မြန်မာ့ပင်လယ်ပြင် ငါးဖမ်းရာသီချိန် ပြောင်းလဲသတ်မှတ်မှု ငါးဖမ်းစက်လှေများအတွက် ငါးများများရနိုင်ဟု လုပ်ငန်းရှင်များဆို

မြန်မာ့ပင်လယ်ပြင် ငါးဖမ်းရာသီချိန် ပြောင်းလဲသတ်မှတ်မှု ငါးဖမ်းစက်လှေများအတွက် ငါးများများရနိုင်ဟု လုပ်ငန်းရှင်များဆို

မြန်မာ့ပင်လယ်ပြင်တွင် ရေထွက်သံယံဇာတ ပေါကြွယ်၀လာစေရေးနှင့် ငါးသံယံဇာတ ထိန်းသိမ်းရေးအတွက် ယခုနှစ်ငါးဖမ်းရာသီမှစကာ ငါးဖမ်းရာသီကို ယခင်နှစ်သတ်မှတ်ချက်ထက် ရှေ့တစ်လတိုး၍ သတ်မှတ်ခဲ့ရာ အဆိုသတ်မှတ်ချက်မှာ ငါးဖမ်းစက်လှေများအတွက် ယခင်ကထက် ငါးအထိအမိကောင်းနိုင်တယ်လို့ ငါးဖမ်းစက်လှေလုပ်ငန်းရှင်များက ဆိုပါတယ်။

“တစ်လရှေ့ကိုတိုးပြီး ပိတ်သိမ်းလိုက်တဲ့အခါကျတော့ မှန်လည်းမှန်ပါတယ်။ငါးသားပေါက်ရာသီနဲ့လည်း တည့်တည့် ကျတယ်။ကျွန်တော်တို့ လုပ်ငန်းခွင်အနေနဲ့လည်း တစ်လစောပိတ်ရပေမယ့် တစ်လစောထွက်ရတယ်လို့ပဲ ပြောရမှာပေါ့။အရင်ပိတ်ထားတဲ့လက ကျွန်တော်တို့ တစ်ကယ်အလုပ်လုပ်ရမယ့်ကာလကို မလုပ်ရဘူး။ကျွန်တော်တို့ လုပ်ငန်းရှင်တွေက မိုးအခါမှာ ဦးစားပေးလုပ်ရတယ်။နွေအခါမှာက အရင်းသာသာနဲ့သွားရတာဆိုတော့ အခု တစ်လစောပိတ်တာကို ပိုကြိုက်ပါတယ်။ပိုပြီးတော့ အလားအလာပိုကောင်းနိုင်ပါတယ်။ငါးက မိုးတွင်းဘက် သုံးလဆိုများများရပြီး နောက်ပိုင်းဆို သိပ်မရတော့ဘူး။တကယ်ရမယ့်လမှာ ပိတ်သိမ်းကာလနဲ့ကြုံရင် လုပ်ငန်းမကောင်းဘူး။လာမယ့်ရာသီကတော့ ကိုဗစ်မဖြစ်ရင် အဆင်ပြေပြီလို့ထင်ပါတယ်။ပိတ်သိမ်းကာလ မှန်သွားပြီလေ”လို့  ကဒုံကနိအခြေစိုက် ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတင်ကိုလွင် က ပြောခဲ့ပါတယ်။

ယခုပြင်ဆင်ချက်မှာ နော်ဝေမှ ပညာရှင်များ လာရောက်သုတေသနပြုလုပ်ပြီးနောက် အကြံပြုခဲ့သည့် ပြင်ဆင်ချက်ဖြစ်ပြီး ယခုသတ်မှတ်ချက်ထဲတွင် ကမ်းနီးအပြင် ကမ်းဝေးဧရိယာများလည် ပါဝင်ကြောင်း သိရပါတယ်။

“နော်ဝေက သုတေတနသင်္ဘောတွေ လာပြီးသုတေသနလုပ်တဲ့အခါကျတော့ အရင်တုန်းက ကိုယ့်နိုင်ငံရဲ့ငါးဖမ်းပိတ်သိမ်းရာသီကို အရင်တုန်းက ဇွန်၊ ဇူလိုင်၊ ဩဂုတ် လုပ်ထားတဲ့အခါဟာကနေ အရှေ့နည်းနည်းတိုးဖို့ လုပ်ရတာပေါ့နော်။ဘာဖြစ်လို့လည်းဆိုတဲ့အခါကျတော့ ကိုယ့်လူတွေ ဘယ်လောက်ခံနိုင်လည်းဆိုတာလည်း သုံးသပ်ရတယ်။ဆောင်းတွင်းနဲ့ ဧပြီရယ် မရောက်ခင်ထိကို ကောင်းကောင်းဖမ်းနိုင်တယ်။မတ်လအထိပေါ့။ဆိုတော့ ငါးဖမ်းကာလကိုတိုးရင် ဒီနှစ်မှာ မေ၊ ဇွန်၊ ဇူလိုင်။နောက်နှစ်ဆို ဧပြီ၊ မေ၊ ဇွန်လောက်တော့ ဖြစ်သွားမှာပေါ့။ဧပြီ သင်္ကြန်ဆို အဲ့အချိန်က သင်္ဘောတွေပြန်ဝင်လာပြီး ရောင်းဝယ်ရတာ အရမ်းခက်တဲ့ကာလ ဖြစ်တဲ့အခါကျတော့ ဧပြီလောက်ထိ ပိတ်လိုက်တဲ့ဟာက ငါးဖမ်းတဲ့ကာလကို မထိခိုက်ဘူးလို့ ဟိုဘက်ဒီဘက်ညှိပြီး သုံးသပ်ပြီးတော့ ဆောင်းတွင်းမှာပေါက်တဲ့ ငါးတွေလည်း ကြီးထွားမှုရှိလာမယ်ဆိုပြီး ခုလိုပိတ်ဖို့ သဘောတူထားတာပေါ့” လို့  မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ဒု-ဥက္ကဋ္ဌ ဒေါ်တိုးနန္တာတင် က ဆိုပါတယ်။

လက်ရှိတွင် မြန်မာ့ငါးစျေးကွက်မှာ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကူးစက်ကပ်ရောဂါ ကိုဗစ်ကြောင့် စတင်ဖြစ်ပွားခဲ့သည့် မတ်လမှစကာ ပြည်တွင်း/ပြည်ပ စျေးကွက် ဝယ်ယူအားကျဆင်းခဲ့ကာ ယခုအချိန်ကာလအထိ ဝယ်လိုအားကျဆင်းနေပြီး အရှုံးနှင့်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဇွဲမာန်၊ ဘိုဘိုသိန်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၀

( Zawgyi )

ျမန္မာ့ပင္လယ္ျပင္တြင္ ေရထြက္သံယံဇာတ ေပါႂကြယ္၀လာေစေရးႏွင့္ ငါးသံယံဇာတ ထိန္းသိမ္းေရးအတြက္ ယခုႏွစ္ငါးဖမ္းရာသီမွစကာ ငါးဖမ္းရာသီကို ယခင္ႏွစ္သတ္မွတ္ခ်က္ထက္ ေရွ႕တစ္လတိုး၍ သတ္မွတ္ခဲ့ရာ အဆိုသတ္မွတ္ခ်က္မွာ ငါးဖမ္းစက္ေလွမ်ားအတြက္ ယခင္ကထက္ ငါးအထိအမိေကာင္းႏိုင္တယ္လို႔ ငါးဖမ္းစက္ေလွလုပ္ငန္းရွင္မ်ားက ဆိုပါတယ္။

“တစ္လေရွ႕ကိုတိုးၿပီး ပိတ္သိမ္းလိုက္တဲ့အခါက်ေတာ့ မွန္လည္းမွန္ပါတယ္။ငါးသားေပါက္ရာသီနဲ႔လည္း တည့္တည့္ က်တယ္။ကြၽန္ေတာ္တို႔ လုပ္ငန္းခြင္အေနနဲ႔လည္း တစ္လေစာပိတ္ရေပမယ့္ တစ္လေစာထြက္ရတယ္လို႔ပဲ ေျပာရမွာေပါ့။အရင္ပိတ္ထားတဲ့လက ကြၽန္ေတာ္တို႔ တစ္ကယ္အလုပ္လုပ္ရမယ့္ကာလကို မလုပ္ရဘူး။ကြၽန္ေတာ္တို႔ လုပ္ငန္းရွင္ေတြက မိုးအခါမွာ ဦးစားေပးလုပ္ရတယ္။ေႏြအခါမွာက အရင္းသာသာနဲ႔သြားရတာဆိုေတာ့ အခု တစ္လေစာပိတ္တာကို ပိုႀကိဳက္ပါတယ္။ပိုၿပီးေတာ့ အလားအလာပိုေကာင္းႏိုင္ပါတယ္။ငါးက မိုးတြင္းဘက္ သုံးလဆိုမ်ားမ်ားရၿပီး ေနာက္ပိုင္းဆို သိပ္မရေတာ့ဘူး။တကယ္ရမယ့္လမွာ ပိတ္သိမ္းကာလနဲ႔ႀကဳံရင္ လုပ္ငန္းမေကာင္းဘူး။လာမယ့္ရာသီကေတာ့ ကိုဗစ္မျဖစ္ရင္ အဆင္ေျပၿပီလို႔ထင္ပါတယ္။ပိတ္သိမ္းကာလ မွန္သြားၿပီေလ”လို႔  ကဒုံကနိအေျခစိုက္ ေရလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ ဦးတင္ကိုလြင္ က ေျပာခဲ့ပါတယ္။

ယခုျပင္ဆင္ခ်က္မွာ ေနာ္ေဝမွ ပညာရွင္မ်ား လာေရာက္သုေတသနျပဳလုပ္ၿပီးေနာက္ အႀကံျပဳခဲ့သည့္ ျပင္ဆင္ခ်က္ျဖစ္ၿပီး ယခုသတ္မွတ္ခ်က္ထဲတြင္ ကမ္းနီးအျပင္ ကမ္းေဝးဧရိယာမ်ားလည္ ပါဝင္ေၾကာင္း သိရပါတယ္။

“ေနာ္ေဝက သုေတတနသေဘၤာေတြ လာၿပီးသုေတသနလုပ္တဲ့အခါက်ေတာ့ အရင္တုန္းက ကိုယ့္ႏိုင္ငံရဲ႕ငါးဖမ္းပိတ္သိမ္းရာသီကို အရင္တုန္းက ဇြန္၊ ဇူလိုင္၊ ဩဂုတ္ လုပ္ထားတဲ့အခါဟာကေန အေရွ႕နည္းနည္းတိုးဖို႔ လုပ္ရတာေပါ့ေနာ္။ဘာျဖစ္လို႔လည္းဆိုတဲ့အခါက်ေတာ့ ကိုယ့္လူေတြ ဘယ္ေလာက္ခံႏိုင္လည္းဆိုတာလည္း သုံးသပ္ရတယ္။ေဆာင္းတြင္းနဲ႔ ဧၿပီရယ္ မေရာက္ခင္ထိကို ေကာင္းေကာင္းဖမ္းႏိုင္တယ္။မတ္လအထိေပါ့။ဆိုေတာ့ ငါးဖမ္းကာလကိုတိုးရင္ ဒီႏွစ္မွာ ေမ၊ ဇြန္၊ ဇူလိုင္။ေနာက္ႏွစ္ဆို ဧၿပီ၊ ေမ၊ ဇြန္ေလာက္ေတာ့ ျဖစ္သြားမွာေပါ့။ဧၿပီ သၾကၤန္ဆို အဲ့အခ်ိန္က သေဘၤာေတြျပန္ဝင္လာၿပီး ေရာင္းဝယ္ရတာ အရမ္းခက္တဲ့ကာလ ျဖစ္တဲ့အခါက်ေတာ့ ဧၿပီေလာက္ထိ ပိတ္လိုက္တဲ့ဟာက ငါးဖမ္းတဲ့ကာလကို မထိခိုက္ဘူးလို႔ ဟိုဘက္ဒီဘက္ညႇိၿပီး သုံးသပ္ၿပီးေတာ့ ေဆာင္းတြင္းမွာေပါက္တဲ့ ငါးေတြလည္း ႀကီးထြားမႈရွိလာမယ္ဆိုၿပီး ခုလိုပိတ္ဖို႔ သေဘာတူထားတာေပါ့” လို႔  ျမန္မာႏိုင္ငံ ငါးလုပ္ငန္းဦးစီးဌာန ဒု-ဥကၠ႒ ေဒၚတိုးနႏၲာတင္ က ဆိုပါတယ္။

လက္ရွိတြင္ ျမန္မာ့ငါးေစ်းကြက္မွာ ကမာၻတစ္ဝန္းျဖစ္ပြားေနသည့္ ကူးစက္ကပ္ေရာဂါ ကိုဗစ္ေၾကာင့္ စတင္ျဖစ္ပြားခဲ့သည့္ မတ္လမွစကာ ျပည္တြင္း/ျပည္ပ ေစ်းကြက္ ဝယ္ယူအားက်ဆင္းခဲ့ကာ ယခုအခ်ိန္ကာလအထိ ဝယ္လိုအားက်ဆင္းေနၿပီး အရႈံးႏွင့္ရင္ဆိုင္ေနရဆဲျဖစ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္၊ ဘိုဘိုသိန္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၀