မူဆယ်နယ်စပ်ဂိတ်မှ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်သာရှိ

မူဆယ်နယ်စပ်ဂိတ်မှ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်သာရှိ

တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာရေးနှစ်သစ်လေးလ ကျော် ကာလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အားကောင်းသည့် ဇန်နဝါရီလအတွင်း ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ သန်း၃၀၀ ကျော်သာရှိခဲ့ကြောင်း သိရပါတယ်။     

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုရပ်ဆိုင်း လု နီးပါးဖြစ်ခဲ့ သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ဒုတိယအပတ်အတွင်း ထုတ်ပြန်သည့် နယ်စပ်စခန်းများအလိုက် ပို့ကုန် သွင်းကုန် ကာလတူ နိုင်းယှဉ်မှုစာရင်းအချက်အလက်များအရ ယခုကုန်သွယ်မှု အခြေအနေမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ပိုမိုခဲ့တယ်လို့ ဆိုပါတယ်။    

“ ဖြစ်တာက ဖြစ်တာဘဲ။ သခွားတို့ ဖရဲတိုဆို့ အခုမှာ လူက ပြန်လိုက်လာတာ။ ဇန်နဝါရီကဆို စင်ပေါ် လူတောင် မရှိမှာ စိုးရတဲ့ အထိဘဲ။ အဝင်နည်းတယ်။တခြာကုန်တွေလည်း ဒီအတိုင်းဘဲ။ ဂဏန်းတို့ ရေထွက် ကုန်တွေဆိုလည်း ဒီအတိုင်းဘဲ။ ကုန်က ဒီဘက်မှာ ပုံနေတယ်။ ဟိုဘက်မှာ လည်း စက်ရုံတွေရပ်ထားတော့ ပြန်သွင်းမယ့် ကုန်တွေလည်း စုရတာ ရှားတယ် ”လို့ မန္တလေး အခြေစိုက် ကုန်တင်ပို့သူ တစ်ဦးကဆိုပါတယ်။

စာရင်းအချက်အလက်များအရ ယခုဘဏ္ဍာနှစ်သစ် အောက်တိုဘာလမှ ဖေဖေါ်ဝါရီ ၇ ရက် အထိ လေးလ ကျော် ကာလအတွင်းမူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  အမေရိကန်ဒေါ်လာ ၁၂၄၆  ဒသမ၆၂၀ သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ ၆၇၁ ဒသမ ၈၀၇ သန်းရှိကာ လေးလကျော် အတွင်း  စုစုပေါင်းကန်ဒေါ်လာ ၁၉၁၈ ဒသမ ၄၂၇ သန်းဖိုး ကုန်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၁ရက်မှ ဖေဖေါ်ဝါရီ ၇ ရက်အတွင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၁၅ သန်းသာ ရှိပြီး လေးလကျော်ကာလအတွင်း ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၅၇၄ ဒသမ ၈၁၃ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ယခုနှစ် လေးလကျော်ကာလအတွင်း မူဆယ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမှာ ယခင်ကာလ တူထက် ပို့ကုန်အပိုင်းတွင် ကန်ဒေါ် လာ ၂၀၅  ဒသမ၁၅၅သန်းပိုမိုတင်ပို့ခဲ့ကာတရုတ်ဘက်မှ ပြန်လည် တင်သွင်းမှုတွင် ယခင်ဘဏ္ဍာရေးနှစ် ကာလတူထက်  ကန်ဒေါ်လာ၂၄ ဒသမ၅၇၈ သန်းပိုမိုတင်သွင်းခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်းမူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ် မှုမှာ ပို့ကုန်  ကန်ဒေါ်လာ၃၁၃၇ ဒသမ၆၀၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၇၂၆ ဒသမ ၀၅၈ သန်းရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုကန် ဒေါ်လာ ၄၈၉၉ ဒသမ ၆၅၈ သန်းထိ ကုန်သွယ်ခဲ့ ကာ ကုန်သွယ်ရေးပိုငွေ၁၃၇၅ ဒသမ၅၄၂ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

PWA
Photo Credit:ခွာညို facebook

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇ 

(  Zawgyi  )

 တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ ယခုဘ႑ာေရးႏွစ္သစ္ေလးလ ေက်ာ္ ကာလအတြင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ႏွစ္ဘီလ်ံနီးပါးရွိေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ အားေကာင္းသည့္ ဇန္နဝါရီလအတြင္း ကုန္သြယ္မႈမွာ အေမရိကန္ ေဒၚလာ သန္း၃၀၀ ေက်ာ္သာရွိခဲ့ေၾကာင္း သိရပါတယ္။     

တ႐ုတ္ႏိုင္ငံတြင္ ျဖစ္ပြားေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈရပ္ဆိုင္း လု နီးပါးျဖစ္ခဲ့ ေသာ္လည္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေဖေဖၚဝါရီ ဒုတိယအပတ္အတြင္း ထုတ္ျပန္သည့္ နယ္စပ္စခန္းမ်ားအလိုက္ ပို႔ကုန္ သြင္းကုန္ ကာလတူ ႏိုင္းယွဥ္မႈစာရင္းအခ်က္အလက္မ်ားအရ ယခုကုန္သြယ္မႈ အေျခအေနမွာ ယခင္ဘ႑ာႏွစ္ ကာလတူထက္ အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ ပိုမိုခဲ့တယ္လို႔ ဆိုပါတယ္။    

“ ျဖစ္တာက ျဖစ္တာဘဲ။ သခြားတို႔ ဖရဲတိုဆို႔ အခုမွာ လူက ျပန္လိုက္လာတာ။ ဇန္နဝါရီကဆို စင္ေပၚ လူေတာင္ မရွိမွာ စိုးရတဲ့ အထိဘဲ။ အဝင္နည္းတယ္။တျခာကုန္ေတြလည္း ဒီအတိုင္းဘဲ။ ဂဏန္းတို႔ ေရထြက္ ကုန္ေတြဆိုလည္း ဒီအတိုင္းဘဲ။ ကုန္က ဒီဘက္မွာ ပုံေနတယ္။ ဟိုဘက္မွာ လည္း စက္႐ုံေတြရပ္ထားေတာ့ ျပန္သြင္းမယ့္ ကုန္ေတြလည္း စုရတာ ရွားတယ္ ”လို႔ မႏၲေလး အေျခစိုက္ ကုန္တင္ပို႔သူ တစ္ဦးကဆိုပါတယ္။

စာရင္းအခ်က္အလက္မ်ားအရ ယခုဘ႑ာႏွစ္သစ္ ေအာက္တိုဘာလမွ ေဖေဖၚဝါရီ ၇ ရက္ အထိ ေလးလ ေက်ာ္ ကာလအတြင္းမူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  အေမရိကန္ေဒၚလာ ၁၂၄၆  ဒသမ၆၂၀ သန္း ႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၆၇၁ ဒသမ ၈၀၇ သန္းရွိကာ ေလးလေက်ာ္ အတြင္း  စုစုေပါင္းကန္ေဒၚလာ ၁၉၁၈ ဒသမ ၄၂၇ သန္းဖိုး ကုန္သြယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဇန္နဝါရီ ၁၁ရက္မွ ေဖေဖၚဝါရီ ၇ ရက္အတြင္း ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ ၃၁၅ သန္းသာ ရွိၿပီး ေလးလေက်ာ္ကာလအတြင္း ကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၅၇၄ ဒသမ ၈၁၃ သန္းျဖစ္ေပၚခဲ့ပါတယ္။

ယခုႏွစ္ ေလးလေက်ာ္ကာလအတြင္း မူဆယ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈမွာ ယခင္ကာလ တူထက္ ပို႔ကုန္အပိုင္းတြင္ ကန္ေဒၚ လာ ၂၀၅  ဒသမ၁၅၅သန္းပိုမိုတင္ပို႔ခဲ့ကာတ႐ုတ္ဘက္မွ ျပန္လည္ တင္သြင္းမႈတြင္ ယခင္ဘ႑ာေရးႏွစ္ ကာလတူထက္  ကန္ေဒၚလာ၂၄ ဒသမ၅၇၈ သန္းပိုမိုတင္သြင္းခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ အတြင္းမူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းတစ္ခုတည္းမွ ကုန္သြယ္ မႈမွာ ပို႔ကုန္  ကန္ေဒၚလာ၃၁၃၇ ဒသမ၆၀၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၇၂၆ ဒသမ ၀၅၈ သန္းရွိခဲ့ၿပီး စုစုေပါင္း ကုန္သြယ္မႈကန္ ေဒၚလာ ၄၈၉၉ ဒသမ ၆၅၈ သန္းထိ ကုန္သြယ္ခဲ့ ကာ ကုန္သြယ္ေရးပိုေငြ၁၃၇၅ ဒသမ၅၄၂ သန္းျဖစ္ေပၚခဲ့ပါတယ္။

PWA
Photo Credit:ခြာညိဳ facebook

ရန္ကုန္၊ ေဖေဖၚဝါရီ ၁၇