၃၂ kv ၊ ၆၆ kv စသည္ျဖင့္ ဗို႔အားမ်ားကိုသုံးစြဲေနျခင္းျဖစ္ၿပီး လွ်ပ္စစ္ေပးပို႔သည့္ လမ္းေၾကာင္းကို ဗို႔အားအဆင့္ျမင့္ျမင့္သုံးစြဲပါက ဓာတ္အားကို ဆုံးရႈံးသည့္ပမာဏကို ေလ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း ၂၃၀kV အဆင့္ရွိ လွ်ပ္စစ္ေပးပို႔သည့္ ပတ္လမ္း ၅၉ခု၊ အရွည္မိုင္ ၂၆၀၃.၅၁မိုင္၊ ဓာတ္အားခြဲ႐ုံ၄၆႐ုံ ရွိေနကာ ၁၃၂kV အဆင့္ရွိ လွ်ပ္စစ္ေပးပို႔သည့္ ပတ္လမ္း၄၀ခု၊ အရွည္မိုင္ ၁၃၆၆.၆၈မိုင္၊ ဓာတ္အားခြဲ႐ုံ၃၆႐ုံ ရွိေနၿပီး ၆၆kV အဆင့္ရွိ လွ်ပ္စစ္ေပးပို႔သည့္ ပတ္လမ္း ၁၆၆ခု၊ အရွည္မိုင္ ၃၀၃၄.၆၂မိုင္၊ ဓာတ္အား ခြဲ႐ုံ၁၄၀႐ုံ ရွိေနေၾကာင္း၊ အဆိုပါ အခ်က္အလက္မ်ားအရ လွ်ပ္စစ္ေလလြင့္ဆုံးရႈံးမႈ နည္းပါးသည့္ ဗို႔အားျမင့္ ၂၃၀kv လွ်ပ္စစ္ ေပးပို႔ သည့္ ပတ္လမ္းသည္ တစ္ႏိုင္ငံလုံး၏ လွ်ပ္စစ္ပတ္လမ္းစုစုေပါင္း၏ ၂၅% ေအာက္သာ ရွိေနခဲ့သျဖင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ၏ ထုတ္ျပန္ထားခ်က္အရလွ်ပ္စစ္ေပးပို႔ျဖန႔္ျဖဴးရာမွာ တစ္ႏွစ္လွ်င္ဆုံးရႈံးမႈ ရာခိုင္ႏႈန္း အားျဖင့္ ၁၅% အထိ ရွိေနေၾကာင္း ဆိုပါတယ္။
 
 လွ်ပ္စစ္ေပးပို႔ျဖန႔္ျဖဴးရာတြင္ ဆုံးရႈံးမႈအေနျဖင့္ တ႐ုတ္ႏိုင္ငံတြင္ ၆.၆၆ %၊ ဂ်ပန္ႏိုင္ငံတြင္ ၄.၆၂ %၊ အေမရိကန္ႏိုင္ငံတြင္ ၆.၅၆%၊ ဂ်ာမနီႏိုင္ငံတြင္ ၄.၃၆% အထိ ရွိေနခ်ိန္တြင္ ျမန္မာႏိုင္ငံ ၌ လွ်ပ္စစ္ဓာတ္အား ဆုံးရႈံးသည့္ရာခိုင္ႏူန္းမွာ  ၁၅% ျဖစ္ေနသျဖင့္  ျမင့္မား သည့္ အေျခအေနတြင္ ေရာက္ရွိေနသျဖင့္ လွ်ပ္စစ္ေပးပို႔ႏိုင္ စြမ္းနည္းပါးသည့္ ၆၆kv လွ်ပ္ပတ္လမ္းကို ေလ်ာ့ခ်ကာ ၁၃၂kv သို႔မဟုတ္ ၂၃၀ kv လွ်ပ္ပတ္လမ္းကို တိုးျမႇင့္ပါက သုံးစြဲႏိုင္သည့္ လွ်ပ္စစ္ပမာဏ တိုးပြားလာမည္ ျဖစ္ကာ ျမန္မာႏိုင္ငံတြင္လိုအပ္ေနသည့္ ဓါတ္အားသုံးစြဲမႈျပႆနာကို ေျဖရွင္းႏိုင္မည္ျဖစ္တယ္ဆိုပါတယ္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ၅၀ % သည္ လွ်ပ္စစ္ဓါတ္အားကို သုံးစြဲႏိုင္ျခင္း မရွိေသးဘဲ ကုန္သြယ္ေရး လုပ္ငန္း၊ စက္မႈလက္မႈလုပ္ငန္း၊ အႀကီးစားလယ္ယာစိုက္ပ်ိဳးေရး လုပ္ငန္းတို႔အတြက္လုံေလာက္သည့္ လွ်ပ္စစ္ဓာတ္အားကို မေထာက္ပံ့ႏိုင္ေသာေၾကာင့္ စီးပြားေရး ဖြံ႕ၿဖိဳးမႈ လုပ္ေဆာင္ရာတြင္ အကန႔္အသတ္မ်ား ရွိေနသျဖင့္ လွ်ပ္စစ္ကြန္ရက္စနစ္ကိုမျဖစ္မေန ျမႇင့္တင္ရန္လိုအပ္ေနၿပီျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဇန္နဝါရီ ၂၂

Photo Credit:Wikipedia