ရုံးတက်/ရုံးဆင်းချိန်များကို အဓိကထား၍ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များအား ပြေးဆွဲပေးနေဟု ဆို

ရုံးတက်/ရုံးဆင်းချိန်များကို အဓိကထား၍ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များအား ပြေးဆွဲပေးနေဟု ဆို

ရုံးတက်/ရုံးဆင်းချိန်များကို အဓိကထား၍ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များအား ပြေးဆွဲပေးလျက်ရှိတယ်လို့ ရန်ကုန်ဘူတာကြီး၏ ရုံပိုင်ချုပ်ကြီးဖြစ်သူ ဦးသောင်းထိုက် ကပြောပါတယ်။

လက်ရှိ ကိုဗစ်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြို့ပတ်ရထားခရီးစဉ်များကို နေ့စဉ် ၅၂ ခေါက်အထိ ပြေးဆွဲပေးနေတာဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

“ကိုဗစ် မဖြစ်ခင်တုန်းကဆိုရင် မြို့ပတ်ရထားရော ခရီးတိုလွန်းပျံရထားတွေရောပေါ့လေ အခေါက်ရေ ၂၂၀ ပြေးဆွဲပါတယ်။ အခုနောက်ပိုင်းမှာ အခေါက်ရေ ၅၂ ခေါက်သာပြေးဆွဲပါတယ်။ ၅၂ ခေါက်ပြေးဆွဲရခြင်း အကြောင်းက ကိုဗစ်ကာလပြီးဆုံးခြင်း မရှိသေးသည့်အတွက် ကျနော်တို့က  ၅၂ ခေါက်အထိ ပြေးဆွဲခြင်းဖြစ်ပါတယ်။ ပြောရရင် ခရီးသည်စီးနင်းမှုက အရင်ထက်ကတော့ တိုးလာပါတယ်။ ကိုဗစ် ၁၉ အပေါ်မူတည်ပြီးတော့မှ ခရီးသည်ကတိုးလာခြင်းဖြစ်ပါတယ်။ကိုဗစ် ၁၉ စပြီးဖြစ်တုန်းကဆိုရင် ရထား စီးခရီးသည်က ရာဂဏန်းလောက်ပဲရှိတယ်။

အခုနောက်ပိုင်းမှာဖြေလျော့မှုတွေရှိလာတယ်၊ကိုဗစ်ဖြစ်တဲ့ ဦးရေကလည်းလျော့နည်းလာတဲ့ အတွက် ကျနော်တို့က ရထားအစီးရေကို တိုးပြီးတော့ပြေးဆွဲပေးနေတယ်။  အရင်တုန်းက အခေါက်ရေ ၂၀ ပဲပြေးဆွဲတယ်၊နောက် ၁၈ ခေါက်အထိပြန်လျော့ချရတယ်။ပြီးတော့ ၄၀ အဲ့ဒီကနေ  အခု ၅၂ ခေါက်အထိပြေးဆွဲပေးနပါတယ်။အဲ့လိုပြေးဆွဲတဲ့ နေရာမှာကျနော်တို့က ရုံးချိန်ကို အဓိကထားပြီးတော့ ပြေးဆွဲပေးနေပါတယ်။”လို့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက် ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်ကင်းစင်သွားပါကလည်း ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။  “ကိုဗစ်ကင်းစင်သွားပြီဆိုရင်တော့ မြို့ပတ်ရထားခရီးစဉ်တွေကိုတိုးချဲ့ပြေးဆွဲပေးသွားမှာပါ။ အခုလက်ရှိကာလမှာ  မနက် ၉ ခွဲ ရုံးတက်မယ်ဆိုရင် ၉ နာရီ ၁၀ မိနစ် အမီရောက်အောင် မြို့ပတ်ရထားကိုဦးစားပေးပါတယ်။ညနေ  ၄ နာရီခွဲရုံးဆင်းပြီဆိုရင် မြို့ပတ် ရထားကို ၄ နာရီ  ၄၅ မိနစ်ကနေပြီးတော့ ဝန်ထမ်းများ ပြန်ချိန်ကို ဦးစားပေးပြီးပြေးဆွဲပေးပါတယ်။ကျန်တဲ့ မြို့ပတ်ရထားတွေ ကတော့ နေ့ခင်းပိုင်းဆိုရင် တစ်စီးနဲ့တစ်စီး အထွက်ကျဲပါတယ်။”လို့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက် က ဆက်လက်ပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဩဂုတ် ၅ 

 

(  Zawgyi  )

 ႐ုံးတက္/႐ုံးဆင္းခ်ိန္မ်ားကို အဓိကထား၍ ရန္ကုန္ၿမိဳ႕ပတ္ရထားခရီးစဥ္မ်ားအား ေျပးဆြဲေပးလ်က္ရွိတယ္လို႔ ရန္ကုန္ဘူတာႀကီး၏ ႐ုံပိုင္ခ်ဳပ္ႀကီးျဖစ္သူ ဦးေသာင္းထိုက္ ကေျပာပါတယ္။

လက္ရွိ ကိုဗစ္ကာလအတြင္းမွာ ခရီးသြားျပည္သူေတြ အဆင္ေျပစြာသြားလာႏိုင္ေရးအတြက္ ၿမိဳ႕ပတ္ရထားခရီးစဥ္မ်ားကို ေန႔စဥ္ ၅၂ ေခါက္အထိ ေျပးဆြဲေပးေနတာျဖစ္တယ္လို႔လည္း ၎က ဆိုပါတယ္။

“ကိုဗစ္ မျဖစ္ခင္တုန္းကဆိုရင္ ၿမိဳ႕ပတ္ရထားေရာ ခရီးတိုလြန္းပ်ံရထားေတြေရာေပါ့ေလ အေခါက္ေရ ၂၂၀ ေျပးဆြဲပါတယ္။ အခုေနာက္ပိုင္းမွာ အေခါက္ေရ ၅၂ ေခါက္သာေျပးဆြဲပါတယ္။ ၅၂ ေခါက္ေျပးဆြဲရျခင္း အေၾကာင္းက ကိုဗစ္ကာလၿပီးဆုံးျခင္း မရွိေသးသည့္အတြက္ က်ေနာ္တို႔က  ၅၂ ေခါက္အထိ ေျပးဆြဲျခင္းျဖစ္ပါတယ္။ ေျပာရရင္ ခရီးသည္စီးနင္းမႈက အရင္ထက္ကေတာ့ တိုးလာပါတယ္။ ကိုဗစ္ ၁၉ အေပၚမူတည္ၿပီးေတာ့မွ ခရီးသည္ကတိုးလာျခင္းျဖစ္ပါတယ္။ကိုဗစ္ ၁၉ စၿပီးျဖစ္တုန္းကဆိုရင္ ရထား စီးခရီးသည္က ရာဂဏန္းေလာက္ပဲရွိတယ္။

အခုေနာက္ပိုင္းမွာေျဖေလ်ာ့မႈေတြရွိလာတယ္၊ကိုဗစ္ျဖစ္တဲ့ ဦးေရကလည္းေလ်ာ့နည္းလာတဲ့ အတြက္ က်ေနာ္တို႔က ရထားအစီးေရကို တိုးၿပီးေတာ့ေျပးဆြဲေပးေနတယ္။  အရင္တုန္းက အေခါက္ေရ ၂၀ ပဲေျပးဆြဲတယ္၊ေနာက္ ၁၈ ေခါက္အထိျပန္ေလ်ာ့ခ်ရတယ္။ၿပီးေတာ့ ၄၀ အဲ့ဒီကေန  အခု ၅၂ ေခါက္အထိေျပးဆြဲေပးနပါတယ္။အဲ့လိုေျပးဆြဲတဲ့ ေနရာမွာက်ေနာ္တို႔က ႐ုံးခ်ိန္ကို အဓိကထားၿပီးေတာ့ ေျပးဆြဲေပးေနပါတယ္။”လို႔ ႐ုံပိုင္ခ်ဳပ္ႀကီး ဦးေသာင္းထိုက္ ကေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ကိုဗစ္ကင္းစင္သြားပါကလည္း ရန္ကုန္ၿမိဳ႕ပတ္ရထားခရီးစဥ္မ်ားကို တိုးခ်ဲ႕ေျပးဆြဲေပးသြားမယ္လို႔လည္း ၎က ဆိုပါတယ္။  “ကိုဗစ္ကင္းစင္သြားၿပီဆိုရင္ေတာ့ ၿမိဳ႕ပတ္ရထားခရီးစဥ္ေတြကိုတိုးခ်ဲ႕ေျပးဆြဲေပးသြားမွာပါ။ အခုလက္ရွိကာလမွာ  မနက္ ၉ ခြဲ ႐ုံးတက္မယ္ဆိုရင္ ၉ နာရီ ၁၀ မိနစ္ အမီေရာက္ေအာင္ ၿမိဳ႕ပတ္ရထားကိုဦးစားေပးပါတယ္။ညေန  ၄ နာရီခြဲ႐ုံးဆင္းၿပီဆိုရင္ ၿမိဳ႕ပတ္ ရထားကို ၄ နာရီ  ၄၅ မိနစ္ကေနၿပီးေတာ့ ဝန္ထမ္းမ်ား ျပန္ခ်ိန္ကို ဦးစားေပးၿပီးေျပးဆြဲေပးပါတယ္။က်န္တဲ့ ၿမိဳ႕ပတ္ရထားေတြ ကေတာ့ ေန႔ခင္းပိုင္းဆိုရင္ တစ္စီးနဲ႔တစ္စီး အထြက္က်ဲပါတယ္။”လို႔ ႐ုံပိုင္ခ်ဳပ္ႀကီး ဦးေသာင္းထိုက္ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဩဂုတ္ ၅