လက်ရှိအစိုးရလက်ထက် (၃)နှစ်ခွဲ ကာလ အတွင်း အိမ်ထောင်စုပေါင်း (၁.၇၅)သန်း လျှပ်စစ်ဓာတ်အားထပ်မံ တိုးတက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ ဟုဆို။

 လက်ရှိအစိုးရလက်ထက် (၃)နှစ်ခွဲ ကာလ အတွင်း အိမ်ထောင်စုပေါင်း (၁.၇၅)သန်း လျှပ်စစ်ဓာတ်အားထပ်မံ တိုးတက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ ဟုဆို။

လက်ရှိအစိုးရလက်ထက်၂၀၁၉ခုနှစ်၊ဒီဇင်ဘာလအထိ (၃)နှစ်ခွဲကာလအတွင်းအိမ်ထောင်စုပေါင်း(၁.၇၅)သန်း လျှပ်စစ်ဓာတ်အား ထပ်မံ တိုးတက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ကျေးလက်လျပ်စစ်ဓာတ်အားရရှိရေး စီမံဆောင်ရွက်နေသူ အင်ဂျင်နီယာချုပ် ဦးသူရအောင်မိုးမှ ပြောပါတယ်။

ယနေ့နံနက်ပိုင်း၊နေပြည်တော်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ လျှပ်စစ်ရရှိမှုအခြေအနေနှင့်ပတ်သက်၍ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အနေနှင့်မြို့နယ်ပေါင်း (၄၈၉)မြို့၊ ကျေးရွာပေါင်း (၆၃၂၇၇)ရွာနှင့် အိမ်ထောင်စုအရေ အတွက်ပေါင်း (၁၀၈၇၇၈၃၂)စုရှိပါတယ်၊မြန်မာတစ်နိုင်ငံလုံးတိုင်းသေကြီးပြည်နယ်အားလုံးတွင်ဓာတ်အား စနစ်မှ အိမ်ထောင်စု အလိုက်ဓာတ်အား ရရှိမှုအနေနှင့်၂၀၁၅-၂၀၁၆ခုနှစ်မှာအိမ်ထောင်စုပေါင်း(၃.၆၉၈)သန်း၊ ၂၀၁၆ -၂၀၁၇ခုနှစ်မှာ (၄.၁၁၁)သန်း၊၂၀၁၇-၂၀၁၈ခုနှစ်မှာ အိမ်ထောင်စုပေါင်း(၄.၃၃၇)သန်း၊၂၀၁၈-၂၀၁၉ခုနှစ်မှာ အိမ်ထောင်စုပေါင်း(၅.၁၄)သန်း ၂၀၁၉-နိုဝင်ဘာလတွင် အိမ်ထောင်စုပေါင်း (၅.၃၅၆) သန်းဓာတ်အားစနစ်မှ ဓာတ်အား ရရှိခဲ့ပြီး၊၂၀၁၉ခုနှစ်ဒီဇင်ဘာလအတွင်းတိုင်းဒေသကြီးပြည်နယ်များအားလုံးတွင် နောက်ထပ်မီးသုံး စွဲသူ အိမ်ထောင်စုပေါင်း(၉၀၀၀၀)ကျော်ခန့်ထပ်မံ၍ဓာတ်အားရရှိမည်ဖြစ်သည့် အတွက်၂၀၁၉ခုနှစ် ဒီဇင်ဘာလ အတွင်းအိမ်ထောင်စုစုစုပေါင်း(၅ ၄၄၈ ၇၀၆)ဓာတ်အားရရှိမည်ဖြစ်ပြီး၊မြန်မာတစ်နိုင်ငံလုံးအိမ်ထောင်စု ၏ (၅၀.၀၉%)ဓာတ်အားရ ရှိပြီးဖြစ်ကြောင်းသတင်းကောင်းပါးလိုပါတယ်။

မြန်မာနိုင်ငံရဲ့ဓာတ်အား စနစ်မှ အိမ်ထောင်စုများဓာတ်အားရရှိခဲ့မှု မှတ်တမ်းများပြန်ကြည့်မည် ဆိုပါက ၂၀၁၅-၁၆ခုနှစ်မှာ အိမ်ထောင် စုပေါင်း (၃.၇)သန်း(၃၄%)ရှိပြီး၊၂၀၁၉ခုနှစ်၊ဒီဇင် ဘာလမှာအိမ်ထောင်စုပေါင်း(၅.၄၄၈)သန်း(၅၀.၀၉%)ဓာတ်အား ရရှိတော့ မှာ ဖြစ်သည့်အတွက်၂၀၁၆-၂၀၁၇ခု နှစ်မှ၂၀၁၉-ခုနှစ်ဒီဇင်ဘာလအထိလက်ရှိအစိုးရသစ်လက် ထက် (၃)နှစ်ခွဲကာလ အတွင်း အိမ်ထောင်စု ပေါင်း(၁.၇ ၅)သန်း (၁၆.၀၉%) ထပ်မံတိုတက်ဓာတ်အားရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စု (၅၀%)ကျော် အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်ပြည်သူ၊ နိုင်ငံတော်အစိုးရနဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ရဲ့ အောင်ပွဲတစ်ရပ် အဖြစ် မှတ်ယူရမှာဖြစ်ပါတယ်၊ မြန်မာတစ် နိုင်ငံလုံးအိမ်ထောင်စု၏(၅၀%) ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်း အထမ်းအမှတ် အခမ်း အနား ကိုနေပြည် တော်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှာဒီဇင်ဘာလ(၁၂)ရက်နေ့နှင့်(၁၃)ရက်နေ့များတွင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ် ”ဟု အင်ဂျင်နီယာချုပ်ဦးသူရအောင်မိုးမှပြောပါတယ်။

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အထိ(၃)နှစ်ခွဲတာ ကာလအတွင်း ကျေးလက် မီးလင်း ရေးလုပ်ငန်:များကို ပိုမိုတိုးမြင့်ဆောင်ရွက် လိုတာကြောင့် နိုင်ငံတော်အစိုးရအနေနှင့်နိုင်ငံတကာ ချေး ငွေနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ ဘက်ဂျက် များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍအတွက် ဘတ်ဂျက် များပိုမိုခွင့်ပြုပေးပြီး နိုင်ငံတော် ဘတ်ဂျက်ကျပ် (၁၉၆.၈၀၉) ဘီလီယံ၊ world Bank,ADB,JICA စသည့် နိုင်ငံတကာ ချေးငွေကျပ် (၂၀၀.၁၄၂)ဘီလီယံနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ ဘတ်ဂျက်ကျပ်(၅၂၀.၃၀၁) ဘီလီယံ၊ စုစုပေါင်းကျပ်(၉၁၇.၂၅၂)ဘီလီယံတိုးတက်သုံးစွဲ၍လုပ်ငန်းများအားအကောင်အထည်ဖော်နိုင်ခဲ့ သဖြင့် ယခုကဲ့သို့အောင်မြင်မှုများရရှိလာခြင်းဖြစ်ကြောင်း၊ထပ်မံပြီး၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက်ကိုလည်း ပြည် ထောင်စုဘတ် ဂျက်၊နိုင်ငံတကာချေးငွေနှင့်တိုင်းဒေသကြီးပြည်နယ်ဘတ်ဂျက်စုစုပေါင်း ကျပ်(၆၆၂.၂၅၉)ဘီလီယံ အား ခွင့်ပြုထားပြီးဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဒီဇင်ဘာ-၅

(  Zawgyi  )

လက္ရွိအစိုးရလက္ထက္၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလအထိ (၃)ႏွစ္ခြဲကာလအတြင္းအိမ္ေထာင္စုေပါင္း(၁.၇၅)သန္း လွ်ပ္စစ္ဓာတ္အား ထပ္မံ တိုးတက္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေၾကာင္း ေက်းလက္လ်ပ္စစ္ဓာတ္အားရရွိေရး စီမံေဆာင္႐ြက္ေနသူ အင္ဂ်င္နီယာခ်ဳပ္ ဦးသူရေအာင္မိုးမွ ေျပာပါတယ္။

ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္၊လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနတြင္ က်င္းပျပဳလုပ္သည္ သတင္းစာရွင္းလင္းပြဲတြင္ ျမန္မာႏိုင္ငံ လွ်ပ္စစ္ရရွိမႈအေျခအေနႏွင့္ပတ္သက္၍ယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလုံး အေနႏွင့္ၿမိဳ႕နယ္ေပါင္း (၄၈၉)ၿမိဳ႕၊ ေက်း႐ြာေပါင္း (၆၃၂၇၇)႐ြာႏွင့္ အိမ္ေထာင္စုအေရ အတြက္ေပါင္း (၁၀၈၇၇၈၃၂)စုရွိပါတယ္၊ျမန္မာတစ္ႏိုင္ငံလုံးတိုင္းေသႀကီးျပည္နယ္အားလုံးတြင္ဓာတ္အား စနစ္မွ အိမ္ေထာင္စု အလိုက္ဓာတ္အား ရရွိမႈအေနႏွင့္၂၀၁၅-၂၀၁၆ခုႏွစ္မွာအိမ္ေထာင္စုေပါင္း(၃.၆၉၈)သန္း၊ ၂၀၁၆ -၂၀၁၇ခုႏွစ္မွာ (၄.၁၁၁)သန္း၊၂၀၁၇-၂၀၁၈ခုႏွစ္မွာ အိမ္ေထာင္စုေပါင္း(၄.၃၃၇)သန္း၊၂၀၁၈-၂၀၁၉ခုႏွစ္မွာ အိမ္ေထာင္စုေပါင္း(၅.၁၄)သန္း ၂၀၁၉-ႏိုဝင္ဘာလတြင္ အိမ္ေထာင္စုေပါင္း (၅.၃၅၆) သန္းဓာတ္အားစနစ္မွ ဓာတ္အား ရရွိခဲ့ၿပီး၊၂၀၁၉ခုႏွစ္ဒီဇင္ဘာလအတြင္းတိုင္းေဒသႀကီးျပည္နယ္မ်ားအားလုံးတြင္ ေနာက္ထပ္မီးသုံး စြဲသူ အိမ္ေထာင္စုေပါင္း(၉၀၀၀၀)ေက်ာ္ခန႔္ထပ္မံ၍ဓာတ္အားရရွိမည္ျဖစ္သည့္ အတြက္၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ အတြင္းအိမ္ေထာင္စုစုစုေပါင္း(၅ ၄၄၈ ၇၀၆)ဓာတ္အားရရွိမည္ျဖစ္ၿပီး၊ျမန္မာတစ္ႏိုင္ငံလုံးအိမ္ေထာင္စု ၏ (၅၀.၀၉%)ဓာတ္အားရ ရွိၿပီးျဖစ္ေၾကာင္းသတင္းေကာင္းပါးလိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ဓာတ္အား စနစ္မွ အိမ္ေထာင္စုမ်ားဓာတ္အားရရွိခဲ့မႈ မွတ္တမ္းမ်ားျပန္ၾကည့္မည္ ဆိုပါက ၂၀၁၅-၁၆ခုႏွစ္မွာ အိမ္ေထာင္ စုေပါင္း (၃.၇)သန္း(၃၄%)ရွိၿပီး၊၂၀၁၉ခုႏွစ္၊ဒီဇင္ ဘာလမွာအိမ္ေထာင္စုေပါင္း(၅.၄၄၈)သန္း(၅၀.၀၉%)ဓာတ္အား ရရွိေတာ့ မွာ ျဖစ္သည့္အတြက္၂၀၁၆-၂၀၁၇ခု ႏွစ္မွ၂၀၁၉-ခုႏွစ္ဒီဇင္ဘာလအထိလက္ရွိအစိုးရသစ္လက္ ထက္ (၃)ႏွစ္ခြဲကာလ အတြင္း အိမ္ေထာင္စု ေပါင္း(၁.၇ ၅)သန္း (၁၆.၀၉%) ထပ္မံတိုတက္ဓာတ္အားရရွိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တာေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံး အိမ္ေထာင္စု (၅၀%)ေက်ာ္ ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ျပည္သူ၊ ႏိုင္ငံေတာ္အစိုးရနဲ႔ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနတို႔ရဲ႕ ေအာင္ပြဲတစ္ရပ္ အျဖစ္ မွတ္ယူရမွာျဖစ္ပါတယ္၊ ျမန္မာတစ္ ႏိုင္ငံလုံးအိမ္ေထာင္စု၏(၅၀%) ဓာတ္အားစနစ္မွ ဓာတ္အားေပးႏိုင္ျခင္း အထမ္းအမွတ္ အခမ္း အနား ကိုေနျပည္ ေတာ္၊လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ႐ုံးအမွတ္(၂၇)မွာဒီဇင္ဘာလ(၁၂)ရက္ေန႔ႏွင့္(၁၃)ရက္ေန႔မ်ားတြင္ စည္ကား သိုက္ၿမိဳက္စြာက်င္းပသြားမွာျဖစ္ပါတယ္ ”ဟု အင္ဂ်င္နီယာခ်ဳပ္ဦးသူရေအာင္မိုးမွေျပာပါတယ္။

၂၀၁၆-၂၀၁၇ဘ႑ာေရးႏွစ္မွ၂၀၁၈-၂၀၁၉ဘ႑ာေရးႏွစ္အထိ(၃)ႏွစ္ခြဲတာ ကာလအတြင္း ေက်းလက္ မီးလင္း ေရးလုပ္ငန္:မ်ားကို ပိုမိုတိုးျမင့္ေဆာင္႐ြက္ လိုတာေၾကာင့္ ႏိုင္ငံေတာ္အစိုးရအေနႏွင့္ႏိုင္ငံတကာ ေခ်း ေငြႏွင့္ တိုင္းေဒသႀကီး ျပည္နယ္အစိုးရ ဘက္ဂ်က္ မ်ားတြင္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးက႑အတြက္ ဘတ္ဂ်က္ မ်ားပိုမိုခြင့္ျပဳေပးၿပီး ႏိုင္ငံေတာ္ ဘတ္ဂ်က္က်ပ္ (၁၉၆.၈၀၉) ဘီလီယံ၊ world Bank,ADB,JICA စသည့္ ႏိုင္ငံတကာ ေခ်းေငြက်ပ္ (၂၀၀.၁၄၂)ဘီလီယံႏွင့္တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ား၏ ဘတ္ဂ်က္က်ပ္(၅၂၀.၃၀၁) ဘီလီယံ၊ စုစုေပါင္းက်ပ္(၉၁၇.၂၅၂)ဘီလီယံတိုးတက္သုံးစြဲ၍လုပ္ငန္းမ်ားအားအေကာင္အထည္ေဖာ္ႏိုင္ခဲ့ သျဖင့္ ယခုကဲ့သို႔ေအာင္ျမင္မႈမ်ားရရွိလာျခင္းျဖစ္ေၾကာင္း၊ထပ္မံၿပီး၂၀၁၉-၂၀၂၀ဘ႑ာေရးႏွစ္အတြက္ကိုလည္း ျပည္ ေထာင္စုဘတ္ ဂ်က္၊ႏိုင္ငံတကာေခ်းေငြႏွင့္တိုင္းေဒသႀကီးျပည္နယ္ဘတ္ဂ်က္စုစုေပါင္း က်ပ္(၆၆၂.၂၅၉)ဘီလီယံ အား ခြင့္ျပဳထားၿပီးျဖစ္သျဖင့္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးက႑ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရးဆက္လက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ၎မွ ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ဒီဇင္ဘာ-၅