မူဆယ်နယ်စပ်ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်သစ်တစ်လကျော် ကာလအတွင်း ကန်ဒေါ်လာ သန်းခြောက်ရာကျော်ရှိနေ

မူဆယ်နယ်စပ်ကုန်သွယ်မှု ယခုဘဏ္ဍာနှစ်သစ်တစ်လကျော် ကာလအတွင်း ကန်ဒေါ်လာ သန်းခြောက်ရာကျော်ရှိနေ

ယခုဘဏ္ဍာရေးနှစ်သစ် တစ်လကျော် ကာလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ သန်းခြောက်ရာကျော်ရှိခဲပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၃၀၀ နီးပါး တိုးလာခဲ့ကြောင်း သိရပါတယ်။

“ပြီးခဲ့တစ်နှစ်လုံးမကောင်းတဲ့ အတွက် မူဆယ်လမ်းကြောင်းကယခုနှစ်မှာအကုန်လုံးလုပ်လို့မကောင်းတဲ့ နှစ်ဘဲ။ အခုနှစ်က အစတော့ ကောင်းပေမယ် သိတဲ့အတိုင်း ပစ်တာခတ်တာက ဖြစ်နေတုန်း။ ဆက်ကြေးကလဲ ခဏခဏမိတယ်။ အခုထိလုံခြုံရေးကစိတ်မချရသေးဘူး။ ဒီဘက်ကအဓိက ပုပ်သိုးကုန်မဟုတ်တာတွေကို အဓိကထားတင်နေရတယ်။ ရေထွက်ကုန်က အမြတ်များသလို ပုပ်သိုးလွယ်တဲ့အတွက်လည်း ဆုံးရှုံးမှုကြီးတယ်။ အဓိက ဆန်၊ပဲ၊စတဲ့ ကုန်ခြောက်တွေကို ပဲ အားထားနေရတယ် ”လို့ ရန်ကုန်အခြေစိုက် ကုန်တင်ပို့သူတစ်ဦးကဆိုပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နယ်စပ် စခန်းများအလိုက် ပို့ကုန် သွင်းကုန် ကာလတူနိုင်းယှဉ်မှု စာရင်း အချက်အလက်များအရ ယခုဘဏ္ဍာနှစ်သစ် အောက်တိုဘာလမှ နိုဝင်ဘာ ၈ ရက် အထိ တစ်လကျော် ကာလအတွင်း မူဆယ်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ၄၄၈ ဒသမ၄၂၁သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၂၀၁ ဒသမ၂၁၅ သန်းရှိကာ စုစုပေါင်းကန်ဒေါ်လာ၆၄၉ ဒသမ၆၃၆ သန်းပမာဏ ကုန်သွယ်ခဲ့ကာ ကန်ဒေါ်လာ  ၂၄၇ ဒသမ ၂၀၆ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ယခုနှစ်မူဆယ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလအတွင်း ကုန်သွယ်မှုမှာယခင်ကာလတူထက် ပို့ကုန်အပိုင်းတွင် ကန်ဒေါ် လာ ၂၄၀ ဒသမ၃၃၄ သန်း ပိုမိုတင်ပို့ခဲ့ကာ တရုတ်ဘက်မှ ပြန်လည် တင်သွင်းမှု တွင် ယခင်ဘဏ္ဍာရေးနှစ် ကာလတူထက်  ကန်ဒေါ်လာ ၅၂ ဒသမ၀၇၇ သန်း ပိုမိုတင်သွင်းခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှုမှာ ပို့ကုန်  ကန်ဒေါ်လာ၃၁၃၇ ဒသမ၆၀၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၇၂၆ဒသမ၀၅၈ သန်းရှိခဲ့ပြီး  စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ၄၈၉၉ ဒသမ၆၅၈ သန်းထိ ကုန်သွယ်ခဲ့ကာ ကုန်သွယ်ရေး ပိုငွေ၁၃၇၅ ဒသမ၅၄၂ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

PWA
ရန်ကုန်၊ နိုဝင်ဘာ ၁၉
Photo Credit:cindcs.com

(  Zawgyi  )

 ယခုဘ႑ာေရးႏွစ္သစ္ တစ္လေက်ာ္ ကာလအတြင္း မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းတစ္ခုတည္းမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ သန္းေျခာက္ရာေက်ာ္ရွိခဲၿပီး ၿပီးခဲ့သည့္ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာသန္း ၃၀၀ နီးပါး တိုးလာခဲ့ေၾကာင္း သိရပါတယ္။

“ၿပီးခဲ့တစ္ႏွစ္လုံးမေကာင္းတဲ့ အတြက္ မူဆယ္လမ္းေၾကာင္းကယခုႏွစ္မွာအကုန္လုံးလုပ္လို႔မေကာင္းတဲ့ ႏွစ္ဘဲ။ အခုႏွစ္က အစေတာ့ ေကာင္းေပမယ္ သိတဲ့အတိုင္း ပစ္တာခတ္တာက ျဖစ္ေနတုန္း။ ဆက္ေၾကးကလဲ ခဏခဏမိတယ္။ အခုထိလုံၿခဳံေရးကစိတ္မခ်ရေသးဘူး။ ဒီဘက္ကအဓိက ပုပ္သိုးကုန္မဟုတ္တာေတြကို အဓိကထားတင္ေနရတယ္။ ေရထြက္ကုန္က အျမတ္မ်ားသလို ပုပ္သိုးလြယ္တဲ့အတြက္လည္း ဆုံးရႈံးမႈႀကီးတယ္။ အဓိက ဆန္၊ပဲ၊စတဲ့ ကုန္ေျခာက္ေတြကို ပဲ အားထားေနရတယ္ ”လို႔ ရန္ကုန္အေျခစိုက္ ကုန္တင္ပို႔သူတစ္ဦးကဆိုပါတယ္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ နယ္စပ္ စခန္းမ်ားအလိုက္ ပို႔ကုန္ သြင္းကုန္ ကာလတူႏိုင္းယွဥ္မႈ စာရင္း အခ်က္အလက္မ်ားအရ ယခုဘ႑ာႏွစ္သစ္ ေအာက္တိုဘာလမွ ႏိုဝင္ဘာ ၈ ရက္ အထိ တစ္လေက်ာ္ ကာလအတြင္း မူဆယ္နယ္စပ္ ကုန္ သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ၄၄၈ ဒသမ၄၂၁သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၂၀၁ ဒသမ၂၁၅ သန္းရွိကာ စုစုေပါင္းကန္ေဒၚလာ၆၄၉ ဒသမ၆၃၆ သန္းပမာဏ ကုန္သြယ္ခဲ့ကာ ကန္ေဒၚလာ  ၂၄၇ ဒသမ ၂၀၆ သန္းျဖစ္ေပၚခဲ့ပါတယ္။

ယခုႏွစ္မူဆယ္ကုန္သြယ္ေရးစခန္းမွ ေအာက္တိုဘာလအတြင္း ကုန္သြယ္မႈမွာယခင္ကာလတူထက္ ပို႔ကုန္အပိုင္းတြင္ ကန္ေဒၚ လာ ၂၄၀ ဒသမ၃၃၄ သန္း ပိုမိုတင္ပို႔ခဲ့ကာ တ႐ုတ္ဘက္မွ ျပန္လည္ တင္သြင္းမႈ တြင္ ယခင္ဘ႑ာေရးႏွစ္ ကာလတူထက္  ကန္ေဒၚလာ ၅၂ ဒသမ၀၇၇ သန္း ပိုမိုတင္သြင္းခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ အတြင္း မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းတစ္ခုတည္းမွ ကုန္သြယ္မႈမွာ ပို႔ကုန္  ကန္ေဒၚလာ၃၁၃၇ ဒသမ၆၀၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၇၂၆ဒသမ၀၅၈ သန္းရွိခဲ့ၿပီး  စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ၄၈၉၉ ဒသမ၆၅၈ သန္းထိ ကုန္သြယ္ခဲ့ကာ ကုန္သြယ္ေရး ပိုေငြ၁၃၇၅ ဒသမ၅၄၂ သန္းျဖစ္ေပၚခဲ့ပါတယ္။

PWA
ရန္ကုန္၊ ႏိုဝင္ဘာ ၁၉
Photo Credit:cindcs.com