မဟာမုနိဘုရားကြီးအောက်ခြေစမခံကွဲအက်ခြင်းအတွက် စိုးရိမ်ပူပန်မှုမရှိကြရန် ဘုရားဂေါပကအဖွဲ့ပြော

 မဟာမုနိဘုရားကြီးအောက်ခြေစမခံကွဲအက်ခြင်းအတွက်  စိုးရိမ်ပူပန်မှုမရှိကြရန် ဘုရားဂေါပကအဖွဲ့ပြော

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့အောက်ခြေစမခံကွဲအက်ခြင်းနဲ့ပတ်သက်လို့ ပညာရှင်တွေရဲ့စစ်ဆေးတွေ့ရှိမှုအပေါ် အခြေခံပြီး ဆရာတော်ကြီးတွေရဲ့သြဝါဒနဲ့အညီဆောင်ရွက်သွားမှာမို့လို့ ပြည်သူကစိုးရိမ်ပူပန်မှုတွေမရှိကြဖို့ ဘုရားကြီးဂေါပကအဖွဲ့က အသိပေးမေတ္တာရပ်ခံထားပါတယ်။

"ပြည်သူအားလုံးနဲ့ဆိုင်တာမို့လို့ ပြည်သူတွေစိုးရိမ်မှုတွေရှိနေတာလည်းကျွန်တော်တို့သိပါတယ်။ ပြည်သူတွေကိုစိတ်မပူစေချင်ဘူးပေါ့ နော်။ ဘာလို့လည်းဆိုတော့  ပညာရှင်တွေရဲ့စစ်ဆေးတွေ့ရှိချက်ရရင် ဆရာတော်ကြီးတွေရဲ့သြဝါဒခံယူမယ်။ တိုင်းအစိုးရညွှန်ကြား ချက်ယူမယ်၊ အဲဒီလိုအကောင်းဆုံးနည်းလမ်းနဲ့ဖြေရှင်းသွားမှာပါ "လို့ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလင်းကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းကဖြစ်ပေါ်ခဲ့တဲ့ မဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်မြတ်ကြီး)အောက်ခြေစမခံကွဲအက်နေတာနဲ့ ပတ်သက်လို့ အများပြည်သူစိုးရိမ်စိတ်မြင့်တက်နေတာနဲ့ပတ်သက်လို့ ဘုရားဂေါပကအဖွဲ့ကတရားဝင်ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။ စမခံဆိုတာက ဘုရားဆင်းတုတော်(ရုပ်ပွားတော်)တွေရဲ့ကိုယ်တော်အောက်ကပလ္လင်မှာပါရှိတဲ့အခုအခံတစ်ခုပဲဖြစ်ပြီး အဲဒီစမခံ(ဝါ) ပလ္လင်ခံမှာ အက်ကြောင်းတွေ တွေ့ခဲ့ရတာပါ။

"ဘုရားကိုယ်တော်နဲ့ပတ်သက်တဲ့နေရာမဟုတ်ပါဘူး၊ တစ်ချို့စိုးရိမ်နေကြတယ်၊ ရွှေဆိုင်းကပ်လှူထားတာတွေထိခိုက်မှုရှိမလားပေါ့၊ လုံးဝထိခိုက်မှုမရှိပါဘူး၊ ဘုရားကိုယ်တော်နဲ့လုံးဝမပတ်သက်တဲ့နေရာပါ "လို့လည်း ၎င်းကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ အခြေအနေကိုထိန်းသိမ်းထားနိုင်ပြီဖြစ်တယ်လို့သိရပြီး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံဗိသုကာအသင်း၊ ကြေးသွန်းပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ သတ္ထုဗေဒပညာရှင်တို့နဲ့ဖွဲ့စည်းထားတဲ့ ပညာရှင်အဖွဲ့နဲ့စစ်ဆေးမှုတွေပြုလုပ်သွားဖို့ပြင်ဆင်နေပြီး မနက်ဖြန် မတ်လ ၄ ရက်နေ့ညနေပိုင်းမှာ စတင်ဆောင်ရွက်သွားဖို့ကနဦးဆုံးဖြတ်ထားတယ်လို့လည်း အများပြည်သူသိရအောင်သ တင်းထုတ်ပြန်ထားသလို စစ်ဆေးဆောင်ရွက်နေမှုတွေနဲ့ပတ်သက်လို့လည်း အများပြည်သူပွင့်လင်းမြင်သာသိရအောင် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

KT
မန္တလေး ၊ မတ် ၃

(  Zawgyi  )

 မႏၲေလး မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ႀကီးရဲ႕ေအာက္ေျခစမခံကြဲအက္ျခင္းနဲ႔ပတ္သက္လို႔ ပညာရွင္ေတြရဲ႕စစ္ေဆးေတြ႕ရွိမႈအေပၚ အေျခခံၿပီး ဆရာေတာ္ႀကီးေတြရဲ႕ၾသဝါဒနဲ႔အညီေဆာင္႐ြက္သြားမွာမို႔လို႔ ျပည္သူကစိုးရိမ္ပူပန္မႈေတြမရွိၾကဖို႔ ဘုရားႀကီးေဂါပကအဖြဲ႕က အသိေပးေမတၱာရပ္ခံထားပါတယ္။

"ျပည္သူအားလုံးနဲ႔ဆိုင္တာမို႔လို႔ ျပည္သူေတြစိုးရိမ္မႈေတြရွိေနတာလည္းကြၽန္ေတာ္တို႔သိပါတယ္။ ျပည္သူေတြကိုစိတ္မပူေစခ်င္ဘူးေပါ့ ေနာ္။ ဘာလို႔လည္းဆိုေတာ့  ပညာရွင္ေတြရဲ႕စစ္ေဆးေတြ႕ရွိခ်က္ရရင္ ဆရာေတာ္ႀကီးေတြရဲ႕ၾသဝါဒခံယူမယ္။ တိုင္းအစိုးရၫႊန္ၾကား ခ်က္ယူမယ္၊ အဲဒီလိုအေကာင္းဆုံးနည္းလမ္းနဲ႔ေျဖရွင္းသြားမွာပါ "လို႔ ဘုရားႀကီးေဂါပကအဖြဲ႕ဥကၠ႒ဦးစိုးလင္းကေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလအတြင္းကျဖစ္ေပၚခဲ့တဲ့ မဟာမုနိဘုရားႀကီး(မဟာမုနိ႐ုပ္ရွင္ေတာ္ျမတ္ႀကီး)ေအာက္ေျခစမခံကြဲအက္ေနတာနဲ႔ ပတ္သက္လို႔ အမ်ားျပည္သူစိုးရိမ္စိတ္ျမင့္တက္ေနတာနဲ႔ပတ္သက္လို႔ ဘုရားေဂါပကအဖြဲ႕ကတရားဝင္ထုတ္ေဖာ္ေျပာဆိုသြားခဲ့တာပါ။ စမခံဆိုတာက ဘုရားဆင္းတုေတာ္(႐ုပ္ပြားေတာ္)ေတြရဲ႕ကိုယ္ေတာ္ေအာက္ကပလႅင္မွာပါရွိတဲ့အခုအခံတစ္ခုပဲျဖစ္ၿပီး အဲဒီစမခံ(ဝါ) ပလႅင္ခံမွာ အက္ေၾကာင္းေတြ ေတြ႕ခဲ့ရတာပါ။

"ဘုရားကိုယ္ေတာ္နဲ႔ပတ္သက္တဲ့ေနရာမဟုတ္ပါဘူး၊ တစ္ခ်ိဳ႕စိုးရိမ္ေနၾကတယ္၊ ေ႐ႊဆိုင္းကပ္လႉထားတာေတြထိခိုက္မႈရွိမလားေပါ့၊ လုံးဝထိခိုက္မႈမရွိပါဘူး၊ ဘုရားကိုယ္ေတာ္နဲ႔လုံးဝမပတ္သက္တဲ့ေနရာပါ "လို႔လည္း ၎ကေျပာပါတယ္။

လက္ရွိအေျခအေနမွာေတာ့ အေျခအေနကိုထိန္းသိမ္းထားႏိုင္ၿပီျဖစ္တယ္လို႔သိရၿပီး တိုင္းေဒသႀကီး သာသနာေရးဦးစီးဌာန၊ ေရွးေဟာင္း သုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ ျမန္မာႏိုင္ငံဗိသုကာအသင္း၊ ေၾကးသြန္းပညာရွင္ေတြနဲ႔သမိုင္းပညာရွင္ေတြ၊ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္း၊ သတၳဳေဗဒပညာရွင္တို႔နဲ႔ဖြဲ႕စည္းထားတဲ့ ပညာရွင္အဖြဲ႕နဲ႔စစ္ေဆးမႈေတြျပဳလုပ္သြားဖို႔ျပင္ဆင္ေနၿပီး မနက္ျဖန္ မတ္လ ၄ ရက္ေန႔ညေနပိုင္းမွာ စတင္ေဆာင္႐ြက္သြားဖို႔ကနဦးဆုံးျဖတ္ထားတယ္လို႔လည္း အမ်ားျပည္သူသိရေအာင္သ တင္းထုတ္ျပန္ထားသလို စစ္ေဆးေဆာင္႐ြက္ေနမႈေတြနဲ႔ပတ္သက္လို႔လည္း အမ်ားျပည္သူပြင့္လင္းျမင္သာသိရေအာင္ တိုက္႐ိုက္ ထုတ္လႊင့္ျပသသြားမွာ ျဖစ္တယ္ လို႔ သိရပါတယ္။

KT
မႏၲေလး ၊ မတ္ ၃