ရန်ကုန်တက္ကသိုလ်ကြီးကို အကောင်းဆုံးပြန်လည်ပေးဆပ်နိုင်မှု လုပ်ပေးချင်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန်တက္ကသိုလ်ကြီးကို အကောင်းဆုံးပြန်လည်ပေးဆပ်နိုင်မှု လုပ်ပေးချင်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန်တက္ကသိုလ်ကြီး ဖြစ်သန်းခဲ့တဲ့ နှစ် ၁ဝဝ ကိုပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတော် တော်များများကို ဦးဆောင်ခဲ့ တာဖြစ်တဲ့အတွက် အခုဖြစ်နေတဲ့ နိင်ငံရေး၊ စီးပွားရေးအခြေအနေကြားထဲကနေ ရန်ကုန်တက္ကသိုလ်ကို အကောင်းဆုံးပြန်လည်ပေးဆပ်နိုင်မှု တစ်ခု လုပ်ပေးချင်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့၊ ညပိုင်းက ရန်ကုန်မြို့၊ အင်လျားလမ်းရှိ Gorden Inya Restaurant မှာ ကျင်းပပြု လုပ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ) ပြည့် အကြိုမိတ်ဆုံညစာစားပွဲနှင့် ရံပုံငွေအားဖြည့်ပွဲ အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။“ နှစ် ၁ဝဝ ပြည့်တဲ့အချိန်မှာ ကျွန်တော်တို့ တာဝန်ယူနေတဲ့အချိန်၊ ဒီမှာရှိနေကြတဲ့ ပြည်သူတွေ၊ ညီအစ်ကို တွေ၊ မောင်နှမတွေအားလုံး ဒီတက္ကသိုလ်က ဖြတ်သန်းခဲ့ကျတဲ့ သူတွေအားလုံး ဒီနေရာမှာ ပြန်ဆုံဆည်းပြီး ဒီ တက္ကသိုလ်ကြီးကို ပြန်ပြီး တစ်ခုခု ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆုံတွေ့ကြခြင်းပဲဖြစ်ပါတယ်။ ဒီ ဆုံတွေ့မှု ကနေ ရန်ကုန်တက္ကသိုလ်ကြီးကို ကျွန်တော်တို့ ဘာတွေအကောင်းဆုံး ပြန်လုပ်ပေးနိုင်မလဲလို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးက ကျွန်တော်တို့ရဲ့ဘဝ ဖြစ်ပါတယ်။ အများကြီး ရန်ကုန် တက္ကသိုလ် ကြီးက ပေးလိုက်တဲ့ သင်ခန်းစာတွေ၊ အကြောင်း အရာတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို ကြုံဆုံဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ အခု ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝ ပြည့်ကျရောက် တဲ့ အခြေအနေမှာ ကျွန်တော် ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ အကောင်းဆုံး လုပ်ပေးချင်ပါတယ်”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြား ခဲ့ပါတယ်။

ဒီ့အပြင် စီးပွားရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ နယ်ပယ် အသီးသီးမှာ ရပ်တည်နိုင်အောင် ရန်ကုန်တက္ကသိုလ်က ပညာရပ်တွေကို ဆောင်ကျဉ်းပေးခဲ့တာဖြစ်တဲ့အတွက် ရန်ကုန် တက္ကသိုလ်ကြီးမှာ သင်ကြားဖြတ်သန်းခဲ့ကြတဲ့သူတွေအားလုံး ရန်ကုန် တက္ကသိုလ် နှစ် (၁ဝဝ) ပြည့်ကို အားဖြည့်ပါဝင်စေချင်တယ်လို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

“လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ စပြီးတော့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် ၁ဝဝ ပြည့် အခမ်းအနားပွဲကြီးဟာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တစ်နှစ်တာကျင်းပမှာ ဖြစ်ပါတယ်။ ဒီ တစ်နှစ်တာကာလမှာ လုပ်ချင်တဲ့ အစီ အစဉ်တွေ၊ ပူးပေါင်းပါဝင်တဲ့ အစီအစဉ်တွေ၊ နယ်ပယ်အသီးသီးမှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဒီလို ပါဝင်နိုင်တဲ့ အခမ်းအနားပွဲမှာ ကျွန်တော်တို့အားလုံးက အင်တိုက်အားတိုက်နဲ့ ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့် ရန်ကုန် တက္ကသိုလ်ကြီးကို ကျေးဇူးပြန်ဆပ်နိုင်တဲ့သူတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ) ပြည့် အကြိုမိတ်ဆုံညစာစားပွဲနှင့် ရံပုံငွေအားဖြည့်ပွဲ အခမ်းအနားကိုတော့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ဇနီး၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နဲ့ ကော်မတီဝင်များ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသူ ကျောင်းသားဟောင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ တေးသံရှင်များ တက်ရောက်ခဲ့ကြပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ နိုဝင်ဘာ ၂ဝ
ဓာတ်ပုံ- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ 

(  Zawgyi  )

ရန္ကုန္တကၠသိုလ္ႀကီး ျဖစ္သန္းခဲ့တဲ့ ႏွစ္ ၁ဝဝ ကိုျပန္ၾကည့္မယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတာ္ ေတာ္မ်ားမ်ားကို ဦးေဆာင္ခဲ့ တာျဖစ္တဲ့အတြက္ အခုျဖစ္ေနတဲ့ နိင္ငံေရး၊ စီးပြားေရးအေျခအေနၾကားထဲကေန ရန္ကုန္တကၠသိုလ္ကို အေကာင္းဆုံးျပန္လည္ေပးဆပ္ႏိုင္မႈ တစ္ခု လုပ္ေပးခ်င္တယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့ပါတယ္။

ႏိုဝင္ဘာလ ၁၉ ရက္ေန႔၊ ညပိုင္းက ရန္ကုန္ၿမိဳ႕၊ အင္လ်ားလမ္းရွိ Gorden Inya Restaurant မွာ က်င္းပျပဳ လုပ္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္ ႏွစ္ (၁ဝဝ) ျပည့္ အႀကိဳမိတ္ဆုံညစာစားပြဲႏွင့္ ရံပုံေငြအားျဖည့္ပြဲ အခမ္းအနားမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့တာပါ။“ ႏွစ္ ၁ဝဝ ျပည့္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ တာဝန္ယူေနတဲ့အခ်ိန္၊ ဒီမွာရွိေနၾကတဲ့ ျပည္သူေတြ၊ ညီအစ္ကို ေတြ၊ ေမာင္ႏွမေတြအားလုံး ဒီတကၠသိုလ္က ျဖတ္သန္းခဲ့က်တဲ့ သူေတြအားလုံး ဒီေနရာမွာ ျပန္ဆုံဆည္းၿပီး ဒီ တကၠသိုလ္ႀကီးကို ျပန္ၿပီး တစ္ခုခု ေဆာင္႐ြက္ေပးႏိုင္ဖို႔အတြက္ ဆုံေတြ႕ၾကျခင္းပဲျဖစ္ပါတယ္။ ဒီ ဆုံေတြ႕မႈ ကေန ရန္ကုန္တကၠသိုလ္ႀကီးကို ကြၽန္ေတာ္တို႔ ဘာေတြအေကာင္းဆုံး ျပန္လုပ္ေပးႏိုင္မလဲလို႔ စဥ္းစားရမွာ ျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ႀကီးက ကြၽန္ေတာ္တို႔ရဲ႕ဘဝ ျဖစ္ပါတယ္။ အမ်ားႀကီး ရန္ကုန္ တကၠသိုလ္ ႀကီးက ေပးလိုက္တဲ့ သင္ခန္းစာေတြ၊ အေၾကာင္း အရာေတြ၊ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ အမ်ားႀကီးကို ႀကဳံဆုံျဖတ္သန္းခဲ့ရတာ ျဖစ္ပါတယ္။ အခု ရန္ကုန္တကၠသိုလ္ ႏွစ္ ၁ဝဝ ျပည့္က်ေရာက္ တဲ့ အေျခအေနမွာ ကြၽန္ေတာ္ ဝန္ႀကီးခ်ဳပ္ တစ္ေယာက္အေနနဲ႔ အေကာင္းဆုံး လုပ္ေပးခ်င္ပါတယ္”လို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာၾကား ခဲ့ပါတယ္။

ဒီ့အျပင္ စီးပြားေရးနယ္ပယ္မွာပဲ ျဖစ္ျဖစ္၊ ပညာေရးနယ္ပယ္မွာပဲ ျဖစ္ျဖစ္၊ နယ္ပယ္ အသီးသီးမွာ ရပ္တည္ႏိုင္ေအာင္ ရန္ကုန္တကၠသိုလ္က ပညာရပ္ေတြကို ေဆာင္က်ဥ္းေပးခဲ့တာျဖစ္တဲ့အတြက္ ရန္ကုန္ တကၠသိုလ္ႀကီးမွာ သင္ၾကားျဖတ္သန္းခဲ့ၾကတဲ့သူေတြအားလုံး ရန္ကုန္ တကၠသိုလ္ ႏွစ္ (၁ဝဝ) ျပည့္ကို အားျဖည့္ပါဝင္ေစခ်င္တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္က တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

“လာမယ့္ ဒီဇင္ဘာ ၁ ရက္ေန႔ကေန စၿပီးေတာ့ ရန္ကုန္တကၠသိုလ္ရဲ႕ ႏွစ္ ၁ဝဝ ျပည့္ အခမ္းအနားပြဲႀကီးဟာ က်င္းပေတာ့မွာ ျဖစ္ပါတယ္။ တစ္ႏွစ္တာက်င္းပမွာ ျဖစ္ပါတယ္။ ဒီ တစ္ႏွစ္တာကာလမွာ လုပ္ခ်င္တဲ့ အစီ အစဥ္ေတြ၊ ပူးေပါင္းပါဝင္တဲ့ အစီအစဥ္ေတြ၊ နယ္ပယ္အသီးသီးမွာ ပါဝင္ခြင့္ရမွာျဖစ္ပါတယ္။ ဒီလို ပါဝင္ႏိုင္တဲ့ အခမ္းအနားပြဲမွာ ကြၽန္ေတာ္တို႔အားလုံးက အင္တိုက္အားတိုက္နဲ႔ ပူးေပါင္းကူညီေဆာင္႐ြက္ျခင္းျဖင့္ ရန္ကုန္ တကၠသိုလ္ႀကီးကို ေက်းဇူးျပန္ဆပ္ႏိုင္တဲ့သူေတြ ျဖစ္ပါေစလို႔ ဆႏၵျပဳပါတယ္”လို႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တိုက္တြန္း ေျပာၾကား ခဲ့တာျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ ႏွစ္ (၁ဝဝ) ျပည့္ အႀကိဳမိတ္ဆုံညစာစားပြဲႏွင့္ ရံပုံေငြအားျဖည့္ပြဲ အခမ္းအနားကိုေတာ့ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ဇနီး၊ လုံၿခဳံေရး ႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေအာင္စိုးမိုး၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးစိုးလြင္နဲ႔ ေကာ္မတီဝင္မ်ား၊ ရန္ကုန္တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား၊ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္မ်ား၊ ရန္ကုန္တကၠသိုလ္နဲ႔ ပတ္သက္တဲ့ ေတးသံရွင္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ႏိုဝင္ဘာ ၂ဝ
ဓာတ္ပုံ- ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕