ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ နေ့လယ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းထဲကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်သတင်းဌာနတွေက ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။
 
ယနေ့ ဗန်ကောက်ပို့စ်သတင်းစာမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာဖက်က စစ်ရှောင် ပြည်သူတွေကို နယ်စပ်မှာ လက်ခံနေရာချပေးဖို အသင့်ရှိနေကြောင်းပြောတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ 
 
ဒီဇင်ဘာ နံနက် ၁၁ နာရီကျော်က မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် ရွှေစေတီငွေစေတီကုန်းရှိ  စစ်ဆေးရေးစခန်းတွေ တိုက်ခိုက်ခံရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ 
 
ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ မုန်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားတာကို တွေ့ရပြီး ဒေသခံတွေကတော့ မြို့ကနေ ဝေးရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
 
အိမ်သုံးမီတာ တပ်ဆင်တဲ့ နှုန်းထားတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံနေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရကြောင်း ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
 
ခွင့်မဲ့/စစ်ပြေး စစ်သည်တွေက ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ဆက်သွယ်တင်ပြလာမှုတွေရှိလို့ စစ်မှုထမ်းဆောင်ဖို့ ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမှာဖြစ်တယ်လို့  နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။