မန္တလေးတွင် အချုပ်ကားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွား အချုပ်ကားပေါ်ပါလာသူ ၁၀ ဦးအပြင် ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးထိခိုက် ဒဏ်ရာရ

မန္တလေးတွင် အချုပ်ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွား အချုပ်ကားပေါ်ပါလာသူ ၁၀ ဦးအပြင် ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦးထိခိုက် ဒဏ်ရာရ

မန္တလေးမြို့ကကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၉ နာရီ ၁၅ အချိန်ခန့်က အချုပ်ကား တစ်စီး တိမ်းမှောက် မှုဖြစ်ပွား ခဲ့တာမှာ ကားပေါ်ပါလာတဲ့ရဲတပ်သား ၃ ဦးနဲ့အချုပ်သား ၇ ဦးအပြင် ဆိုင်ကယ်စီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါ တယ်။

ကျောက်ဆည်မြို့မရဲစခန်းကနေ အချုပ်သား ၁၈ ဦးတင်ဆောင်လာတဲ့ကားဟာ မန္တလေးဗဟိုအကျဉ်းထောင်ဆီမောင်းနှင်လာစဉ် အောင်မြေသာစံ မြို့နယ် ၂၆ လမ်း၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားမှာ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အချုပ်ကား တိမ်းမှောက် စဉ်မှာပဲ နောက်ကပါလာတဲ့အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ဆိုင်ကယ်က အချုပ်ကားနဲ့ဝင်တိုက်မိတာကနေ ဆိုင်ကယ်စီးအမျိုးသမီးအပါအဝင် လူ ၁၁ ဦးထိ ခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်နေရာရောက်ရှိခဲ့တဲ့ရဲအရာရှိတစ်ဦးကပြောပါတယ်။

အချုပ်ကားဟာ ကျောက်ဆည်မြို့ကနေ ဒီကနေ့မနက်အစောပိုင်းကထွက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာအချုပ်သား ၁၈ ဦး တင်ဆောင် လာတာဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီပို့ဆောင်ထားကြောင်းသိရပါတယ်။

KT
Photo Credit: ကိုသိန်းထွန်းအောင်(နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့)

မန္တလေး ဒီဇင်ဘာ ၃ 

(  Zawgyi  )

 မႏၲေလးၿမိဳ႕ကက်ဳံးေတာင္ဘက္ျခမ္း ၂၆ လမ္းမႀကီးေပၚမွာ ဒီကေန႔မနက္ ၉ နာရီ ၁၅ အခ်ိန္ခန႔္က အခ်ဳပ္ကား တစ္စီး တိမ္းေမွာက္ မႈျဖစ္ပြား ခဲ့တာမွာ ကားေပၚပါလာတဲ့ရဲတပ္သား ၃ ဦးနဲ႔အခ်ဳပ္သား ၇ ဦးအျပင္ ဆိုင္ကယ္စီး အမ်ိဳးသမီး တစ္ဦး ထိခိုက္ဒဏ္ရာ ရခဲ့ၾကတယ္လို႔ သိရပါ တယ္။

ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းကေန အခ်ဳပ္သား ၁၈ ဦးတင္ေဆာင္လာတဲ့ကားဟာ မႏၲေလးဗဟိုအက်ဥ္းေထာင္ဆီေမာင္းႏွင္လာစဥ္ ေအာင္ေျမသာစံ ၿမိဳ႕နယ္ ၂၆ လမ္း၊ ၆၅ လမ္းနဲ႔ ၆၆ လမ္းၾကားမွာ အရွိန္မထိန္းႏိုင္ဘဲတိမ္းေမွာက္မႈျဖစ္ပြားခဲ့တာျဖစ္ၿပီး အခ်ဳပ္ကား တိမ္းေမွာက္ စဥ္မွာပဲ ေနာက္ကပါလာတဲ့အမ်ိဳးသမီးတစ္ဦးေမာင္းႏွင္လာတဲ့ဆိုင္ကယ္က အခ်ဳပ္ကားနဲ႔ဝင္တိုက္မိတာကေန ဆိုင္ကယ္စီးအမ်ိဳးသမီးအပါအဝင္ လူ ၁၁ ဦးထိ ခိုက္ဒဏ္ရာရခဲ့တာျဖစ္တယ္လို႔ အခင္းျဖစ္ေနရာေရာက္ရွိခဲ့တဲ့ရဲအရာရွိတစ္ဦးကေျပာပါတယ္။

အခ်ဳပ္ကားဟာ ေက်ာက္ဆည္ၿမိဳ႕ကေန ဒီကေန႔မနက္အေစာပိုင္းကထြက္ခဲ့တာျဖစ္ၿပီး ကားေပၚမွာအခ်ဳပ္သား ၁၈ ဦး တင္ေဆာင္ လာတာျဖစ္ေၾကာင္း၊ ယာဥ္တိုက္မႈျဖစ္စဥ္နဲ႔ပတ္သက္လို႔ေတာ့ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမရဲစခန္းက အမႈဖြင့္ စစ္ေဆးေန ဆဲျဖစ္ေၾကာင္း၊ ထိခိုက္ဒဏ္ရာရသူေတြကိုေတာ့ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးဆီပို႔ေဆာင္ထားေၾကာင္းသိရပါတယ္။

KT
Photo Credit: ကိုသိန္းထြန္းေအာင္(နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕)

မႏၲေလး ဒီဇင္ဘာ ၃