ရန်ကုန်ကို လျှပ်စစ်ရရှိရန် ထောက်ပံ့ပေးတဲ့ ဂက်စ်ပိုက်လိုင်းပေါက်တာကြောင့်မြို့နယ်၊ ရပ်ကွက် အချို့ ဓာတ်အားယာယီပြတ်တောက်နိုင်

ရန်ကုန်ကို လျှပ်စစ်ရရှိရန် ထောက်ပံ့ပေးတဲ့ ဂက်စ်ပိုက်လိုင်းပေါက်တာကြောင့်မြို့နယ်၊ ရပ်ကွက် အချို့ ဓာတ်အားယာယီပြတ်တောက်နိုင်

ရန်ကုန်မြို့ရဲ့ လျှပ်စစ်ရရှိဖို့ ပေးပို့နေတဲ့ ဂက်စ်ပိုက်လိုင်းပေါက်တာကြောင့် ဓာတ်ငွေ့ရရှိမှုလျော့နည်းကာ ဂက်စ်တာဘိုင်အချို့ရပ်တန့်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြို့နယ်၊ ရပ်ကွက်တစ်ချို့မှာ ဓာတ်အား ယာယီပြတ်တောက်တဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ရဖို့ ရှိနေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါလျှပ်စစ်ဓာတ်အားအတွက် ရန်ကုန်ကို ပေးနေတဲ့ ရတနာကမ်းလွန် MediumCompressor(A) Shutdown ဖြစ်ပေါ်တာတွေ၊ ဇောတိက ကမ်းလွန်ကနေ ပေးနေတဲ့ ဂက်စ်ပိုက်လိုင်းပေါက်တဲ့ ဖြစ်ရပ် တွေကြောင့် ဓာတ်ငွေ့ထုတ်လုပ်ပို့လွှတ်မှု လျော့နည်းနေတာဖြစ်ပြီး အရေးပေါ် ဝန်အားလျှော့ချဖို့လည်း ပြင်ဆင်ထားတာကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။      
 
 ဇွဲမာန်
ရန်ကုန်၊ သြဂုတ် ၁၆

(  Zawgyi )

 ရန္ကုန္ၿမိဳ႕ရဲ႕ လွ်ပ္စစ္ရရွိဖို႔ ေပးပို႔ေနတဲ့ ဂက္စ္ပိုက္လိုင္းေပါက္တာေၾကာင့္ ဓာတ္ေငြ႕ရရွိမႈေလ်ာ့နည္းကာ ဂက္စ္တာဘိုင္အခ်ိဳ႕ရပ္တန႔္ခဲ့ရၿပီး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ ေလ်ာ့နည္းခဲ့တာေၾကာင့္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းက ၿမိဳ႕နယ္၊ ရပ္ကြက္တစ္ခ်ိဳ႕မွာ ဓာတ္အား ယာယီျပတ္ေတာက္တဲ့ ျဖစ္စဥ္ေတြ ႀကဳံေတြ႕ရဖို႔ ရွိေနတယ္လို႔ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါလွ်ပ္စစ္ဓာတ္အားအတြက္ ရန္ကုန္ကို ေပးေနတဲ့ ရတနာကမ္းလြန္ MediumCompressor(A) Shutdown ျဖစ္ေပၚတာေတြ၊ ေဇာတိက ကမ္းလြန္ကေန ေပးေနတဲ့ ဂက္စ္ပိုက္လိုင္းေပါက္တဲ့ ျဖစ္ရပ္ ေတြေၾကာင့္ ဓာတ္ေငြ႕ထုတ္လုပ္ပို႔လႊတ္မႈ ေလ်ာ့နည္းေနတာျဖစ္ၿပီး အေရးေပၚ ဝန္အားေလွ်ာ့ခ်ဖို႔လည္း ျပင္ဆင္ထားတာေၾကာင့္ျဖစ္တယ္လို႔လည္း သိရပါတယ္။      
 
 ဇြဲမာန္
ရန္ကုန္၊ ၾသဂုတ္ ၁၆