ရေထဲခုန်ချပြီး အသက်ကယ်ခဲ့သည့် အသက် (၆၀) ကျော် ချယ်ရီသင်္ဘော ရေယာဉ်မှူးကို ဂုဏ်ပြုသွားမည်ဟု ပို့/ဆက်ဝန်ကြီးမှပြော

ရေထဲခုန်ချပြီး အသက်ကယ်ခဲ့သည့် အသက် (၆၀) ကျော် ချယ်ရီသင်္ဘော ရေယာဉ်မှူးကို ဂုဏ်ပြုသွားမည်ဟု ပို့/ဆက်ဝန်ကြီးမှပြော

ရေထဲပြုတ်ကျသွားတဲ့သူကိုရေထဲခုန်ချပြီအသက်ကယ်ခဲ့သည့်အသက်(၆၀)ကျော်အရွယ် ချယ်ရီသင်္ဘော ရေယာဉ်မှူးအားဂုဏ်ပြုသွားမည်ဟုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်မှပြောပါတယ်။

ယနေ့ညနေပိုင်း၊နေပြည်တော်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင်ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဝူဟန်မြို့ရှိပညာတော်သင်ဝန်ထမ်းများအားCOVID-19ကူးစက်မှုကာကွယ်ရန်သွား ရောက်ခေါ် ယူရာတွင်Myanmar National Airlineမှ စေတနာဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်သည့် လေယာဉ်မှူးကြီး နှင့်လေယာဉ်အဖွဲ့သားများအားဂုဏ်ပြုပွဲအခမ်းအနားအဖွင့်ဂုဏ်ပြုအမှာစကားပြောကြားရာ တွင်ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ဟိုတစ်နေ့ကရေယာဉ်မှူးလည်းဂုဏ်ပြုရမှာပေါ့၊ရေယာဉ်မှူးကအသက်(၆၀)ကျော်ချယ်ရီသင်္ဘောမောင်းတဲ့သူ၊အဲ့ဒါလည်းလူအသက်ကိုရေထဲခုန်ချသွားတာဘဲဒါမျိုးတွေတော့ကျနော်တို့ဝန်ကြီးဌာနမှာအများကြီးရှိတယ်၊အဲ့ဒါပေးမယ်။အားလုံးအမှန်ပြောရရင်တော့တစ်ပွဲတော့လုပ်ရဦးမှာ”ဟုပြည်ထောင်စုဝန်ကြီးဦးသန့်ဇင်မောင်မှ ဂုဏ်ပြုအမှာစကားပြောကြားမှုတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခမ်းအနားအပြီးသတင်းထောက်များနှင့်တွေဆုံစဉ် မှာ ဝန်ကြီးက “ ဝန်ကြီးဌာနမှာ ဌာနပေါင်း (၁၈) ခုရှိတယ်။ အဲ့ဒါန(၁၈)ခုမှာအခြားဂုဏ်ပြုစရာတွေရှိနိုင်ပေါ့လေ။ ဒါကတောအမြင့်ဆုံးကြိုးစားအားထုတ်ခဲ့ တဲ့သူတွေပေါ့။ အခုဟိုမှာရေကြောင်းပို့ဆောင်ရေးကချယ်ရီသင်္ဘောကရေယာဉ်မှူးရေထဲခုန်ချပြီးလူ တစ် ယောက်ရဲ့ အသက်ကိုကယ်တာတို့ရထားမှာလည်းတစ်ချို့ကိစ္စတွေရှိတယ်။ အဲ့ဒါလေးတွေနောက် တစ်ခါ အခြားသောဂုဏ်ပြုစရာလေးတွေရှိတယ်ပေါ့။ကျနော်တို့ဌာနတွင်းမှာဂုဏ်ယူစရာရှိတဲ့သူတွေဂုဏ်ယူရမှာပေါ့”ဟုထပ်မံပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁၈)ရက်နေ့က ရန်ကုန်-ဒလကို ပြေးဆွဲနေသည့် ချယ်ရီ - ၁ သင်္ဘော၏ရေယာဉ်မှူး ဦးမြင့်အေးသည် ဒလဘက်ဆိပ်ကမ်း ရေယာဉ်ထွက်ခွာချိန်တွင် ခရီးသည်အမျိုးသမီးတစ်ဦး ရေထဲကို ပြုတ် ကျခဲ့သည့်အတွက် ဦးမြင့်အေးက နှစ်ထပ်သင်္ဘော ရေယာဉ်ဦးပိုင်းကနေ အသက်စွန့်ပြီး ခုန်ချကယ် တင်ခဲ့ခြင်းဖြစ်ပါတယ်။

KO
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀

( Zawgyi )

ေရထဲျပဳတ္က်သြားတဲ့သူကိုေရထဲခုန္ခ်ၿပီအသက္ကယ္ခဲ့သည့္အသက္(၆၀)ေက်ာ္အ႐ြယ္ ခ်ယ္ရီသေဘၤာ ေရယာဥ္မႉးအားဂုဏ္ျပဳသြားမည္ဟုပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးျပည္ေထာင္စုဝန္ႀကီးဦးသန႔္ဇင္ေမာင္မွေျပာပါတယ္။

ယေန႔ညေနပိုင္း၊ေနျပည္ေတာ္၊ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနတြင္က်င္းပျပဳလုပ္သည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ဝူဟန္ၿမိဳ႕ရွိပညာေတာ္သင္ဝန္ထမ္းမ်ားအားCOVID-19ကူးစက္မႈကာကြယ္ရန္သြား ေရာက္ေခၚ ယူရာတြင္Myanmar National Airlineမွ ေစတနာဝန္ထမ္းအျဖစ္တာဝန္ထမ္းေဆာင္သည့္ ေလယာဥ္မႉးႀကီး ႏွင့္ေလယာဥ္အဖြဲ႕သားမ်ားအားဂုဏ္ျပဳပြဲအခမ္းအနားအဖြင့္ဂုဏ္ျပဳအမွာစကားေျပာၾကားရာ တြင္ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ဟိုတစ္ေန႔ကေရယာဥ္မႉးလည္းဂုဏ္ျပဳရမွာေပါ့၊ေရယာဥ္မႉးကအသက္(၆၀)ေက်ာ္ခ်ယ္ရီသေဘၤာေမာင္းတဲ့သူ၊အဲ့ဒါလည္းလူအသက္ကိုေရထဲခုန္ခ်သြားတာဘဲဒါမ်ိဳးေတြေတာ့က်ေနာ္တို႔ဝန္ႀကီးဌာနမွာအမ်ားႀကီးရွိတယ္၊အဲ့ဒါေပးမယ္။အားလုံးအမွန္ေျပာရရင္ေတာ့တစ္ပြဲေတာ့လုပ္ရဦးမွာ”ဟုျပည္ေထာင္စုဝန္ႀကီးဦးသန႔္ဇင္ေမာင္မွ ဂုဏ္ျပဳအမွာစကားေျပာၾကားမႈတြင္ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အခမ္းအနားအၿပီးသတင္းေထာက္မ်ားႏွင့္ေတြဆုံစဥ္ မွာ ဝန္ႀကီးက “ ဝန္ႀကီးဌာနမွာ ဌာနေပါင္း (၁၈) ခုရွိတယ္။ အဲ့ဒါန(၁၈)ခုမွာအျခားဂုဏ္ျပဳစရာေတြရွိႏိုင္ေပါ့ေလ။ ဒါကေတာအျမင့္ဆုံးႀကိဳးစားအားထုတ္ခဲ့ တဲ့သူေတြေပါ့။ အခုဟိုမွာေရေၾကာင္းပို႔ေဆာင္ေရးကခ်ယ္ရီသေဘၤာကေရယာဥ္မႉးေရထဲခုန္ခ်ၿပီးလူ တစ္ ေယာက္ရဲ႕ အသက္ကိုကယ္တာတို႔ရထားမွာလည္းတစ္ခ်ိဳ႕ကိစၥေတြရွိတယ္။ အဲ့ဒါေလးေတြေနာက္ တစ္ခါ အျခားေသာဂုဏ္ျပဳစရာေလးေတြရွိတယ္ေပါ့။က်ေနာ္တို႔ဌာနတြင္းမွာဂုဏ္ယူစရာရွိတဲ့သူေတြဂုဏ္ယူရမွာေပါ့”ဟုထပ္မံေျပာၾကားခဲ့ပါတယ္။

ေဖေဖာ္ဝါရီ (၁၈)ရက္ေန႔က ရန္ကုန္-ဒလကို ေျပးဆြဲေနသည့္ ခ်ယ္ရီ - ၁ သေဘၤာ၏ေရယာဥ္မႉး ဦးျမင့္ေအးသည္ ဒလဘက္ဆိပ္ကမ္း ေရယာဥ္ထြက္ခြာခ်ိန္တြင္ ခရီးသည္အမ်ိဳးသမီးတစ္ဦး ေရထဲကို ျပဳတ္ က်ခဲ့သည့္အတြက္ ဦးျမင့္ေအးက ႏွစ္ထပ္သေဘၤာ ေရယာဥ္ဦးပိုင္းကေန အသက္စြန႔္ၿပီး ခုန္ခ်ကယ္ တင္ခဲ့ျခင္းျဖစ္ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ - ၂၀