မွန်ပြည်နယ်ဟာ နိုင်ငံရဲ့မဟာဗျုဟာကျတဲ့ အာဆီယံအရှေ့အနောက် စီးပွားရေး စင်္ကြန်မှာရှိသည့် အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်းဆုံးလုပ်နိုင်သည့် ပြည်နယ်ဖြစ်ဟု ဆို

မွန်ပြည်နယ်ဟာ နိုင်ငံရဲ့မဟာဗျုဟာကျတဲ့  အာဆီယံအရှေ့အနောက် စီးပွားရေး စင်္ကြန်မှာရှိသည့် အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်းဆုံးလုပ်နိုင်သည့်  ပြည်နယ်ဖြစ်ဟု ဆို

မွန်ပြည်နယ်ဟာ ပထဝီဝင်အနေအထားအရ နိုင်ငံရဲ့မဟာဗျုဟာကျတဲ့  အာဆီယံအရှေ့ အနောက် စီးပွားရေးစင်္ကြန်မှာရှိတဲ့ အတွက် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နိုင်ငံတကာနဲ့စီးပွားရေး ချိတ်ဆက်ဆောင် ရွက် မှု အကောင်းဆုံးလုပ်နိုင်သည့်  ပြည်နယ်တစ်ခုဖြစ်တယ်လို့မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။   ဒါ့အပြင် နိုင်ငံတော် အစိုးရအနေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ပုဂ္ဂလိက ကဏ္ဍတွေကိုအဓိကမောင်းနှင်အားတွေအဖြစ် သတ်မှတ်ပြီးတော့ အခြေခံ ခိုင်မာ တဲ့  ရေရှည်တည်တံ့တဲ့ တန်းတူညီမျှတဲ့  ကဏ္ဍအားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျုဟာ ကိုဖော်ဆောင်နိုင်ရေး အတွက်  မြန်မာနိုင်ငံရဲ့ ရေရှည်၊တည်တံ့ တည်မြဲ၊ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း မဟာဗျုဟာတွေကိုလည်း အကောင်ထည်ဖော် ဆောင်ရွက်လျက် ရှိတယ် လို့လည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က နိုဝင်ဘာ ၂၉ ရက်နေ့မှာ မော်လမြိုင်မြို့ရှိ Starnd Hotel မှာပြုလုပ်ခဲ့တဲ့ "၂၀၁၉ ခုနှစ် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲကြီး"ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါသေးတယ်။

"အဓိကက အလုပ်အကိုင်ဖန်တီးရေးနဲ့ ပုဂ္ဂလိကကဏ္ဍဦးဆောင်တဲ့  ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် မဟာဗျုဟာကို ချမှတ်ထားတာဖြစ်ပါတယ်။နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာကဏ္ဍစုံ ဒေသစုံဖွံ့ဖြိုး တိုးတက်ဖို့အတွက် မျှော်မှန်းချက်တွေကို ချမှတ်ပြီးဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ ငွေကြေး၊ အရင်းအနှီး၊ နည်းပညာလူ့အစွမ်းအားအရင်းအမြစ် အခြေခံ အဆောက်အအုံတွေ လုံလောက်ပြည့်စုံဖို့ လိုအပ်လှပါတယ်။

အဲ့လိုအပ်ချက်တွေကို အစိုးရပိုင်း ကဏ္ဍက လည်းဖြည့် ဆည်းပေးနိုင် သလို  ပုဂ္ဂလိကကဏ္ဍ နဲ့ ပူးပေါင်းပြီးပူးပေါင်းအကောင်အထည်ဖော်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင်ပြည်နယ်ရဲ့နှစ်အလိုက်စာရင်းများ အရ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာ ၂၀၁၈ -၂၀၁၉  ခုနှစ်ဘဏ္ဍာနှစ်ကုန်မှာ ကျပ် ၄၃၆၀ ဒသမ ၃၆ ဘီလီလျံဖြစ်ပေါ်ခဲ့ပြီး  စီမံကိန်းရည်မှန်းချက်က ၁၀၄ ဒဿမ ၁၁ ရာခိုင်နှုန်းရှိခဲ့ ပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့စီးပွားရေးရင်းနှီးမြှုပ်နှံဆောင်ရွက်မှုများအနေနဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၃၈)ခု  နိုင်ငံသားရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်း(၄၅)ခု စုစုပေါင်းလုပ်ငန်း (၈၀)ခု အထိရှိလာပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးက ကန်ဒေါ်လာ ၅၇၄၃ ဒသမ ၉၈ သန်း ကျပ်ငွေအားဖြင့်  သန်းပေါင်း ၈၂၁၈၂၅ ဒသမ ၇၅ သန်းအထိ ရှိလာပါ တယ်။ပြောရရင် မွန်ပြည်နယ်ဟာ ရာသီဥတုကောင်းမွန်ပြီး ပထဝီဝင်အနေအထားက  နိုင်ငံရဲ့ မဟာဗျုဟာကျတဲ့  အာဆီယံ အရှေ့ အနောက်စီးပွားရေးစင်္ကြန်မှာရှိတဲ့ အတွက်ရင်းနှီးမြှုပ်နှံမှုများ အနေ နဲ့နိုင်ငံတကာနဲ့ စီးပွားရေးချိတ်ဆက်ဆောင်ရွက်နိိုင်ပြီး ရေရှည် အကျိုးအမြတ် ရရှိမယ့်ဒေသ လည်းဖြစ် ပါတယ်။"လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကပြောကြားခဲ့တာပါ။

ဒါ့အပြင်  မွန်ပြည်နယ်ဟာစီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက်  အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်စွမ်းအင်ကဏ္ဍ တွေမှာလည်း ပြည့်စုံတဲ့ ပြည်နယ်တစ်ခုဖြစ်သလို လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေ ကို လည်း ပြည်နယ်အစိုးရမှလိုအပ်သည့် အရာများကို့်ကူညီဆောင်ရွက်မှုတွေပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။       ထို့အတူ မော်လမြိုင်မြို့မှာ နှစ်ရက်တာကျင်းပမယ့်၂၀၁၉ ခုနှစ် မွန်ပြည်နယ်ရ င်းနှီးမြှုပ်နှံမှုပြပွဲကြီးမှာလည်း စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ စွမ်းအင်၊ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ခရီးသွားလုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အစရှိသည့် ကဏ္ဍများ အကြောင်းကို ဆွေးနွေးဖလှယ်ကြဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြေသိမ်း၊ရဲနိုင်(လောက်ကိုင်)
 မော်လမြိုင်၊နိုဝင်ဘာ ၃၀

(  Zawgyi  )

 မြန္ျပည္နယ္ဟာ ပထဝီဝင္အေနအထားအရ ႏိုင္ငံရဲ႕မဟာဗ်ဳဟာက်တဲ့  အာဆီယံအေရွ႕ အေနာက္ စီးပြားေရးစၾကၤန္မွာရွိတဲ့ အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အပါအဝင္ ႏိုင္ငံတကာနဲ႔စီးပြားေရး ခ်ိတ္ဆက္ေဆာင္ ႐ြက္ မႈ အေကာင္းဆုံးလုပ္ႏိုင္သည့္  ျပည္နယ္တစ္ခုျဖစ္တယ္လို႔မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ က ေျပာပါတယ္။   ဒါ့အျပင္ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ဖို႔ အတြက္ ပုဂၢလိက က႑ေတြကိုအဓိကေမာင္းႏွင္အားေတြအျဖစ္ သတ္မွတ္ၿပီးေတာ့ အေျခခံ ခိုင္မာ တဲ့  ေရရွည္တည္တံ့တဲ့ တန္းတူညီမွ်တဲ့  က႑အားလုံးပါဝင္တဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရး မဟာဗ်ဳဟာ ကိုေဖာ္ေဆာင္ႏိုင္ေရး အတြက္  ျမန္မာႏိုင္ငံရဲ႕ ေရရွည္၊တည္တံ့ တည္ၿမဲ၊ခိုင္ၿမဲၿပီး ဟန္ခ်က္ညီတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္း မဟာဗ်ဳဟာေတြကိုလည္း အေကာင္ထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိတယ္ လို႔လည္း မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ က ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာ ေမာ္လၿမိဳင္ၿမိဳ႕ရွိ Starnd Hotel မွာျပဳလုပ္ခဲ့တဲ့ "၂၀၁၉ ခုႏွစ္ မြန္ျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈျပပြဲႀကီး"ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားခဲ့ပါေသးတယ္။

"အဓိကက အလုပ္အကိုင္ဖန္တီးေရးနဲ႔ ပုဂၢလိကက႑ဦးေဆာင္တဲ့  ဖြံ႕ၿဖိဳးတိုးတက္လာဖို႔အတြက္ မဟာဗ်ဳဟာကို ခ်မွတ္ထားတာျဖစ္ပါတယ္။ႏိုင္ငံရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဟာက႑စုံ ေဒသစုံဖြံ႕ၿဖိဳး တိုးတက္ဖို႔အတြက္ ေမွ်ာ္မွန္းခ်က္ေတြကို ခ်မွတ္ၿပီးေဆာင္႐ြက္ေနတာလည္းျဖစ္ပါတယ္။ ေငြေၾကး၊ အရင္းအႏွီး၊ နည္းပညာလူ႔အစြမ္းအားအရင္းအျမစ္ အေျခခံ အေဆာက္အအုံေတြ လုံေလာက္ျပည့္စုံဖို႔ လိုအပ္လွပါတယ္။

အဲ့လိုအပ္ခ်က္ေတြကို အစိုးရပိုင္း က႑က လည္းျဖည့္ ဆည္းေပးႏိုင္ သလို  ပုဂၢလိကက႑ နဲ႔ ပူးေပါင္းၿပီးပူးေပါင္းအေကာင္အထည္ေဖာ္ၾကရမွာျဖစ္ပါတယ္။ဒါ့အျပင္ျပည္နယ္ရဲ႕ႏွစ္အလိုက္စာရင္းမ်ား အရ အသားတင္ထုတ္လုပ္မႈတန္ဖိုး GDP ဟာ ၂၀၁၈ -၂၀၁၉  ခုႏွစ္ဘ႑ာႏွစ္ကုန္မွာ က်ပ္ ၄၃၆၀ ဒသမ ၃၆ ဘီလီလ်ံျဖစ္ေပၚခဲ့ၿပီး  စီမံကိန္းရည္မွန္းခ်က္က ၁၀၄ ဒႆမ ၁၁ ရာခိုင္ႏႈန္းရွိခဲ့ ပါတယ္။

မြန္ျပည္နယ္အတြင္းမွာရွိတဲ့စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္မႈမ်ားအေနနဲ႔ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ အထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ(၃၈)ခု  ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံတဲ့လုပ္ငန္း(၄၅)ခု စုစုေပါင္းလုပ္ငန္း (၈၀)ခု အထိရွိလာၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ဖိုးအားျဖင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးက ကန္ေဒၚလာ ၅၇၄၃ ဒသမ ၉၈ သန္း က်ပ္ေငြအားျဖင့္  သန္းေပါင္း ၈၂၁၈၂၅ ဒသမ ၇၅ သန္းအထိ ရွိလာပါ တယ္။ေျပာရရင္ မြန္ျပည္နယ္ဟာ ရာသီဥတုေကာင္းမြန္ၿပီး ပထဝီဝင္အေနအထားက  ႏိုင္ငံရဲ႕ မဟာဗ်ဳဟာက်တဲ့  အာဆီယံ အေရွ႕ အေနာက္စီးပြားေရးစၾကၤန္မွာရွိတဲ့ အတြက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အေန နဲ႔ႏိုင္ငံတကာနဲ႔ စီးပြားေရးခ်ိတ္ဆက္ေဆာင္႐ြက္နိိုင္ၿပီး ေရရွည္ အက်ိဳးအျမတ္ ရရွိမယ့္ေဒသ လည္းျဖစ္ ပါတယ္။"လို႔ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ ကေျပာၾကားခဲ့တာပါ။

ဒါ့အျပင္  မြန္ျပည္နယ္ဟာစီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြကိုေဆာင္႐ြက္ႏိုင္ဖို႔အတြက္  အေျခခံ အေဆာက္အအုံေတြျဖစ္တဲ့ လမ္းပန္းဆက္သြယ္ေရး၊လွ်ပ္စစ္စြမ္းအင္က႑ ေတြမွာလည္း ျပည့္စုံတဲ့ ျပည္နယ္တစ္ခုျဖစ္သလို လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလိုတဲ့ ျပည္တြင္း၊ျပည္ပ စီးပြားေရးလုပ္ငန္းရွင္ေတြ ကို လည္း ျပည္နယ္အစိုးရမွလိုအပ္သည့္ အရာမ်ားကို႔္ကူညီေဆာင္႐ြက္မႈေတြျပဳလုပ္ေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။       ထို႔အတူ ေမာ္လၿမိဳင္ၿမိဳ႕မွာ ႏွစ္ရက္တာက်င္းပမယ့္၂၀၁၉ ခုႏွစ္ မြန္ျပည္နယ္ရ င္းႏွီးျမႇဳပ္ႏွံမႈျပပြဲႀကီးမွာလည္း စိုက္ပ်ိဳးေရး၊ ငါးေမြးျမဴေရး၊ စြမ္းအင္၊ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕၊ ခရီးသြားလုပ္ငန္း၊အိမ္ၿခံေျမလုပ္ငန္းႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း အစရွိသည့္ က႑မ်ား အေၾကာင္းကို ေဆြးေႏြးဖလွယ္ၾကဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ေျပသိမ္း၊ရဲႏိုင္(ေလာက္ကိုင္)
 ေမာ္လၿမိဳင္၊ႏိုဝင္ဘာ ၃၀