ယခင်တင်သွင်းပြီး ကားများသာ ရန်ကုန်ကားဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေရပြီး ပွိုင့်သရီး အိမ်စီးကားလေးများ ဈေးမာ

ယခင်တင်သွင်းပြီး ကားများသာ ရန်ကုန်ကားဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေရပြီး ပွိုင့်သရီး အိမ်စီးကားလေးများ ဈေးမာ

ပြည်ပမှ ကားတင်သွင်းခွင့် မူဝါဒများကြောင့် တစ်ပိုင်တစ်နိုင် ဝယ်ရောင်းပြုလုပ်သူများအနေဖြင့် ကားတင်သွင်းရန် အခက်အခဲများ ရှိသည့်အတွက် ယခင်တင်သွင်းပြီး ကားဟောင်းများကိုသာ ရန်ကုန်ကားဈေးကွက်တွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေရတယ်လို့ ရန်ကုန်ကားဝိုင်းအတွင်းမှ သိရပါတယ်။

လက်ရှိ ရန်ကုန်ကားဝိုင်းမှာတော့ ပွိုင့်သရီး ညာမောင်းအိမ်စီးကားလေးများ အပါအဝင် ဟွန်ဒါ၊ ပရိုဘောက်၊ ဖီဒါ ကျပ်သိန်းနှစ်ရာဝန်းကျင် ကားအမျိုးအစားများနှင့် လုပ်ငန်းသုံးပစ်ကပ်၊ ဟိုက်ဂျက်များသာ အများဆုံး အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။

“ရန်ကုန်ကားဈေးကွက်ရဲ့ အရောင်းအဝယ် အခြေအနေကတော့ ထူးခြားမှုမရှိပါဘူး။ယခင်တင်သွင်းပြီးသား ကားတွေကလည်း ကုန်သလောက်ဖြစ်နေပြီ အခုက လက်ကျန်ကားတွေကိုဘဲ ရောင်းနေရတာပေါ့။ကားထပ်ပြီးတော့ တင်သွင်းဖို့ကလည်း အခက်အခဲကရှိနေတော့ ယခင်တင်သွင်းပြီး ကားဟောင်းတွေကိုဘဲ ပြန်ပြုပြင်လိုက်၊ ပြန်ရောင်းလိုက်နဲ့ နှစ်ဦးနှစ်ဖက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ လုပ်နေရတယ်။ပွိုင့်သရီး အိမ်စီးကားလေးတွေကတော့ ရှားသွားပြီဖြစ်တဲ့အတွက် သူကတော့ ဈေးတန်းမာတာပေါ့နော်။အခု ရန်ကုန်လိုင်စင်တွေ ပြန်လည်ပေးမယ် ဆိုတာကတော့ သတင်းတွေထွက်နေတာ ရှိတယ်၊ သေချာတိတိကျကျတော့ မဟုတ်သေးဘူးပေါ့၊ နောက်တစ်ခုက ကားအသစ်တွေသွင်းပြီး ရောင်းမယ်ဆိုတော့လည်း စရိတ်စကနဲ့ဘာနဲ့ကျ အရှုံးပေါ်တာပေါ့နော်။ဒါကြောင့် တစ်ပိုင်တစ်နိုင် ဝယ်ရောင်းတွေကတော့ စောနကပြောတဲ့ ပုံစံလေးတွေနဲ့ဘဲ ကားဝိုင်းမှာ အရောင်းအဝယ် လုပ်နေရပါတယ်။” လို့ တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးငွေဇံ က ပြောပါတယ်။

ထို့အတူ တစ်ပိုင်တစ်နိုင် ကားဝယ်ရောင်းသူများ ကြုံတွေ့နေရတဲ့ အခက်အခဲများကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ထံ စာပေးပို့ တင်ပြထားတယ်လို့လည်း ၎င်းက ထပ်လောင်းပြောပြခဲ့ပါတယ်။ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ရောင်းဝယ်မှု ဈေးကွက်တွင် ပြည်ပမှလေလံဆွဲ၍ တင်သွင်းထားသော ယာဉ်များကို ကနဦးမှတ်ပုံတင်ပြုလုပ်ရာမှာ ရန်ကုန်လိုင်စင် ချပေးထားခြင်းမရှိသောကြောင့် အရောင်းအဝယ် ထိခိုက်မှုများရှိလာတယ်လို့လည်း မော်တော်ယာဉ်အရောင်းစင်တာ ပိုင်ရှင်များထံမှ သိရပါတယ်။

ဒါ့အပြင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးစနစ်အဖြစ် ယာဉ်ဟောင်းအပ်နှံသည့် စလစ်ကပ်၍ ကနဦး ယာဉ်မှတ်ပုံတင် ပြုလုပ်ရာတွင် ရန်ကုန်လိုင်စင်ယာဉ်အဖြစ် အလွယ်တကူရရှိသော်လည်း ယာဉ်ဟောင်းအပ်နှံသည့် ယာဉ်များရှားပါးလာကာ ယခင်က အပ်နှံထားပြီးနောက် စလစ်ကို လက်ဝယ်ကိုင်ဆောင်ကာ ဈေးကွက်တစ်ခုသဖွယ် ရောင်းချနေသူများကလည်း ဈေးကစားမှုတွေ ရှိနေတယ်လို့ ကားတင်သွင်းရောင်းချသူတွေက ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ျပည္ပမွ ကားတင္သြင္းခြင့္ မူဝါဒမ်ားေၾကာင့္ တစ္ပိုင္တစ္ႏိုင္ ဝယ္ေရာင္းျပဳလုပ္သူမ်ားအေနျဖင့္ ကားတင္သြင္းရန္ အခက္အခဲမ်ား ရွိသည့္အတြက္ ယခင္တင္သြင္းၿပီး ကားေဟာင္းမ်ားကိုသာ ရန္ကုန္ကားေဈးကြက္တြင္ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ စနစ္ျဖင့္ အေရာင္းအဝယ္ ျပဳလုပ္ေနရတယ္လို႔ ရန္ကုန္ကားဝိုင္းအတြင္းမွ သိရပါတယ္။

လက္ရွိ ရန္ကုန္ကားဝိုင္းမွာေတာ့ ပြိဳင့္သရီး ညာေမာင္းအိမ္စီးကားေလးမ်ား အပါအဝင္ ဟြန္ဒါ၊ ပ႐ိုေဘာက္၊ ဖီဒါ က်ပ္သိန္းႏွစ္ရာဝန္းက်င္ ကားအမ်ိဳးအစားမ်ားႏွင့္ လုပ္ငန္းသုံးပစ္ကပ္၊ ဟိုက္ဂ်က္မ်ားသာ အမ်ားဆုံး အေရာင္းအဝယ္ျပဳလုပ္ေနရတယ္လို႔ ဆိုပါတယ္။

“ရန္ကုန္ကားေဈးကြက္ရဲ႕ အေရာင္းအဝယ္ အေျခအေနကေတာ့ ထူးျခားမႈမရွိပါဘူး။ယခင္တင္သြင္းၿပီးသား ကားေတြကလည္း ကုန္သေလာက္ျဖစ္ေနၿပီ အခုက လက္က်န္ကားေတြကိုဘဲ ေရာင္းေနရတာေပါ့။ကားထပ္ၿပီးေတာ့ တင္သြင္းဖို႔ကလည္း အခက္အခဲကရွိေနေတာ့ ယခင္တင္သြင္းၿပီး ကားေဟာင္းေတြကိုဘဲ ျပန္ျပဳျပင္လိုက္၊ ျပန္ေရာင္းလိုက္နဲ႔ ႏွစ္ဦးႏွစ္ဖက္ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္စနစ္နဲ႔ လုပ္ေနရတယ္။ပြိဳင့္သရီး အိမ္စီးကားေလးေတြကေတာ့ ရွားသြားၿပီျဖစ္တဲ့အတြက္ သူကေတာ့ ေဈးတန္းမာတာေပါ့ေနာ္။အခု ရန္ကုန္လိုင္စင္ေတြ ျပန္လည္ေပးမယ္ ဆိုတာကေတာ့ သတင္းေတြထြက္ေနတာ ရွိတယ္၊ ေသခ်ာတိတိက်က်ေတာ့ မဟုတ္ေသးဘူးေပါ့၊ ေနာက္တစ္ခုက ကားအသစ္ေတြသြင္းၿပီး ေရာင္းမယ္ဆိုေတာ့လည္း စရိတ္စကနဲ႔ဘာနဲ႔က် အရႈံးေပၚတာေပါ့ေနာ္။ဒါေၾကာင့္ တစ္ပိုင္တစ္ႏိုင္ ဝယ္ေရာင္းေတြကေတာ့ ေစာနကေျပာတဲ့ ပုံစံေလးေတြနဲ႔ဘဲ ကားဝိုင္းမွာ အေရာင္းအဝယ္ လုပ္ေနရပါတယ္။” လို႔ တစ္ပိုင္တစ္ႏိုင္ ကားဝယ္ေရာင္းလုပ္ငန္းရွင္ တစ္ဦးျဖစ္သူ ဦးေငြဇံ က ေျပာပါတယ္။

ထို႔အတူ တစ္ပိုင္တစ္ႏိုင္ ကားဝယ္ေရာင္းသူမ်ား ႀကဳံေတြ႕ေနရတဲ့ အခက္အခဲမ်ားကိုလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ဝန္ႀကီးခ်ဳပ္ထံ စာေပးပို႔ တင္ျပထားတယ္လို႔လည္း ၎က ထပ္ေလာင္းေျပာျပခဲ့ပါတယ္။ရန္ကုန္ၿမိဳ႕ရွိ ေမာ္ေတာ္ယာဥ္ေရာင္းဝယ္မႈ ေဈးကြက္တြင္ ျပည္ပမွေလလံဆြဲ၍ တင္သြင္းထားေသာ ယာဥ္မ်ားကို ကနဦးမွတ္ပုံတင္ျပဳလုပ္ရာမွာ ရန္ကုန္လိုင္စင္ ခ်ေပးထားျခင္းမရွိေသာေၾကာင့္ အေရာင္းအဝယ္ ထိခိုက္မႈမ်ားရွိလာတယ္လို႔လည္း ေမာ္ေတာ္ယာဥ္အေရာင္းစင္တာ ပိုင္ရွင္မ်ားထံမွ သိရပါတယ္။

ဒါ့အျပင္ ယာဥ္အိုယာဥ္ေဟာင္း အစားထိုးစနစ္အျဖစ္ ယာဥ္ေဟာင္းအပ္ႏွံသည့္ စလစ္ကပ္၍ ကနဦး ယာဥ္မွတ္ပုံတင္ ျပဳလုပ္ရာတြင္ ရန္ကုန္လိုင္စင္ယာဥ္အျဖစ္ အလြယ္တကူရရွိေသာ္လည္း ယာဥ္ေဟာင္းအပ္ႏွံသည့္ ယာဥ္မ်ားရွားပါးလာကာ ယခင္က အပ္ႏွံထားၿပီးေနာက္ စလစ္ကို လက္ဝယ္ကိုင္ေဆာင္ကာ ေဈးကြက္တစ္ခုသဖြယ္ ေရာင္းခ်ေနသူမ်ားကလည္း ေဈးကစားမႈေတြ ရွိေနတယ္လို႔ ကားတင္သြင္းေရာင္းခ်သူေတြက ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀