ရခိုင်ကမ်းလွန် ငါးဖမ်းကွက်ကရရှိတဲ့ အခွန် ၂၀ ရာခိုင်နှုန်း တောင်းခံမှု ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည်ဟု ဆို

ရခိုင်ကမ်းလွန် ငါးဖမ်းကွက်ကရရှိတဲ့ အခွန် ၂၀ ရာခိုင်နှုန်း တောင်းခံမှု ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြမည်ဟု ဆို

ရခိုင်ကမ်းလွန် ငါးဖမ်းကွက်များမှရရှိသည့် အခွန်အခများထဲမှ ၂၀ ရာခိုင်နှုန်း (သို့မဟုတ်) သင့်တော်တဲ့ ရာခိုင်နှုန်းကို ပြည်နယ်အစိုးရထံ ထောက်ပံ့ပေးဖို့ ရှိ၊ မရှိ မေးခွန်းအား ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြပေးသွားမယ်လို့ အစိုးရဘက်က ဖြေဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကမ်းနီးငါးဖမ်းလုပ်ငန်းများမှရရှိသော အခွန်အခများကို ပြည်နယ်က စီမံခန့်ခွဲနိုင်သော်လည်း ကမ်းဝေးငါးဖမ်းလုပ်ငန်းမှရရှိတဲ့ အခွန်အခတွေဟာ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေထဲကို ရောက်ရှိသွားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးလှကျော် မှ အမျိုးသားလွှတ်တော်မှာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

“သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဆက်စပ်ညှိနှိုင်းသွားရမယ့် အခြေအနေဖြစ်နေပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြလမ်းညွှန်မှု တောင်းခံဖို့ လိုအပ်မယ့်အခြေအနေ ဖြစ်ပါတယ်။ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်နဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ ဦးလှကျော် က ပြန်လည်ဖြေဆိုခဲ့တာပါ။

ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) က လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ရခိုင် ရေလုပ်ငန်းနဲ့ ရေလုပ်သားတွေ ထိခိုက်နစ်နာတာတွေ ကုစားဖို့နဲ့ ရခိုင်ပြည်နယ် ရေလုပ်ငန်းဖွံ့ဖြိုးဖို့ အထောက်အပံ့ ဖြစ်စေဖို့အတွက် ရခိုင်ကမ်းလွန် ငါးဖမ်းကွင်းမှရရှိတဲ့ အခွန်အခ ၂၀ ရာခိုင်နှုန်း (သို့) သင့်တော်တဲ့ ရာခိုင်နှုန်းကို ပြည်နယ်ကို ထောက်ပံ့ပေးစေချင်ပါတယ်” လို့ ဦးခင်မောင်လတ် က မေးမြန်းခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရခိုင်ကမ်းဝေးငါးဖမ်းလုပ်ကွက်များမှာ လာရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေဟာ ရန်ကုန်အခြေစိုက် ငါးဖမ်းလုပ်ငန်းရှင်တွေဖြစ်ပြီး ဒေသခံတွေ မပါဝင်ဘူးလို့ ဦးခင်မောင်လတ် က ဆိုပါတယ်။

သယံဇာတ ရှားပါးလာတာကြောင့် ဒေသခံတွေဟာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် အသက်မွေးနေရပြီး ရေလုပ်သားတွေ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ မေးခွန်းမေးမြန်းရတာဖြစ်တယ်လို့ ဦးခင်မောင်လတ် က သူ့ရဲ့ မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဒီဇင်ဘာ - ၆
Photo Credit : hobotraveler.com

( Zawgyi )

ရခိုင္ကမ္းလြန္ ငါးဖမ္းကြက္မ်ားမွရရွိသည့္ အခြန္အခမ်ားထဲမွ ၂၀ ရာခိုင္ႏႈန္း (သို႔မဟုတ္) သင့္ေတာ္တဲ့ ရာခိုင္ႏႈန္းကို ျပည္နယ္အစိုးရထံ ေထာက္ပံ့ေပးဖို႔ ရွိ၊ မရွိ ေမးခြန္းအား ျပည္ေထာင္စုအစိုးရအဖြဲ႕ထံ ဆက္လက္တင္ျပေပးသြားမယ္လို႔ အစိုးရဘက္က ေျဖဆိုခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကမ္းနီးငါးဖမ္းလုပ္ငန္းမ်ားမွရရွိေသာ အခြန္အခမ်ားကို ျပည္နယ္က စီမံခန႔္ခြဲႏိုင္ေသာ္လည္း ကမ္းေဝးငါးဖမ္းလုပ္ငန္းမွရရွိတဲ့ အခြန္အခေတြဟာ ျပည္ေထာင္စုဘ႑ာ ရန္ပုံေငြထဲကို ေရာက္ရွိသြားတယ္လို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနက ဒုတိယဝန္ႀကီး ဦးလွေက်ာ္ မွ အမ်ိဳးသားလႊတ္ေတာ္မွာ ျပန္လည္ေျဖဆိုခဲ့ပါတယ္။

“သက္ဆိုင္ရာ ျပည္နယ္အစိုးရအဖြဲ႕ ၊ ျပည္ေထာင္စုဝန္ႀကီးဌာနနဲ႔ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနတို႔ ဆက္စပ္ညႇိႏႈိင္းသြားရမယ့္ အေျခအေနျဖစ္ေနပါတယ္။ျပည္ေထာင္စုအစိုးရအဖြဲ႕ကို တင္ျပလမ္းၫႊန္မႈ ေတာင္းခံဖို႔ လိုအပ္မယ့္အေျခအေန ျဖစ္ပါတယ္။ျပည္ေထာင္စုအစိုးရရဲ႕ အတည္ျပဳခ်က္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကို တင္ျပၿပီး ဘ႑ာေငြ အရအသုံးဆိုင္ရာ ဥပေဒနဲ႔အညီ ေဆာင္႐ြက္သြားရမွာ ျဖစ္ပါတယ္” လို႔ ဦးလွေက်ာ္ က ျပန္လည္ေျဖဆိုခဲ့တာပါ။

ဒီဇင္ဘာ ၅ ရက္ေန႔က က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ၁၂ ရက္ေျမာက္ေန႔မွာ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ အမွတ္ (၃) က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ က ေမးျမန္းခဲ့တာျဖစ္ပါတယ္။

“ရခိုင္ ေရလုပ္ငန္းနဲ႔ ေရလုပ္သားေတြ ထိခိုက္နစ္နာတာေတြ ကုစားဖို႔နဲ႔ ရခိုင္ျပည္နယ္ ေရလုပ္ငန္းဖြံ႕ၿဖိဳးဖို႔ အေထာက္အပံ့ ျဖစ္ေစဖို႔အတြက္ ရခိုင္ကမ္းလြန္ ငါးဖမ္းကြင္းမွရရွိတဲ့ အခြန္အခ ၂၀ ရာခိုင္ႏႈန္း (သို႔) သင့္ေတာ္တဲ့ ရာခိုင္ႏႈန္းကို ျပည္နယ္ကို ေထာက္ပံ့ေပးေစခ်င္ပါတယ္” လို႔ ဦးခင္ေမာင္လတ္ က ေမးျမန္းခဲ့တာျဖစ္ပါတယ္။

လက္ရွိ ရခိုင္ကမ္းေဝးငါးဖမ္းလုပ္ကြက္မ်ားမွာ လာေရာက္လုပ္ကိုင္ေနတဲ့ လုပ္ငန္းရွင္ေတြဟာ ရန္ကုန္အေျခစိုက္ ငါးဖမ္းလုပ္ငန္းရွင္ေတြျဖစ္ၿပီး ေဒသခံေတြ မပါဝင္ဘူးလို႔ ဦးခင္ေမာင္လတ္ က ဆိုပါတယ္။

သယံဇာတ ရွားပါးလာတာေၾကာင့္ ေဒသခံေတြဟာ ေ႐ႊ႕ေျပာင္းလုပ္သားေတြအျဖစ္ အသက္ေမြးေနရၿပီး ေရလုပ္သားေတြ ဖြံ႕ၿဖိဳးေရးအတြက္ လုပ္ေဆာင္ဖို႔ ေမးခြန္းေမးျမန္းရတာျဖစ္တယ္လို႔ ဦးခင္ေမာင္လတ္ က သူ႔ရဲ႕ ေမးခြန္းေမးျမန္းရာမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဒီဇင္ဘာ - ၆
Photo Credit : hobotraveler.com