မန်းတွင် သနပ်ခါးပွဲတော်ကျင်းပမည်၊ မြန်မာ့ သနပ်ခါးကိုမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရ

မန်းတွင် သနပ်ခါးပွဲတော်ကျင်းပမည်၊ မြန်မာ့ သနပ်ခါးကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရ

မြန်မာ့သနပ်ခါးကို မြတ်နိုးတန်ဖိုးထားတတ်စေဖို့ ရည်ရွယ်တဲ့ သနပ်ခါးပွဲတော်ကြီးတစ်ခုကို မန္တလေးမြို့မှာ လာမယ့်မတ်လကုန်ပိုင်း လောက် ကျင်းပပြုလုပ်သွားဖို့ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စီစဉ်ထားတယ်လို့သိရပါတယ်။ တတိယအကြိမ်အဖြစ်နဲ့ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပြီး မန္တလေးမြို့ မန္တလေးတောင်ခြေအနီးက ကျောက်တော်ကြီးဘုရားပရဝုဏ်အ တွင်းမှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌဦးကျော်မိုးကပြော ပါတယ်။

"ဒီနှစ်က တတိယအကြိမ်ကျင်းပမှာပါ၊ မြန်မာ့သနပ်ခါးကိုမြတ်နိုးတန်ဖိုးထားတတ်စေဖို့လည်းရည်ရွယ်ပါတယ်၊ ဒီပြပွဲတွေကတစ်ဆင့် သနပ်ခါးစိုက်သူတွေနဲ့ သနပ်ခါးအလှကုန်ထုတ်လုပ်သူတွေကို ချိတ်ဆက်ပေးခြင်းအားဖြင့် သနပ်ခါးစျေးကွက်ပိုမိုကျယ်ပြန့်လာမယ် ဆိုပြီး ကျင်းပနေတာပါ" လို့ ၄င်းကပြောပါတယ်။ပွဲတော်ကို မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက စီစဉ်တာဖြစ်ပြီး သနပ်ခါးကိုမြတ်နိုးတန်ဖိုးထားတတ်စေဖို့ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့အတွက်လည်း စီစဉ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

နှစ်စဉ်ကျင်းပပြုလုပ်နေကျပုံစံအတိုင်း ပွဲတော်ကို ၃ ရက်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အခုနှစ်ပွဲတော်ကို ပုဂံခေတ်ယဉ်ကျေး မှုဟန်နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။"ပုဂံယဉ်ကျေးမှု ဓလေ့အခင်းအကျင်းနဲ့ ကျင်းပသွားဖို့စီစဉ်ထားပါတယ်၊ ပုဂံယဉ်ကျေးမှုဟန်တွေ ပေါ်လွင်စေမယ့် အခင်းအကျင်းမျိုးနဲ့ပါ၊ ပွဲတော်တစ်ခုလုံးရဲ့အပြင်အဆင်က ပုဂံခေတ်ယဉ်ကျေးမှုဟန် အတိုင်းပဲဖြစ်ပါတယ်" လို့ ၄င်းကပြောပါတယ်။

ပွဲတော်ကို မတ်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး သနပ်ခါးနဲ့သနပ်ခါးထုတ်ကုန် ပစ္စည်းတွေ ရောင်းချမယ့် ဆိုင်ခန်းပေါင်း ၅၀ ကျော်နဲ့အတူ ပုဂံခေတ်အသုံးအဆောင်ပစ္စည်းတွေ ပြသထားမယ့် ပြခန်းတွေလည်း ပါ၀င်မှာဖြစ်တယ် လို့သိရပါတယ်။

KT                                                     
မန္တလေး ၊ ဖေဖော်ဝါရီ ၂၇

(  Zawgyi  )

 ျမန္မာ့သနပ္ခါးကို ျမတ္ႏိုးတန္ဖိုးထားတတ္ေစဖို႔ ရည္႐ြယ္တဲ့ သနပ္ခါးပြဲေတာ္ႀကီးတစ္ခုကို မႏၲေလးၿမိဳ႕မွာ လာမယ့္မတ္လကုန္ပိုင္း ေလာက္ က်င္းပျပဳလုပ္သြားဖို႔ ျမန္မာ့သနပ္ခါး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းက စီစဥ္ထားတယ္လို႔သိရပါတယ္။ တတိယအႀကိမ္အျဖစ္နဲ႔ က်င္းပျပဳလုပ္သြားမွာပဲျဖစ္ၿပီး မႏၲေလးၿမိဳ႕ မႏၲေလးေတာင္ေျခအနီးက ေက်ာက္ေတာ္ႀကီးဘုရားပရဝုဏ္အ တြင္းမွာပဲ က်င္းပျပဳလုပ္သြားမွာျဖစ္တယ္လို႔ ျမန္မာ့သနပ္ခါး စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းဥကၠ႒ဦးေက်ာ္မိုးကေျပာ ပါတယ္။

"ဒီႏွစ္က တတိယအႀကိမ္က်င္းပမွာပါ၊ ျမန္မာ့သနပ္ခါးကိုျမတ္ႏိုးတန္ဖိုးထားတတ္ေစဖို႔လည္းရည္႐ြယ္ပါတယ္၊ ဒီျပပြဲေတြကတစ္ဆင့္ သနပ္ခါးစိုက္သူေတြနဲ႔ သနပ္ခါးအလွကုန္ထုတ္လုပ္သူေတြကို ခ်ိတ္ဆက္ေပးျခင္းအားျဖင့္ သနပ္ခါးေစ်းကြက္ပိုမိုက်ယ္ျပန္႔လာမယ္ ဆိုၿပီး က်င္းပေနတာပါ" လို႔ ၄င္းကေျပာပါတယ္။ပြဲေတာ္ကို ျမန္မာ့သနပ္ခါး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းက စီစဥ္တာျဖစ္ၿပီး သနပ္ခါးကိုျမတ္ႏိုးတန္ဖိုးထားတတ္ေစဖို႔ အျပင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ကိုထိန္းသိမ္းဖို႔အတြက္လည္း စီစဥ္က်င္းပျပဳလုပ္တာျဖစ္တယ္လို႔သိရပါတယ္။

ႏွစ္စဥ္က်င္းပျပဳလုပ္ေနက်ပုံစံအတိုင္း ပြဲေတာ္ကို ၃ ရက္က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး အခုႏွစ္ပြဲေတာ္ကို ပုဂံေခတ္ယဥ္ေက်း မႈဟန္နဲ႔ က်င္းပျပဳလုပ္သြားမွာျဖစ္တယ္လို႔လည္းသိရပါတယ္။"ပုဂံယဥ္ေက်းမႈ ဓေလ့အခင္းအက်င္းနဲ႔ က်င္းပသြားဖို႔စီစဥ္ထားပါတယ္၊ ပုဂံယဥ္ေက်းမႈဟန္ေတြ ေပၚလြင္ေစမယ့္ အခင္းအက်င္းမ်ိဳးနဲ႔ပါ၊ ပြဲေတာ္တစ္ခုလုံးရဲ႕အျပင္အဆင္က ပုဂံေခတ္ယဥ္ေက်းမႈဟန္ အတိုင္းပဲျဖစ္ပါတယ္" လို႔ ၄င္းကေျပာပါတယ္။

ပြဲေတာ္ကို မတ္လ ၂၇ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ၃ ရက္ က်င္းပျပဳလုပ္သြားမွာ ျဖစ္ၿပီး သနပ္ခါးနဲ႔သနပ္ခါးထုတ္ကုန္ ပစၥည္းေတြ ေရာင္းခ်မယ့္ ဆိုင္ခန္းေပါင္း ၅၀ ေက်ာ္နဲ႔အတူ ပုဂံေခတ္အသုံးအေဆာင္ပစၥည္းေတြ ျပသထားမယ့္ ျပခန္းေတြလည္း ပါ၀င္မွာျဖစ္တယ္ လို႔သိရပါတယ္။

KT                                                     
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၂၇