မော်လမြိုင်လေဆိပ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ လာမည့် ဧပြီလတွင် စတင်နိုင်ရန်ဆောင်ရွက်ထားဟု ဆို

မော်လမြိုင်လေဆိပ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ လာမည့် ဧပြီလတွင် စတင်နိုင်ရန်ဆောင်ရွက်ထားဟု ဆို

မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်အား ပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လာမည့်ဧပြီလတွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်ထား တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောပါတယ်။

“မော်လမြိုင်မှာလေဆိပ်ကိစ္စက အခုစီးပွားရေးကော်မတီဆီတင်ထားတယ်။အဲ့ကိုရောက်ပြီးရင်လေဆိပ်ပြန် လည်အဆင့်မြှင့်တင်ခြင်းတွေ လုပ်ငန်းတွေစပြီပေါ့လေ။မော်လမြိုင် မြို့က လမ်းပန်းဆက်သွယ် ရေးကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်တယ်။ကုန်းလမ်းရော ရေလမ်းရောလေကြောင်း လမ်းရောသွားလာ လို့ရပါတယ်။ဒါကလည်း ပြည်သူ့ဝန်ဆောင်မှုပါ။ မော်လမြိုင်လေဆိပ်လုပ်ငန်းတွေကို ဧပြီလမှာ စပါမယ်။ လက်ရှိမှာလည်း လေယာဉ်ပျံကတစ်ပတ်နှစ်ရက်ဆင်းပါတယ်။တနင်္လာရယ် ကြာသပတေးရယ်လေယာဉ်ဆင်းပါတယ်။”လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

မော်လမြိုင်လေဆိပ်ကိုပြန်လည်အဆင့်မြှင့်တင်ဖို့အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြခဲ့ရာတွင် ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သလို အဆိုပါ မော်လမြိုင်လေဆိပ်ကို ပြန်လည်ပြုပြင်ရန်အတွက် ပြည်နယ်အစိုးရ၏ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်အသုံးပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမော်လမြိုင်လေဆိပ်မှာ လေယာဉ်ပြေးလမ်းပေ(၆ဝဝဝ)သာရှိသဖြင့် ပေ(၈၅ဝဝ)အထိ ချဲ့ထွင်ရန်ရှိပြီး လေဆိပ်အဆောက် အအုံကို နှစ်ထပ်ပုံစံဆောက်လုပ်မည့်အပြင် လေကြောင်းထိန်းမျှော်စင်အသစ်နှင့် မီးသတ်အဆောက်အအုံအသစ်တို့ကို ထည့်သွင်း တည်ဆောက် သွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

ပြေသိမ်း၊ရဲနိုင်
Photo - Internet
ရန်ကုန်၊ဒီဇင်ဘာ ၃

(  Zawgyi  )

 မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ေလဆိပ္အား ျပန္လည္အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ားကို လာမည့္ဧၿပီလတြင္ စတင္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ထား တယ္လို႔ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာေအးဇံက ေျပာပါတယ္။

“ေမာ္လၿမိဳင္မွာေလဆိပ္ကိစၥက အခုစီးပြားေရးေကာ္မတီဆီတင္ထားတယ္။အဲ့ကိုေရာက္ၿပီးရင္ေလဆိပ္ျပန္ လည္အဆင့္ျမႇင့္တင္ျခင္းေတြ လုပ္ငန္းေတြစၿပီေပါ့ေလ။ေမာ္လၿမိဳင္ ၿမိဳ႕က လမ္းပန္းဆက္သြယ္ ေရးေကာင္းမြန္တဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္။ကုန္းလမ္းေရာ ေရလမ္းေရာေလေၾကာင္း လမ္းေရာသြားလာ လို႔ရပါတယ္။ဒါကလည္း ျပည္သူ႔ဝန္ေဆာင္မႈပါ။ ေမာ္လၿမိဳင္ေလဆိပ္လုပ္ငန္းေတြကို ဧၿပီလမွာ စပါမယ္။ လက္ရွိမွာလည္း ေလယာဥ္ပ်ံကတစ္ပတ္ႏွစ္ရက္ဆင္းပါတယ္။တနလၤာရယ္ ၾကာသပေတးရယ္ေလယာဥ္ဆင္းပါတယ္။”လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက ေျပာပါတယ္။

ေမာ္လၿမိဳင္ေလဆိပ္ကိုျပန္လည္အဆင့္ျမႇင့္တင္ဖို႔အတြက္ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တစ္ဆင့္ ျပည္ေထာင္စု အစိုးရထံ တင္ျပခဲ့ရာတြင္ ခြင့္ျပဳမိန႔္ရရွိခဲ့ၿပီးျဖစ္သလို အဆိုပါ ေမာ္လၿမိဳင္ေလဆိပ္ကို ျပန္လည္ျပဳျပင္ရန္အတြက္ ျပည္နယ္အစိုးရ၏ ရန္ပုံေငြ က်ပ္သိန္းေပါင္း ၁၁ဝဝ ေက်ာ္အသုံးျပဳမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ လက္ရွိေမာ္လၿမိဳင္ေလဆိပ္မွာ ေလယာဥ္ေျပးလမ္းေပ(၆ဝဝဝ)သာရွိသျဖင့္ ေပ(၈၅ဝဝ)အထိ ခ်ဲ႕ထြင္ရန္ရွိၿပီး ေလဆိပ္အေဆာက္ အအုံကို ႏွစ္ထပ္ပုံစံေဆာက္လုပ္မည့္အျပင္ ေလေၾကာင္းထိန္းေမွ်ာ္စင္အသစ္ႏွင့္ မီးသတ္အေဆာက္အအုံအသစ္တို႔ကို ထည့္သြင္း တည္ေဆာက္ သြားမွာျဖစ္တယ္လို႔ လည္း သိရပါတယ္။

ေျပသိမ္း၊ရဲႏိုင္
Photo - Internet
ရန္ကုန္၊ဒီဇင္ဘာ ၃