ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လအလိုအထိ ပြည်ပသို့ ကုန်တင်ပို့မှု ကန်ဒေါ်လာ ၁၆ ဘီလျံနီးပါးထိရှိပြီး ယခင်ကာလတူထက် သန်း ၆၀၀ နီးပါး ပိုမိုတင်ပို့ခဲ့

ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လအလိုအထိ ပြည်ပသို့ ကုန်တင်ပို့မှု ကန်ဒေါ်လာ ၁၆ ဘီလျံနီးပါးထိရှိပြီး ယခင်ကာလတူထက် သန်း ၆၀၀ နီးပါး ပိုမိုတင်ပို့ခဲ့

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာနှစ်ကာလ ကုန်ဆုံးရန်တစ်လသာလိုတော့သည့်အထိ ပြည်ပသို့ ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၆ ဘီလျံနီးပါးထိရှိခဲ့ကာ ယခင်ကာလတူထက် ကန်ဒေါ်လာသန်း၆၀၀ နီးပါးပိုမိုတင်ပို့ခဲ့နိုင်ခဲ့တယ်လို့ စက်တင်ဘာလအတွင်းထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ကာလတူ ပုံမှန်/နယ်စပ် ပြည်ပပို့ကုန်အုပ်စုအလိုက် နိူင်း ယှဉ်သည့် စာရင်းအချက်အလက်အရသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်အရ ၂၀၁၈ခုနှစ်အောက်တိုဘာလမှ ယခု၂၀၁၉ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ ဆာ်တစ်လကျော်ကာလအတွင်း ပြည်ပသို့ ကုန်ပစ္စည်း ကန်ဒေါ်လာ ၁၅၉၇၆ ဒသမ ၄၉၀ သန်းတင် ပို့ခဲ့ရာမှာ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၃၀၃၁ ဒသမ ၅၉၉ သန်း၊တိရိစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ် လာ၃၅၄ ဒသမ ၇၇၇ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၆၉၅ ဒသမ၇၁၈ သန်း၊ သတ္တုတွင်း ထက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၁၃၈၉ ဒသမ၈၂၁ သန်း၊သစ် တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ၃၉၈  သန်း၊ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အ မေရိကန် ဒေါ်လာ၉၄၈၈ ဒသမ ၃၅၃သန်း၊အခြားတင်ပို့်မှုမှ အမေရိကန်ဒေါ်လာ၇၄၉ ဒသမ ၈၂၄ သန်းတင်ပိုခဲ့ ကြောင်းတွေ့ရပါတယ်။

သြဂုတ် ၃ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုပမာဏကို ပြန်ကြည့်ပါက တစ်လကျော်ကာလအတွင်း ကန်ဒေါ်လာ ၁၈၁၃ဒသမ ၉၈၁ သန်းရှိကာ စက်မှုကုန်ချောကဏ္ဍတစ်ခုတည်းမှ ကန်ဒေါ်လာ ၁၂၈၃ ဒသမ ၃၁၇ သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရပါတယ်။

ဆယ်တစ်လတာတင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာလေးဘီလျံကျော်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍမှ ဆယ်တစ်ဘီလျံကျော်တင်ပို့ခဲ့ပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၆၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ထိုသန်း ၆၀၀ နီးပါးတွင် နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ၉၉ဒသမ ၄၂၀  သန်းလျော့နည်းခဲ့ပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ၆၉၅ဒသမ၃၆၈ သန်းပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။      

PWA
Photo Credit : mpa.gov mm
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာနှစ်ကာလ ကုန်ဆုံးရန်တစ်လသာလိုတော့သည့်အထိ ပြည်ပသို့ ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၆ ဘီလျံနီးပါးထိရှိခဲ့ကာ ယခင်ကာလတူထက် ကန်ဒေါ်လာသန်း၆၀၀ နီးပါးပိုမိုတင်ပို့ခဲ့နိုင်ခဲ့တယ်လို့ စက်တင်ဘာလအတွင်းထုတ်ပြန်သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ကာလတူ ပုံမှန်/နယ်စပ် ပြည်ပပို့ကုန်အုပ်စုအလိုက် နိုင်း ယှဉ်သည့် စာရင်းအချက်အလက်အရသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်အရ ၂၀၁၈ခုနှစ်အောက်တိုဘာလမှ ယခု၂၀၁၉ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ ဆ်ာတစ်လကျော်ကာလအတွင်း ပြည်ပသို့ ကုန်ပစ္စည်း ကန်ဒေါ်လာ ၁၅၉၇၆ ဒသမ ၄၉၀ သန်းတင် ပို့ခဲ့ရာမှာ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၃၀၃၁ ဒသမ ၅၉၉ သန်း၊တိရိစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ် လာ၃၅၄ ဒသမ ၇၇၇ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၆၉၅ ဒသမ၇၁၈ သန်း၊ သတ္တုတွင်း ထက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၁၃၈၉ ဒသမ၈၂၁ သန်း၊သစ် တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၆ ဒသမ၃၉၈  သန်း၊ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အ မေရိကန် ဒေါ်လာ၉၄၈၈ ဒသမ ၃၅၃သန်း၊အခြားတင်ပို့်မှုမှ အမေရိကန်ဒေါ်လာ၇၄၉ ဒသမ ၈၂၄ သန်းတင်ပိုခဲ့ ကြောင်းတွေ့ရပါတယ်။



PWA
Photo Credit : mpa.gov mm
ရန်ကုန်၊ စက်တင်ဘာ - ၂၁