မြန်မာ-ထိုင်း ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်းလေးရာကျော် ရှိလာ

မြန်မာ-ထိုင်း ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်းလေးရာကျော် ရှိလာ

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ယခုဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်းလေးရာကျော်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ပထမအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ နိုင်ငံအလိုက် (ပင်လယ်ရေကြောင်း+နယ်စပ်) ကုန်သွယ်မှုပမာဏအခြေအနေ စာရင်းအချက်အလက်များအရ သိရပါတယ်။

“ဒီဘက်နှစ် အထူးသဖြင့် တရုတ်ဘက်က ဂိတ်တွေမှာ အခက်အခဲဖြစ်လာပြီးနောက်မှာ နဘုလယ်တို့၊ တာချီလိတ်တို့၊ တခြား ထိုင်းနဲ့စပ်နေတဲ့ စခန်းတွေမှာ အရောင်းအဝယ်တက်လာတယ်။အရင်ကဆို ဒီဂိတ်တွေက မြန်မာဘက်က အဓိကအားထားရတဲ့ ဂိတ်တွေလေ၊ တရုတ်ဘက်က စစ်အစိုးရလက်ထက်မှာမှ ဖြစ်လာတာ။ဒီအချိန်က ဟိုဘက်မှာ ရေအခက်အခဲ‌ကြောင့် သီးနှံဖြစ်တာနည်းတယ်။ဒီဘက်က အကုန်တင်နေရတာ။လိုင်းက မနှစ်ကစပြီးပွင့်တာ။အခုက လမ်းလည်း ADB လမ်းက ကောင်းနေတော့ ပိုများလာမယ်ထင်တယ်” လို့ တာချီလိတ်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း မြန်မာဘက်မှ ထိုင်းဘက်သို့ အမေရိကန်ဒေါ်လာ ၂၆၆ ဒသမ ၉၇၅ သန်း ကုန်ပစ္စည်းတင်ပို့ခဲ့ကာ ထိုင်းဘက်မှ အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၈၂၅ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၄၄၃ ဒသမ ၈၀၁ သန်း ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း  ထိုင်း-မြန်မာကြားကုန်သွယ်မှုမှာ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆၆၆ ဒသမ ၄၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၁၁ ဒသမ ၁၉၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၆၆ ဒသမ ဝ၆၆သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းထိ ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၉
( Zawgyi )
ျမန္မာႏွင့္ ထိုင္း ႏွစ္ႏိုင္ငံအၾကား ယခုဘ႑ာႏွစ္ ႏွစ္လတာကာလအတြင္း ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ သန္းေလးရာေက်ာ္ရွိေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ဇန္နဝါရီ ပထမအပတ္အတြင္း ထုတ္ျပန္ခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ႏိုင္ငံအလိုက္ (ပင္လယ္ေရေၾကာင္း+နယ္စပ္) ကုန္သြယ္မႈပမာဏအေျခအေန စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

“ဒီဘက္ႏွစ္ အထူးသျဖင့္ တ႐ုတ္ဘက္က ဂိတ္ေတြမွာ အခက္အခဲျဖစ္လာၿပီးေနာက္မွာ နဘုလယ္တို႔၊ တာခ်ီလိတ္တို႔၊ တျခား ထိုင္းနဲ႔စပ္ေနတဲ့ စခန္းေတြမွာ အေရာင္းအဝယ္တက္လာတယ္။အရင္ကဆို ဒီဂိတ္ေတြက ျမန္မာဘက္က အဓိကအားထားရတဲ့ ဂိတ္ေတြေလ၊ တ႐ုတ္ဘက္က စစ္အစိုးရလက္ထက္မွာမွ ျဖစ္လာတာ။ဒီအခ်ိန္က ဟိုဘက္မွာ ေရအခက္အခဲ‌ေၾကာင့္ သီးႏွံျဖစ္တာနည္းတယ္။ဒီဘက္က အကုန္တင္ေနရတာ။လိုင္းက မႏွစ္ကစၿပီးပြင့္တာ။အခုက လမ္းလည္း ADB လမ္းက ေကာင္းေနေတာ့ ပိုမ်ားလာမယ္ထင္တယ္” လို႔ တာခ်ီလိတ္အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ႏွစ္လတာကာလအတြင္း ျမန္မာဘက္မွ ထိုင္းဘက္သို႔ အေမရိကန္ေဒၚလာ ၂၆၆ ဒသမ ၉၇၅ သန္း ကုန္ပစၥည္းတင္ပို႔ခဲ့ကာ ထိုင္းဘက္မွ အေမရိကန္ေဒၚလာ ၁၇၆ ဒသမ ၈၂၅ သန္း တန္ဖိုးရွိ ကုန္ပစၥည္းမ်ား တင္သြင္းခဲ့ၿပီး စုစုေပါင္း ကန္ေဒၚလာ ၄၄၃ ဒသမ ၈၀၁ သန္း ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာ ကာလအတြင္း  ထိုင္း-ျမန္မာၾကားကုန္သြယ္မႈမွာ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၆၆၆ ဒသမ ၄၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၇၁၁ ဒသမ ၁၉၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၈၆၆ ဒသမ ဝ၆၆သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၂၈၈ ဒသမ ၁၇၂သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၀၇၄ ဒသမ ၇၀၇ သန္းထိ ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၉