မန္တလေး ကန်တော်နဒီဆေးရုံတွင် Covid-19 စောင့်ကြည့်လူနာတစ်ဦး သေဆုံးပြန်

မန္တလေး ကန်တော်နဒီဆေးရုံတွင် Covid-19 စောင့်ကြည့်လူနာတစ်ဦး သေဆုံးပြန်

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ Covid-19 ရောဂါ စောင့်ကြည့်လူနာတစ်ဦး ဒီကနေ့မနက်ပိုင်းမှာပဲ သေဆုံးသွားခဲ့ပြန်ပြီဖြစ်တယ်လို့ သိရပါတယ်။

တံတားဦးမြို့နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးပဲဖြစ်ပြီး ၄င်းဟာ ပြီးခဲ့တဲ့မတ်လ ၁၆ ရက်နေ့က မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကတစ်ဆင့် Covid-19 စောင့်ကြည့်လူနာတွေ သီးသန့်စောင့်ကြပ်ကြည့်ရှု ကုသပေးနေတဲ့ ကန်တော်နဒီဆေးရုံဆီ ရောက်ရှိလာတာပါ။

"ဒီနေ့ဆေးစစ်ချက်သိရဖို့ ပို့ထားပါတယ်၊ ပိုးမတွေ့သေးပါဘူး သေတယ်ဆိုတာတော့မှန်ပါတယ် လောလောဆယ်တော့ ဆေးစစ်ချက်ယူဖို့လုပ်နေပါတယ်" လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော် က ပြောပါတယ်။

သေဆုံးလူနာရဲ့ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်ချက်ကို ဒီကနေ့မွန်းလွဲပိုင်းမှာပဲ ဓာတ်ခွဲစစ်ဆေးကြည့်ဖို့ ရန်ကုန်မြို့က အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းဆီ ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပြီး လတ်တလောမှာတော့ သေဆုံးသူကို ကန်တော်နဒီဆေးရုံမှာပဲ ထားရှိထားတယ်လို့ ဆေးရုံမှာတာ၀န်ကျနေတဲ့ Opinion Leaders ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီကနေ့သေဆုံးသွားခဲ့တဲ့လူနာက ပြီးခဲ့တဲ့မတ်လ ၁၆ ရက်နေ့က မန္တလေး တံတားဦးမြို့နယ်ကနေ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီ အဆုတ်ရောဂါနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး အဆုတ်ရောဂါဆိုင်ရာ စိုးရိမ်ရတဲ့အခြေအနေရှိနေလို့ Covid-19 စောင့်ကြည့်လူနာတွေ သီးသန့်စောင့်ကြပ်ကြည့်ရှု ကုသပေးနေတဲ့ ကန်တော်နဒီဆေးရုံဆီ ပို့ဆောင်ခဲ့တဲ့လူနာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး ကန်တော်နဒီဆေးရုံမှာ ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့ကလည်း Covid-19 စောင့်ကြည့်လူနာတစ်ဦး သေဆုံးခဲ့ဖူးပြီး ၄င်းဟာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီး အဆုတ်ရောဂါအခံရှိသူတစ်ဦးဖြစ်တယ်လို့ အဲဒီတုန်းက အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

KT
မန္တလေး၊ မတ် - ၁၇

( Zawgyi )

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာ Covid-19 ေရာဂါ ေစာင့္ၾကည့္လူနာတစ္ဦး ဒီကေန႔မနက္ပိုင္းမွာပဲ ေသဆုံးသြားခဲ့ျပန္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

တံတားဦးၿမိဳ႕နယ္မွာေနထိုင္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးပဲျဖစ္ၿပီး ၄င္းဟာ ၿပီးခဲ့တဲ့မတ္လ ၁၆ ရက္ေန႔က မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးကတစ္ဆင့္ Covid-19 ေစာင့္ၾကည့္လူနာေတြ သီးသန္႔ေစာင့္ၾကပ္ၾကည့္ရႈ ကုသေပးေနတဲ့ ကန္ေတာ္နဒီေဆး႐ုံဆီ ေရာက္ရွိလာတာပါ။

"ဒီေန႔ေဆးစစ္ခ်က္သိရဖို႔ ပို႔ထားပါတယ္၊ ပိုးမေတြ႕ေသးပါဘူး ေသတယ္ဆိုတာေတာ့မွန္ပါတယ္ ေလာေလာဆယ္ေတာ့ ေဆးစစ္ခ်က္ယူဖို႔လုပ္ေနပါတယ္" လို႔ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာခင္ေက်ာ္ က ေျပာပါတယ္။

ေသဆုံးလူနာရဲ႕ေရာဂါပိုး ရွိ၊ မရွိ ေဆးစစ္ခ်က္ကို ဒီကေန႔မြန္းလြဲပိုင္းမွာပဲ ဓာတ္ခြဲစစ္ေဆးၾကည့္ဖို႔ ရန္ကုန္ၿမိဳ႕က အမ်ိဳးသားက်န္းမာေရးဆိုင္ရာ ဓာတ္ခြဲခန္းဆီ ပို႔ေဆာင္စစ္ေဆးေနတယ္လို႔ သိရၿပီး လတ္တေလာမွာေတာ့ ေသဆုံးသူကို ကန္ေတာ္နဒီေဆး႐ုံမွာပဲ ထားရွိထားတယ္လို႔ ေဆး႐ုံမွာတာ၀န္က်ေနတဲ့ Opinion Leaders ရဲ႕ သတင္းရင္းျမစ္တစ္ဦးက ေျပာပါတယ္။

ဒီကေန႔ေသဆုံးသြားခဲ့တဲ့လူနာက ၿပီးခဲ့တဲ့မတ္လ ၁၆ ရက္ေန႔က မႏၲေလး တံတားဦးၿမိဳ႕နယ္ကေန မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးဆီ အဆုတ္ေရာဂါနဲ႔ ေရာက္ရွိခဲ့တာျဖစ္ၿပီး အဆုတ္ေရာဂါဆိုင္ရာ စိုးရိမ္ရတဲ့အေျခအေနရွိေနလို႔ Covid-19 ေစာင့္ၾကည့္လူနာေတြ သီးသန္႔ေစာင့္ၾကပ္ၾကည့္ရႈ ကုသေပးေနတဲ့ ကန္ေတာ္နဒီေဆး႐ုံဆီ ပို႔ေဆာင္ခဲ့တဲ့လူနာျဖစ္တယ္လို႔ သိရပါတယ္။

မႏၲေလး ကန္ေတာ္နဒီေဆး႐ုံမွာ ၿပီးခဲ့တဲ့မတ္လ ၆ ရက္ေန႔ကလည္း Covid-19 ေစာင့္ၾကည့္လူနာတစ္ဦး ေသဆုံးခဲ့ဖူးၿပီး ၄င္းဟာ အသက္ ၆၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီး အဆုတ္ေရာဂါအခံရွိသူတစ္ဦးျဖစ္တယ္လို႔ အဲဒီတုန္းက အစိုးရက သတင္းထုတ္ျပန္ခဲ့ပါတယ္။

KT
မႏၲေလး၊ မတ္ - ၁၇