လူထုအပေါ် ဆက်ဆံရာမှာ ပြေပြစ်မှုမရှိပဲ မောက်မာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၀ မှာ ဆက်လက်ပါနိုင်ဖို့ မသေချာဟု မုံရွာဦးအောင်ရှင် ပြောကြား

လူထုအပေါ် ဆက်ဆံရာမှာ ပြေပြစ်မှုမရှိပဲ မောက်မာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၀ မှာ ဆက်လက်ပါနိုင်ဖို့ မသေချာဟု မုံရွာဦးအောင်ရှင် ပြောကြား

လူထုအပေါ်ဆက်ဆံရာမှာ ပြေပြစ်မှုမရှိပဲ မောက်မာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ၂၀၂၀ မှာဆက်လက် ပါနိုင်ဖို့မသေချာဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုပြန်ကြားရေးကော်မတီ  အတွင်းရေးမှူး မုံရွာဦးအောင်ရှင် ကပြောကြားလိုက်ပါတယ်။

“ပါတီစည်းကမ်းအရ အရေးယူထားတဲ့သူတွေရှိတယ်။အရေးယူရာမှာ ပုံစံတော့ အမျိုးမျိုးပေါ့ဗျာ သူ့အဆင့်နဲ့သူ အရေးယူရတာပေါ့။နုတ်နဲ့အရေးယူရတာရှိသလို စာနဲ့ပေနဲ့ ထုတ်ပြီးအရေးယူရတာရှိတယ်။ နောက်တစ်ခုက ပါတီကနေထုတ်ပစ်ပြီးတော့ အရေးယူရတာ ရာထူးချပြီးတော့ အရေးယူရတာတွေရှိပါတယ်၊တာဝန်ကနေ ရပ်စဲတာရှိပါတယ်။အဲ့ဟာတွေကတော့ ကျနော်တို့က သူ့အဆင့်နဲ့သူပဲ စဉ်းစားကြလိမ့်မယ်လို့ထင်ပါတယ်။ ပါတီကထုတ်ပစ်ရတဲ့သူတွေ အကြိမ်ကြိမ် တာဝန်ကနေ ရပ်စဲခံရတဲ့သူတွေ ကတော့ ရှေ့ဆက်ပါဖို့မလွယ်ဘူးဗျာ့။နောက်တစ်ချက်ကတော့ လွှတ်တော်ကိုယ်စားလှယ် တွေပေါ့လေ ရှိပြီးသားလွှတ်တေ်ာကိုယ်စားလှယ်တွေထဲက လူထုနဲ့ဆက်ဆံရာမှာ မပြေပြစ်တာတွေ လူထုရဲ့ လုပ်ငန်းတွေမှာမသွားရောက်တဲ့သူတွေလူထုအပေါ်မှာမောက်မာစွာဆက်ဆံတဲ့သူတွေ ပြည်သူလူထုတွေဆီကိုမဆင်းတဲ့သူတွေကတော့ ၂၀၂၀ မှာပါနိုင်ဖို့ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။”လို့ မုံရွာဦးအောင်ရှင် ကပြောကြားခဲ့ပါတယ်။

ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးကာလတွင် လှုပ်ရှားဆောင်ရွက်နိုင်ရေးကိစ္စတွေနဲ့ပတ်သက်လည်း ဒီကနေ့ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပမယ့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးဖို့ရှိနေတယ်လို့လည်း ၎င်းကဆိုပါတယ်။

“စည်းရုံးရေးကိစ္စတွေကတော့ တရားဝင်မပြောသေးဘူးပေါ့လေ။ပြောရရင် ဒီကနေ့မှာ ဗဟိုကော်မတီအစည်းအဝေးရှိပါတယ်။ အဲ့ဒီအစည်းအဝေးပြီးရင်တော့ ဒီဗျုဟာတွေ ချဖြစ်မယ်ထင်ပါတယ်။ကျနော်တို့ ၂၀၂၀ မှာအနိုင်ရမယ်လို့ပြောတာက ဘာလဲဆိုတော့ ကျနော်တို့ကလောလောဆယ်မှာရွေးကောက်ပွဲအောင်နိုင်ရေး ဗျုဟာတွေ မချနိုင်သေးပေမယ့်လို့ အဆင်သင့်ဖြစ်ပြီးသားပဲ။ကျနော်တို့မှာ အကုန်လုံးအဆင်သင့်ဖြစ်ပြီးသားပါပဲ ပါတီအနေနဲ့ တကယ်လို့ ဗျုဟာကို အကောင်အထည်ဖော်တော့မယ်ဆိုရင် အသုံးချနိုင်တဲ့ လုပ်ငန်းကော်မတီတွေကလည်း အဆင့်သင့်ဖြစ်နေပါပြီ။ ဥပမာ - လူငယ်ဆိုလည်း လူငယ်လုပ်ငန်းကော်မတီ ရှိတယ် အမျိုးသမီးဆိုလည်းအမျိုးသမီးလုပ်ငန်းကော်မတီရှိတယ်။အဲ့ဒီဟာတွေရှိနေတဲ့အခါကျတော့ ကျနော်တို့က အထူးသိပ်ပြင်ဆင်စရာလိုလိမ့်မယ်လို့ မထင်ပါဘူး။ဒါကြောင့် ကျနော်တို့က ပြောတာပါ ၂၀၂၀ မှာလည်းကျနော်တို့ အနိုင်ရဖို့ အခြေအနေရှိနေတယ်လို့ပြောတာပါ။” လို့ မုံရွာဦးအောင်ရှင် က Opinion Leaders Media သို့ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

လူထုအေပၚဆက္ဆံရာမွာ ေျပျပစ္မႈမရွိပဲ ေမာက္မာတဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၂၀၂၀ မွာဆက္လက္ ပါႏိုင္ဖို႔မေသခ်ာဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ဗဟိုျပန္ၾကားေရးေကာ္မတီ  အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားလိုက္ပါတယ္။

“ပါတီစည္းကမ္းအရ အေရးယူထားတဲ့သူေတြရွိတယ္။အေရးယူရာမွာ ပုံစံေတာ့ အမ်ိဳးမ်ိဳးေပါ့ဗ်ာ သူ႔အဆင့္နဲ႔သူ အေရးယူရတာေပါ့။ႏုတ္နဲ႔အေရးယူရတာရွိသလို စာနဲ႔ေပနဲ႔ ထုတ္ၿပီးအေရးယူရတာရွိတယ္။ ေနာက္တစ္ခုက ပါတီကေနထုတ္ပစ္ၿပီးေတာ့ အေရးယူရတာ ရာထူးခ်ၿပီးေတာ့ အေရးယူရတာေတြရွိပါတယ္၊တာဝန္ကေန ရပ္စဲတာရွိပါတယ္။အဲ့ဟာေတြကေတာ့ က်ေနာ္တို႔က သူ႔အဆင့္နဲ႔သူပဲ စဥ္းစားၾကလိမ့္မယ္လို႔ထင္ပါတယ္။ ပါတီကထုတ္ပစ္ရတဲ့သူေတြ အႀကိမ္ႀကိမ္ တာဝန္ကေန ရပ္စဲခံရတဲ့သူေတြ ကေတာ့ ေရွ႕ဆက္ပါဖို႔မလြယ္ဘူးဗ်ာ့။ေနာက္တစ္ခ်က္ကေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြေပါ့ေလ ရွိၿပီးသားလႊတ္ေတ္ာကိုယ္စားလွယ္ေတြထဲက လူထုနဲ႔ဆက္ဆံရာမွာ မေျပျပစ္တာေတြ လူထုရဲ႕ လုပ္ငန္းေတြမွာမသြားေရာက္တဲ့သူေတြလူထုအေပၚမွာေမာက္မာစြာဆက္ဆံတဲ့သူေတြ ျပည္သူလူထုေတြဆီကိုမဆင္းတဲ့သူေတြကေတာ့ ၂၀၂၀ မွာပါႏိုင္ဖို႔ သိပ္မလြယ္ဘူးလို႔ ထင္ပါတယ္။”လို႔ မုံ႐ြာဦးေအာင္ရွင္ ကေျပာၾကားခဲ့ပါတယ္။

ထို႔အတူ ၂၀၂၀ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ စည္း႐ုံးေရးကာလတြင္ လႈပ္ရွားေဆာင္႐ြက္ႏိုင္ေရးကိစၥေတြနဲ႔ပတ္သက္လည္း ဒီကေန႔ စက္တင္ဘာ ၂၁ ရက္တြင္ က်င္းပမယ့္ ဗဟိုေကာ္မတီအစည္းအေဝးမွာ ေဆြးေႏြးဖို႔ရွိေနတယ္လို႔လည္း ၎ကဆိုပါတယ္။

“စည္း႐ုံးေရးကိစၥေတြကေတာ့ တရားဝင္မေျပာေသးဘူးေပါ့ေလ။ေျပာရရင္ ဒီကေန႔မွာ ဗဟိုေကာ္မတီအစည္းအေဝးရွိပါတယ္။ အဲ့ဒီအစည္းအေဝးၿပီးရင္ေတာ့ ဒီဗ်ဳဟာေတြ ခ်ျဖစ္မယ္ထင္ပါတယ္။က်ေနာ္တို႔ ၂၀၂၀ မွာအႏိုင္ရမယ္လို႔ေျပာတာက ဘာလဲဆိုေတာ့ က်ေနာ္တို႔ကေလာေလာဆယ္မွာေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဗ်ဳဟာေတြ မခ်ႏိုင္ေသးေပမယ့္လို႔ အဆင္သင့္ျဖစ္ၿပီးသားပဲ။က်ေနာ္တို႔မွာ အကုန္လုံးအဆင္သင့္ျဖစ္ၿပီးသားပါပဲ ပါတီအေနနဲ႔ တကယ္လို႔ ဗ်ဳဟာကို အေကာင္အထည္ေဖာ္ေတာ့မယ္ဆိုရင္ အသုံးခ်ႏိုင္တဲ့ လုပ္ငန္းေကာ္မတီေတြကလည္း အဆင့္သင့္ျဖစ္ေနပါၿပီ။ ဥပမာ - လူငယ္ဆိုလည္း လူငယ္လုပ္ငန္းေကာ္မတီ ရွိတယ္ အမ်ိဳးသမီးဆိုလည္းအမ်ိဳးသမီးလုပ္ငန္းေကာ္မတီရွိတယ္။အဲ့ဒီဟာေတြရွိေနတဲ့အခါက်ေတာ့ က်ေနာ္တို႔က အထူးသိပ္ျပင္ဆင္စရာလိုလိမ့္မယ္လို႔ မထင္ပါဘူး။ဒါေၾကာင့္ က်ေနာ္တို႔က ေျပာတာပါ ၂၀၂၀ မွာလည္းက်ေနာ္တို႔ အႏိုင္ရဖို႔ အေျခအေနရွိေနတယ္လို႔ေျပာတာပါ။” လို႔ မုံ႐ြာဦးေအာင္ရွင္ က Opinion Leaders Media သို႔ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ စက္တင္ဘာ - ၂၁