ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ထပ်မံလိုအပ်နေသေး ဟု လျှပ်စစ်/စွမ်းအင် ဒု-ဝန်ကြီးဆို

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ထပ်မံလိုအပ်နေသေး ဟု လျှပ်စစ်/စွမ်းအင် ဒု-ဝန်ကြီးဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်များအတွက် စက်သုံးဆီ အရောင်းဆိုင် အရေးအတွက်မှာ ပိုလျှံခြင်း မရှိသေးဘဲ ထပ်မံလိုအပ်လျှက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှ ပြောပါတယ်။ ယနေ့ပြုလုပ်သည့် အမျိုးသား လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ အစီအစဉ်တွင် ကယားပြည်နယ် အမျိုးသာ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိမ်းမှ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း စက်သုံး ဆီ အရောင်းဆိုင် မည်မျှရှိပြီး လိုအပ်သည့် အရေအတွက် ထက် ပိုလျှံနေခြင်းရှိ/ မရှိပတ်သက်သည့် မေးမြန်းမှုအပေါ်  ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရောင်းချထားသည့် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရရှိ ထားသော စက်သုံးဆီ အရောင်းဆိုင် အရေအတွက်မှာ စည်ပင်သာယာနာယ်နိမိတ်အတွင်း၌(၁၃၉)ဆိုင်၊ စည်ပင်သာယာ ပြင်ပ နယ်နိမိတ် အတွင်း၌ (၄၉) ဆိုင်၊စုစုပေါင်းစက်သုံးဆီ အရောင်းဆိုင်(၁၈၈)ဆိုင် လက်ရှိရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏၂၀၁၉ခုနှစ်၊နိုဝင်ဘာလစာရင်း အရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှတ်ပုံတင်ထားသော ယာဉ်ကြီး၊ ယာဉ်ငယ် စုစုပေါင်း စာရင်မှာ(၇၈၅၀၀၀)ရှိပြီး၊ ရန်ကုန်တိုင်းအတွင်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မှတ်ပုံတင်ထားသော မော်တော်ယာဉ်များ ကလည်း ရန်ကုန်တိုင်း အတွင်းသို့ ဝင်ထွက်သွားလာလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိ စက်သုံးဆီ အရောင်းဆိုင်(၁)ဆိုင်လျှင် ပျှမ်းမျှယာဉ် စီးရေ(၄၂၀၀)ခန့်ကိုဆီဖြန့်ဖြူးပေးနေရသည့်အခြေအနေဖြစ်ပါတယ်။

လက်ရှိဖွင့်ထားသည့်အရောင်းဆိုင်အရေ အတွက်နှင့်အဆိုပါယာဉ်စီးရေအချိုးတို့အရ စက်သုံးဆီဖြန့်ဖြူးရောင်းချရန် လုပ်ဆောင် ရသည့် ဝန်နှင့်အား မျှတ စေရန် လည်းကောင်း၊မော်တော်ယာဉ်များမှအချိန်ကုန်သက်သာစွာစက်သုံးဆီဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လက်ရှိစက်သုံးဆီအရောင်းဆိုင်အရေအတွက်ဟာ ပိုလျှံခြင်းမရှိသေးဘဲထပ်မံလိုအပ်လျက်ရှိသည့် အနေအထား ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်များအား နီးစပ်သည့်နေရာ များတွင် စက်သုံးဆီကို အလွယ်တကူ ဖြည့်တင်းနိုင်ရန် အတွက် ရည်မှန်းပြီးခွင့်ပြုသင့်သည့် မြေပေါ်တွင် စက်သုံးဆီအရောင်းဆိုင် အသစ် တည်ဆောက် ဖွင့်လှစ်ခွင့်ပြုရန်တင်ပြလာပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတို့ကထုတ်ပြန်ထားသည့်ဥပဒေနည်းဥပဒေညွန်ကြား ချက်များနှင့် အညီ လိုက်နာဆောင်ရွက်မည် ဆိုပါက စိစစ် ခွင့်ပြုပေးလျှက်ရှိပါတယ်။

စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်အတွက် ဖြန့်ဖြူးရောင်းချသည့် ခွင့်ပြုချက် ရရှိရန် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် အဆင့်ဆင့် ကို ပြည်သူ များ ပွင့်လင်းမြင်သာစွာ အလွယ်တကူ သိရှိနိုင်စေရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာများ၌ လည်းကောင်း၊မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၏ အင်တာနက် စာမျက်နာများ၌ လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ရောင်းဝယ်ရေး အရာရှိရုံများရှိ သင်ပုန်း၌ လည်းကောင်းဖော်ပြထားရှိပါတယ်”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၀

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေမာ္ေတာ္ယာဥ္မ်ားအတြက္ စက္သုံးဆီ အေရာင္းဆိုင္ အေရးအတြက္မွာ ပိုလွ်ံျခင္း မရွိေသးဘဲ ထပ္မံလိုအပ္လွ်က္ရွိေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ ဒုတိယဝန္ႀကီးေဒါက္တာထြန္းႏိုင္မွ ေျပာပါတယ္။ ယေန႔ျပဳလုပ္သည့္ အမ်ိဳးသား လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး နဝမေန႔ အစီအစဥ္တြင္ ကယားျပည္နယ္ အမ်ိဳးသာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသိမ္းမွ ရန္ကုန္တိုင္းေဒသႀကီး နယ္ေျမအတြင္း စက္သုံး ဆီ အေရာင္းဆိုင္ မည္မွ်ရွိၿပီး လိုအပ္သည့္ အေရအတြက္ ထက္ ပိုလွ်ံေနျခင္းရွိ/ မရွိပတ္သက္သည့္ ေမးျမန္းမႈအေပၚ  ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဖြင့္လွစ္ေရာင္းခ်ထားသည့္ စက္သုံးဆီျဖန႔္ျဖဴးေရာင္းခ်ခြင့္ လိုင္စင္ရရွိ ထားေသာ စက္သုံးဆီ အေရာင္းဆိုင္ အေရအတြက္မွာ စည္ပင္သာယာနာယ္နိမိတ္အတြင္း၌(၁၃၉)ဆိုင္၊ စည္ပင္သာယာ ျပင္ပ နယ္နိမိတ္ အတြင္း၌ (၄၉) ဆိုင္၊စုစုေပါင္းစက္သုံးဆီ အေရာင္းဆိုင္(၁၈၈)ဆိုင္ လက္ရွိရွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး ကုန္လမ္းပို႔ေဆာင္ေရး ၫြန္ၾကားမႈ ဦးစီးဌာန၏၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလစာရင္း အရ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း မွတ္ပုံတင္ထားေသာ ယာဥ္ႀကီး၊ ယာဥ္ငယ္ စုစုေပါင္း စာရင္မွာ(၇၈၅၀၀၀)ရွိၿပီး၊ ရန္ကုန္တိုင္းအတြင္း အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၌ မွတ္ပုံတင္ထားေသာ ေမာ္ေတာ္ယာဥ္မ်ား ကလည္း ရန္ကုန္တိုင္း အတြင္းသို႔ ဝင္ထြက္သြားလာလ်က္ရွိပါတယ္။ သို႔ျဖစ္ပါ၍ လက္ရွိ စက္သုံးဆီ အေရာင္းဆိုင္(၁)ဆိုင္လွ်င္ ပွ်မ္းမွ်ယာဥ္ စီးေရ(၄၂၀၀)ခန႔္ကိုဆီျဖန႔္ျဖဴးေပးေနရသည့္အေျခအေနျဖစ္ပါတယ္။

လက္ရွိဖြင့္ထားသည့္အေရာင္းဆိုင္အေရ အတြက္ႏွင့္အဆိုပါယာဥ္စီးေရအခ်ိဳးတို႔အရ စက္သုံးဆီျဖန႔္ျဖဴးေရာင္းခ်ရန္ လုပ္ေဆာင္ ရသည့္ ဝန္ႏွင့္အား မွ်တ ေစရန္ လည္းေကာင္း၊ေမာ္ေတာ္ယာဥ္မ်ားမွအခ်ိန္ကုန္သက္သာစြာစက္သုံးဆီဝယ္ယူျဖည့္တင္းႏိုင္ေရးအတြက္ လက္ရွိစက္သုံးဆီအေရာင္းဆိုင္အေရအတြက္ဟာ ပိုလွ်ံျခင္းမရွိေသးဘဲထပ္မံလိုအပ္လ်က္ရွိသည့္ အေနအထား ျဖစ္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕သည္ ရန္ကုန္တိုင္းအတြင္း ေမာ္ေတာ္ယာဥ္မ်ားအား နီးစပ္သည့္ေနရာ မ်ားတြင္ စက္သုံးဆီကို အလြယ္တကူ ျဖည့္တင္းႏိုင္ရန္ အတြက္ ရည္မွန္းၿပီးခြင့္ျပဳသင့္သည့္ ေျမေပၚတြင္ စက္သုံးဆီအေရာင္းဆိုင္ အသစ္ တည္ေဆာက္ ဖြင့္လွစ္ခြင့္ျပဳရန္တင္ျပလာပါက လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ မီးသတ္ဦးစီးဌာနတို႔ကထုတ္ျပန္ထားသည့္ဥပေဒနည္းဥပေဒၫြန္ၾကား ခ်က္မ်ားႏွင့္ အညီ လိုက္နာေဆာင္႐ြက္မည္ ဆိုပါက စိစစ္ ခြင့္ျပဳေပးလွ်က္ရွိပါတယ္။

စက္သုံးဆီအေရာင္းဆိုင္ တစ္ဆိုင္အတြက္ ျဖန႔္ျဖဴးေရာင္းခ်သည့္ ခြင့္ျပဳခ်က္ ရရွိရန္ ေဆာင္႐ြက္ရသည့္ လုပ္ငန္းစဥ္ အဆင့္ဆင့္ ကို ျပည္သူ မ်ား ပြင့္လင္းျမင္သာစြာ အလြယ္တကူ သိရွိႏိုင္ေစရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ အင္တာနက္ စာမ်က္ႏွာမ်ား၌ လည္းေကာင္း၊ျမန္မာ့ေရနံထြက္ ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္း၏ အင္တာနက္ စာမ်က္နာမ်ား၌ လည္းေကာင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေရာင္းဝယ္ေရး အရာရွိ႐ုံမ်ားရွိ သင္ပုန္း၌ လည္းေကာင္းေဖာ္ျပထားရွိပါတယ္”ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာထြန္းႏိုင္မွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ ၂၀