မန်းတိုင်းအတွင်းမော်တော်ယာဉ်ဝင်ထွက်ခွင့်မပြုအမိန့် သက်တမ်းတိုးမြှင့်၊ ၄ ဦးထက်မပိုသော အိမ်စီးကားများသာ ဝင်ထွက်ခွင့်ပြု တော့မည်

မန်းတိုင်းအတွင်းမော်တော်ယာဉ်ဝင်ထွက်ခွင့်မပြုအမိန့် သက်တမ်းတိုးမြှင့်၊ ၄ ဦးထက်မပိုသော အိမ်စီးကားများသာ ဝင်ထွက်ခွင့်ပြု တော့မည်

မြန်မာနိုင်ငံအောက်ပိုင်းမှာ Covid-19 ရောဂါကူးစက်ပြန့်နှံ့မှုမြင့်တက်နေချိန်မှာ မန္တလေး တိုင်းဒေသကြီးအစိုးရက သူ့ရဲ့ဒေသအတွင်း မော်တော်ယာဉ် သွားလာဝင်ထွက်ခွင့် တားမြစ် ခြင်းကို သက်တမ်းတိုးမြှင့်လိုက်ပါတယ်။

ဒေသအတွင်း ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ယာဉ်တွေနဲ့ သာမန် အိမ်စီးကားတွေကလွဲလို့ ဘယ်လိုခရီး သည်ပို့ဆောင်ရေးယာဉ်/ယာဉ်လိုင်းတွေကိုမှ ဝင်ထွက် သွားလာခွင့် မပြုတော့ကြောင်း ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့် ကို ယမန်နေ့ ဧပြီလ ၂၀ ရက် ရက်စွဲနဲ့ သက်တမ်းတိုးမြှင့်လိုက်တာပဲဖြစ်ပြီး တိုးမြှင့်လိုက်တဲ့အမိန့်စာမှာ အိမ်စီးကားတွေကို အရင်က ယာဉ်မောင်းအပါအဝင် ၇ ဦးအထိလိုက်ပါခွင့်ပြုထားတာကိုပါ လျှော့ချလိုက်တာကိုတွေ့ရပါတယ်။

"အရင်ထုတ်ထားတဲ့အမိန့်ကို သက်တမ်း တိုးလိုက်တာပါပဲ အမိန့်ကြော်ငြာစာမှာ ပါတဲ့အတိုင်းပဲ လိုက်နာကြရမှာပါ" လို့ ဒေသအစိုး ရအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဒေသအတွင်းမှာ Covid-19 ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးတွေ့ရှိပြီးတဲ့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရက ဒေသအတွင်း မော်တော်ယာဉ်ဝင်ထွက်ခွင့်တားမြစ်ခြင်းအမိန့်အပါအဝင် တင်းကြပ်တဲ့ စည်းကမ်း တစ်ချို့ချမှတ်လိုက်ပြီး ဧပြီလ ၆ ရက်ရက်စွဲနဲ့လည်း အမိန့်ကြော်ငြာစာ တရားဝင် ထုတ်ပြန်ခဲ့ပါ တယ်။

အဲဒီကြော်ငြာစာမှာ မရှိမဖြစ် လိုအပ်တဲ့စားသောက်ကုန် ရောင်းချတဲ့ဆိုင်တွေနဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင် တွေနဲ့ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ပုဂ္ဂလိက ဆေးရုံတွေ၊ စက်သုံးဆီဆိုင်တွေ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေ၊ ဘဏ်တွေကို မဖွင့် မနေရ ဖွင့်ခိုင်းထားကြောင်း၊ ဟိုတယ်မိုတယ် တည်းခိုခန်းနဲ့ Inn တွေ၊  ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ အဝတ်အထည် ဆိုင်တွေ အစရှိတဲ့လုပ်ငန်းတွေကိုတော့ ခေတ္တယာယီ ပိတ်ခိုင်း ထားကြောင်း၊ ဒေသအတွင်း ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တည် ယာဉ်တွေနဲ့ သာမန်အိမ်စီးကားတွေကလွဲလို့  ဘယ်လိုခရီးသည်တင် ယာဉ်/ယာဉ်လိုင်းတွေကိုမှ ဝင်ထွက်ခွင့်မပြုကြောင်း ပါရှိပါတယ်။

အဲဒီအမိန့်ကြော်ငြာစာရဲ့သက်တမ်းက ဧပြီလ ၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိဖြစ်ပြီး ဒါကို သက်တမ်းတိုးမြှင့်လိုက်တာဖြစ်ပြီး တိုးမြှင့်လိုက်တဲ့သက်တမ်းအရ ဧပြီလ ၃၀ ရက်နေ့ည ၁၂ နာရီအထိဖြစ်ကြောင်း၊ အိမ်စီးကားတွေလို့ဆိုတာမှာလည်း ယာဉ်မောင်းအပါအဝင် ၄ ဦး သာခွင့်ပြုတော့မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ယမန်နေ့ဧပြီလ ၂၀ ရက်နေ့ ည ၁၁ နာရီအချိန်ထုတ်ပြန်တဲ့စာရင်းအရ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၁၉ ဦးအထိရှိနေပြီဖြစ်ပါတယ်။

KT                                                                          
မန္တလေး၊ ဧပြီ ၂၁

(  Zawgyi  )

 ျမန္မာႏိုင္ငံေအာက္ပိုင္းမွာ Covid-19 ေရာဂါကူးစက္ျပန႔္ႏွံ႔မႈျမင့္တက္ေနခ်ိန္မွာ မႏၲေလး တိုင္းေဒသႀကီးအစိုးရက သူ႔ရဲ႕ေဒသအတြင္း ေမာ္ေတာ္ယာဥ္ သြားလာဝင္ထြက္ခြင့္ တားျမစ္ ျခင္းကို သက္တမ္းတိုးျမႇင့္လိုက္ပါတယ္။

ေဒသအတြင္း ကုန္စည္စီးဆင္းမႈအတြက္ ဝင္ထြက္သြားလာေနတဲ့ ကုန္တင္ယာဥ္ေတြနဲ႔ သာမန္ အိမ္စီးကားေတြကလြဲလို႔ ဘယ္လိုခရီး သည္ပို႔ေဆာင္ေရးယာဥ္/ယာဥ္လိုင္းေတြကိုမွ ဝင္ထြက္ သြားလာခြင့္ မျပဳေတာ့ေၾကာင္း ၿပီးခဲ့တဲ့ဧၿပီလ ၆ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ အမိန႔္ ကို ယမန္ေန႔ ဧၿပီလ ၂၀ ရက္ ရက္စြဲနဲ႔ သက္တမ္းတိုးျမႇင့္လိုက္တာပဲျဖစ္ၿပီး တိုးျမႇင့္လိုက္တဲ့အမိန႔္စာမွာ အိမ္စီးကားေတြကို အရင္က ယာဥ္ေမာင္းအပါအဝင္ ၇ ဦးအထိလိုက္ပါခြင့္ျပဳထားတာကိုပါ ေလွ်ာ့ခ်လိုက္တာကိုေတြ႕ရပါတယ္။

"အရင္ထုတ္ထားတဲ့အမိန႔္ကို သက္တမ္း တိုးလိုက္တာပါပဲ အမိန႔္ေၾကာ္ျငာစာမွာ ပါတဲ့အတိုင္းပဲ လိုက္နာၾကရမွာပါ" လို႔ ေဒသအစိုး ရအဖြဲ႕တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။ေဒသအတြင္းမွာ Covid-19 ဓာတ္ခြဲအတည္ျပဳလူနာတစ္ဦးေတြ႕ရွိၿပီးတဲ့ေနာက္ မႏၲေလးတိုင္းေဒသႀကီးအစိုးရက ေဒသအတြင္း ေမာ္ေတာ္ယာဥ္ဝင္ထြက္ခြင့္တားျမစ္ျခင္းအမိန႔္အပါအဝင္ တင္းၾကပ္တဲ့ စည္းကမ္း တစ္ခ်ိဳ႕ခ်မွတ္လိုက္ၿပီး ဧၿပီလ ၆ ရက္ရက္စြဲနဲ႔လည္း အမိန႔္ေၾကာ္ျငာစာ တရားဝင္ ထုတ္ျပန္ခဲ့ပါ တယ္။

အဲဒီေၾကာ္ျငာစာမွာ မရွိမျဖစ္ လိုအပ္တဲ့စားေသာက္ကုန္ ေရာင္းခ်တဲ့ဆိုင္ေတြနဲ႔ ထုတ္လုပ္တဲ့ လုပ္ငန္းေတြ၊ ေဆးဝါးပစၥည္းအေရာင္းဆိုင္ ေတြနဲ႔ထုတ္လုပ္တဲ့လုပ္ငန္းေတြ၊ ပုဂၢလိက ေဆး႐ုံေတြ၊ စက္သုံးဆီဆိုင္ေတြ၊ လွ်ပ္စစ္ဓာတ္အားေပးေရးလုပ္ငန္းေတြ၊ ဘဏ္ေတြကို မဖြင့္ မေနရ ဖြင့္ခိုင္းထားေၾကာင္း၊ ဟိုတယ္မိုတယ္ တည္းခိုခန္းနဲ႔ Inn ေတြ၊  ေဆာက္လုပ္ေရး လုပ္ငန္းေတြနဲ႔ အဝတ္အထည္ ဆိုင္ေတြ အစရွိတဲ့လုပ္ငန္းေတြကိုေတာ့ ေခတၱယာယီ ပိတ္ခိုင္း ထားေၾကာင္း၊ ေဒသအတြင္း ကုန္စည္စီးဆင္းမႈအတြက္ ဝင္ထြက္သြားလာေနတဲ့ ကုန္တည္ ယာဥ္ေတြနဲ႔ သာမန္အိမ္စီးကားေတြကလြဲလို႔  ဘယ္လိုခရီးသည္တင္ ယာဥ္/ယာဥ္လိုင္းေတြကိုမွ ဝင္ထြက္ခြင့္မျပဳေၾကာင္း ပါရွိပါတယ္။

အဲဒီအမိန႔္ေၾကာ္ျငာစာရဲ႕သက္တမ္းက ဧၿပီလ ၆ ရက္ေန႔ကေန ၂၁ ရက္ေန႔အထိျဖစ္ၿပီး ဒါကို သက္တမ္းတိုးျမႇင့္လိုက္တာျဖစ္ၿပီး တိုးျမႇင့္လိုက္တဲ့သက္တမ္းအရ ဧၿပီလ ၃၀ ရက္ေန႔ည ၁၂ နာရီအထိျဖစ္ေၾကာင္း၊ အိမ္စီးကားေတြလို႔ဆိုတာမွာလည္း ယာဥ္ေမာင္းအပါအဝင္ ၄ ဦး သာခြင့္ျပဳေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ယမန္ေန႔ဧၿပီလ ၂၀ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ထုတ္ျပန္တဲ့စာရင္းအရ Covid-19 ဓာတ္ခြဲအတည္ျပဳလူနာ ၁၁၉ ဦးအထိရွိေနၿပီျဖစ္ပါတယ္။

KT                                                                          
မႏၲေလး၊ ဧၿပီ ၂၁