မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဘီလျံခန့်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဘီလျံခန့်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအ မေရိကန်ဒေါ်လာ ၃ ဘီလျံခန့်ရှိခဲ့ပြီး ဒါဟာ နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ် နှံမှု ဒုတိယအများဆုံးအခြေအနေဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဆီကသိရပါတယ်။

"မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုတွေကိုယှဉ်ကြည့်ရင် မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံးဖြစ်နေတယ်၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာတင် အမေရိကန်ဒေါ်လာ ၃ ဘီလျံလောက်ရှိနေတာပါ" လို့ အဆိုပါဌာနမှညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၉ ခုရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ် လာ ၃ ဒသမ ၉၇ ဘီလျံ၊ နိုင်ငံသားရင်းနှီးမြှုပ်မှုပမာဏက ကျပ် ၅၂၄၉ ဒသမ ၅၈ ဘီလျံရှိခဲ့ကြောင်း၊ ဒီပမာဏတွေနဲ့ ဒေသတွင်းက လုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အောက်လုပ်ငန်းတွေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကျပ်သန်းခြောက်ထောင်နဲ့အောက်လုပ်ငန်းတွေကို မန္တလေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်မှုကော်မတီက အတည်ပြုမိန့်တွေအလျင် အမြန်ထုတ်ပေးနေကြောင်း၊ ဒါဟာ တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုတွေ အရင်ကထက်ပိုမိုဝင်ရောက်လာစေဖို့ ဆွဲဆောင်တာလည်းဖြစ်ကြောင်း သိရပါတယ်။

အခုနှစ်ထဲမှာပဲ Investment Promotion Committee ဆိုတာကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်၊ ဒါကရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတစ်ရပ်ပါ၊ ဒီအဖွဲ့အစည်းရဲ့ပထမအကြိမ်အစည်းအဝေးမှာပဲ စက်မှုလက်မှုလုပ်ငန်းတွေကနေ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကော်မတီရဲ့လမ်းညွှန်ချက်နဲ့ဆောင် ရွက်သွားဖို့ဆိုပြီးပြောထားပါတယ် လို့လည်း ၎င်းကဆိုပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်တွေအတွက် ပိုပြီးလုပ်သာကိုင်သာရှိတဲ့ကုမ္ပဏီဥပဒေအသစ်ကို ၂၀၁၈ ခုနှစ်နှစ်လယ်ပိုင်းလောက်ကစတင်ကျင့်သုံးခဲ့တာဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ အရင်အစိုးရအဆက်ဆက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၃၅ ဒသမ ၇၄ ရာခိုင်နှုန်းရှိခဲ့ပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက ၃၄ ဒသမ ၃၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အခုလက်ရှိအစိုးရလက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၆၄ ဒသမ ၂၆ ရာခိုင်နှုန်းနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက ၆၅ ဒသမ ၆၄ ရာခိုင် နှုန်းရှိခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ နိုင်ငံပေါင်းစုံကပါဝင်ပြီး ဒီအထဲကမှ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်းသိရပါတယ်။

ကျွန်တော်တို့ဆီမှာက အရင်တုန်းကတော့ တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံမှုအများဆုံးပါ၊ ဒီနှစ်တော့ စင်ကာပူနိုင်ငံကပထမဆုံးဖြစ်နေပါတယ် လို့လည်း ၎င်းကပြောပါတယ်။

KT
မန္တလေး၊ ဇန်နဝါရီ - ၁၃

( Zawgyi )

မႏၲေလးတိုင္းေဒသႀကီးအတြင္း ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအထိ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအ ေမရိကန္ေဒၚလာ ၃ ဘီလ်ံခန႔္ရွိခဲ့ၿပီး ဒါဟာ ႏိုင္ငံတြင္းမွာ ရင္းႏွီးျမႇဳပ္ ႏွံမႈ ဒုတိယအမ်ားဆုံးအေျခအေနျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနဆီကသိရပါတယ္။

"ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလအထိ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုယွဥ္ၾကည့္ရင္ မႏၲေလးတိုင္းေဒသႀကီးက ဒုတိယအမ်ားဆုံးျဖစ္ေနတယ္၊ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈမွာတင္ အေမရိကန္ေဒၚလာ ၃ ဘီလ်ံေလာက္ရွိေနတာပါ" လို႔ အဆိုပါဌာနမွၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္ဇင္လြင္ကေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကုန္အထိ မႏၲေလးတိုင္းေဒသႀကီးအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၇၉ ခုရွိခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏက အေမရိကန္ေဒၚ လာ ၃ ဒသမ ၉၇ ဘီလ်ံ၊ ႏိုင္ငံသားရင္းႏွီးျမႇဳပ္မႈပမာဏက က်ပ္ ၅၂၄၉ ဒသမ ၅၈ ဘီလ်ံရွိခဲ့ေၾကာင္း၊ ဒီပမာဏေတြနဲ႔ ေဒသတြင္းက လုပ္ငန္းေတြေဆာင္႐ြက္ေနတာျဖစ္ေၾကာင္း၊ ဒါေၾကာင့္မို႔လို႔လည္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၅ သိန္းနဲ႔ေအာက္လုပ္ငန္းေတြနဲ႔ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈက်ပ္သန္းေျခာက္ေထာင္နဲ႔ေအာက္လုပ္ငန္းေတြကို မႏၲေလးတိုင္းေဒသႀကီး၊ ရင္းႏွီးျမႇဳပ္မႈေကာ္မတီက အတည္ျပဳမိန႔္ေတြအလ်င္ အျမန္ထုတ္ေပးေနေၾကာင္း၊ ဒါဟာ တိုင္းေဒသႀကီးအတြင္းရင္းႏွီးျမႇဳပ္ႏွံမႈေတြ အရင္ကထက္ပိုမိုဝင္ေရာက္လာေစဖို႔ ဆြဲေဆာင္တာလည္းျဖစ္ေၾကာင္း သိရပါတယ္။

အခုႏွစ္ထဲမွာပဲ Investment Promotion Committee ဆိုတာကိုဖြဲ႕စည္းထားၿပီးျဖစ္ပါတယ္၊ ဒါကရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္တဲ့အဖြဲ႕အစည္းတစ္ရပ္ပါ၊ ဒီအဖြဲ႕အစည္းရဲ႕ပထမအႀကိမ္အစည္းအေဝးမွာပဲ စက္မႈလက္မႈလုပ္ငန္းေတြကေန ထုတ္လုပ္ေရးလုပ္ငန္းေတြကို ေကာ္မတီရဲ႕လမ္းၫႊန္ခ်က္နဲ႔ေဆာင္ ႐ြက္သြားဖို႔ဆိုၿပီးေျပာထားပါတယ္ လို႔လည္း ၎ကဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ လုပ္ငန္းရွင္ေတြအတြက္ ပိုၿပီးလုပ္သာကိုင္သာရွိတဲ့ကုမၸဏီဥပေဒအသစ္ကို ၂၀၁၈ ခုႏွစ္ႏွစ္လယ္ပိုင္းေလာက္ကစတင္က်င့္သုံးခဲ့တာျဖစ္ ပါတယ္။

ျမန္မာႏိုင္ငံမွာ အရင္အစိုးရအဆက္ဆက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက ၃၅ ဒသမ ၇၄ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈက ၃၄ ဒသမ ၃၆ ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း၊ အခုလက္ရွိအစိုးရလက္ထက္မွာေတာ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက ၆၄ ဒသမ ၂၆ ရာခိုင္ႏႈန္းနဲ႔ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈက ၆၅ ဒသမ ၆၄ ရာခိုင္ ႏႈန္းရွိခဲ့ေၾကာင္း၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြထဲမွာ ႏိုင္ငံေပါင္းစုံကပါဝင္ၿပီး ဒီအထဲကမွ တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျဖစ္ေၾကာင္းသိရပါတယ္။

ကြၽန္ေတာ္တို႔ဆီမွာက အရင္တုန္းကေတာ့ တ႐ုတ္ႏိုင္ငံကရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးပါ၊ ဒီႏွစ္ေတာ့ စင္ကာပူႏိုင္ငံကပထမဆုံးျဖစ္ေနပါတယ္ လို႔လည္း ၎ကေျပာပါတယ္။

KT
မႏၲေလး၊ ဇန္နဝါရီ - ၁၃