ယခုနှစ်မန်းသင်္ကြန်တွင် နိုင်ငံခြားခရီးသွားများအတွက် Night Market တစ်ခုပါဝင်မှာဖြစ်

ယခုနှစ်မန်းသင်္ကြန်တွင် နိုင်ငံခြားခရီးသွားများအတွက် Night Market တစ်ခုပါဝင်မှာဖြစ်

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ရက်များအတွင်း ညဘက်တွေမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေ စိတ်ဝင်စားစေမယ့် လည်ပတ်စရာ နေရာတစ်ခုအဖြစ် Night Market တစ်ခုဖန်တီးသွားဖို့စီစဉ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဆီကသိရပါ တယ်။

"၃၈ လမ်း၊ ၇၃ လမ်းနဲ့ ၇၈ လမ်းကြားမှာ သင်္ကြန်တွင်းညဘက်တွေမှာပိတ်ထားပြီးတော့ Night Market အဖြစ်စီစဉ်ထားတာပါ၊ အဲဒီမှာ နိုင်ငံခြားသားတွေအတွက်ပါ လည်ပတ်နိုင်မယ့်အခြေအနေမျိုးဖြစ်အောင် အကြံပြုထားတာရှိပါတယ်၊ အဲဒီနေရာမှာ Night Market လုပ်သွားမှာပါ’ လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်ဦးကျော်ဇောအောင်ကပြောပါတယ်။

ဒီလမ်းပိုင်းက ၂၀၁၉ ခုနှစ် ဇွန်လကအသစ်ဖွင့်လှစ်လိုက်တဲ့ ၃၈ လမ်းမကြီး(ဒေါ်အောင်ဆန်းစုကြည်လမ်း)ရဲ့ လမ်းပိုင်း တစ်ခုလည်း ဖြစ်ပြီး အဲဒီလမ်းပိုင်းကို Night Market အဖြစ် သီးသန့်သတ်မှတ်ဖန်တီးပုံဖော်သွားမှာပါ။ Night Market ထဲ ပါဝင်ဆင်နွှဲကြမယ့် စျေးဆိုင်တန်းတွေအနေနဲ့ကတော့ မိုဘိုင်းယာဉ်တွေနဲ့ စည်းကမ်းတကျ ပါဝင်ဆင်နွှဲ ကြရမှာဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှုကို ဦးစား ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

‘ယူနီဖောင်းလေးတွေလည်းဆင်တူနဲ့ သန့်သန့်ရှင်းရှင်းလေးဖြစ်နေရမယ်၊ အရက်သေစာ ရောင်းချခွင့်မရှိပါဘူး’ လို့လည်း ဦးကျော်ဇော အောင်ကပြောပါတယ်။အခုနှစ်မန္တလေးသင်္ကြန်က နှစ်တိုင်းလိုပဲ ကျုံးဘေးလမ်းလျှောက်သင်္ကြန်၊ မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်း အတွင်းပြုလုပ်တဲ့ တိုင်းရင်းသားသင်္ကြန်တို့လည်း ဆက်လက်ပါဝင်ဦးမှာဖြစ်ပြီး ကျံုးဘေးကရေကစားမဏ္ဍပ်တွေကို ပေ ၁၅၀ အထိဆောက်လုပ်ခွင့်ပြု ပေးသွားမှာဖြစ်တယ်လို့လည်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီကကြေညာထားပါတယ်။

KT
မန္တလေး ၊ ဖေဖော်ဝါရီ ၂၅

(  Zawgyi  )

 ယခုႏွစ္ မႏၲေလးသၾကၤန္ပြဲေတာ္ရက္မ်ားအတြင္း ညဘက္ေတြမွာ ႏိုင္ငံျခားခရီးသြားဧည့္သည္ေတြ စိတ္ဝင္စားေစမယ့္ လည္ပတ္စရာ ေနရာတစ္ခုအျဖစ္ Night Market တစ္ခုဖန္တီးသြားဖို႔စီစဥ္ထားတယ္လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဆီကသိရပါ တယ္။

"၃၈ လမ္း၊ ၇၃ လမ္းနဲ႔ ၇၈ လမ္းၾကားမွာ သၾကၤန္တြင္းညဘက္ေတြမွာပိတ္ထားၿပီးေတာ့ Night Market အျဖစ္စီစဥ္ထားတာပါ၊ အဲဒီမွာ ႏိုင္ငံျခားသားေတြအတြက္ပါ လည္ပတ္ႏိုင္မယ့္အေျခအေနမ်ိဳးျဖစ္ေအာင္ အႀကံျပဳထားတာရွိပါတယ္၊ အဲဒီေနရာမွာ Night Market လုပ္သြားမွာပါ’ လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ေကာ္မတီဝင္ဦးေက်ာ္ေဇာေအာင္ကေျပာပါတယ္။

ဒီလမ္းပိုင္းက ၂၀၁၉ ခုႏွစ္ ဇြန္လကအသစ္ဖြင့္လွစ္လိုက္တဲ့ ၃၈ လမ္းမႀကီး(ေဒၚေအာင္ဆန္းစုၾကည္လမ္း)ရဲ႕ လမ္းပိုင္း တစ္ခုလည္း ျဖစ္ၿပီး အဲဒီလမ္းပိုင္းကို Night Market အျဖစ္ သီးသန႔္သတ္မွတ္ဖန္တီးပုံေဖာ္သြားမွာပါ။ Night Market ထဲ ပါဝင္ဆင္ႏႊဲၾကမယ့္ ေစ်းဆိုင္တန္းေတြအေနနဲ႔ကေတာ့ မိုဘိုင္းယာဥ္ေတြနဲ႔ စည္းကမ္းတက် ပါဝင္ဆင္ႏႊဲ ၾကရမွာျဖစ္ၿပီး သန႔္ရွင္းသပ္ရပ္မႈကို ဦးစား ေပးသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။

‘ယူနီေဖာင္းေလးေတြလည္းဆင္တူနဲ႔ သန႔္သန႔္ရွင္းရွင္းေလးျဖစ္ေနရမယ္၊ အရက္ေသစာ ေရာင္းခ်ခြင့္မရွိပါဘူး’ လို႔လည္း ဦးေက်ာ္ေဇာ ေအာင္ကေျပာပါတယ္။အခုႏွစ္မႏၲေလးသၾကၤန္က ႏွစ္တိုင္းလိုပဲ က်ဳံးေဘးလမ္းေလွ်ာက္သၾကၤန္၊ မေနာ္ရမၼံျပည္သူ႔ဟစ္တိုင္ကြင္း အတြင္းျပဳလုပ္တဲ့ တိုင္းရင္းသားသၾကၤန္တို႔လည္း ဆက္လက္ပါဝင္ဦးမွာျဖစ္ၿပီး က်ံဳးေဘးကေရကစားမ႑ပ္ေတြကို ေပ ၁၅၀ အထိေဆာက္လုပ္ခြင့္ျပဳ ေပးသြားမွာျဖစ္တယ္လို႔လည္း မႏၲေလးၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီကေၾကညာထားပါတယ္။

KT
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၂၅