ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်နေတာ လှေဆိပ်မှာ မှို့အိပ်ဖွင့်သလို ဖြစ်မှာမျိုး စိုးရိမ်ဟု တပ်ကိုယ်စားလှယ်ဆို။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်နေတာ လှေဆိပ်မှာ မှို့အိပ်ဖွင့်သလို ဖြစ်မှာမျိုး စိုးရိမ်ဟု တပ်ကိုယ်စားလှယ်ဆို။

ယခုဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်နေတာတွေဟာ လှေဆိပ်မှာ မှို့အိပ်ဖြေလိုက်သလိုမျိုး၊ လှေဆိပ်မှာ မှို့အိပ်ဖွင့်သလိုမျိုး ဖြစ်မှာကို စိုးရိမ်မိပါကြောင်း တပ်မတော်သားလွှတ်တော်က ကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းမှပြောပါတယ်။ယနေ့ ပြုလုပ် တဲ့ ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်နေ့ အစီအစဉ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းပုဒ်မ ပုဒ်မခွဲများ အပေါ် ဆွေးနွေးသည့် အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပြင်ဆင်၊ပယ်ဖျက်၊ ဖြည့်စွက်ပြဋ္ဌာန်းတော့မည်ဆိုရင် မိမိနိုင်ငံရဲ့ သမိုင်းမှရခဲ့တဲ့ သင်ခန်းစာတွေ၊ နိုင်ငံရေးရေချိန်၊ နိုင်ငံတော်ရဲ့အခြေအနေအရပ်ရပ်၊ ကမ္ဘာ့နိုင်ငံများရဲ့ စနစ်အခြေအနေများ ကို မှန်မှန်၊ကန်ကန်၊ သုံးသပ်ပြီး Harmony ဖြစ်ဖို့လိုပါတယ်၊ Harmonyမဖြစ်ခဲ့ရင် Mechanismတွေ ပျက်မယ်၊ Mechanismတွေ ပျက်ရင် တိုင်းပြည် နာမယ်၊ တိုင်းပြည်နာရင် ဒီတိုင်းပြည်မှာရှိတဲ့ပြည်သူတွေပဲနာမှာ ဖြစ်ပါတယ်။ ဒါကြောင့်Harmonyဖြစ်ဖို့လိုပါတယ်။ အခုတင်ပြလာခဲ့တဲ့ ပြင်ဆင်ချက် ပုဒ်မများကို လေ့လာကြည့်ရင် နိုင်ငံ့ဝန်ထမ်းတွေကို ပါတီနိုင်ငံရေးနဲ့ ပတ်သက်လာနိုင်အောင်၊ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍကို လျော့ကျအောင်၊ ကာကွယ်ရေးနဲ့လုံခြုံရေး ကဏ္ဍကို မှေးမှိန်အောင်၊ အရေးပေါ်ဆိုင်ရာ ပြဌာန်းချက်တွေမှာပြင်ဆင်ချက်တွေကို ကြည့်ရင် အစိုးရအဖွဲ့ အကြီးအကဲ အုပ်ချုပ်ရေးအကြီးအကဲ နိုင်ငံတော်သမ္မတက မလုပ်နိုင် တော့လို့ မထိန်းသိမ်းနိုင်တော့လို့ ယန္တရားတွေပျက်ပြီးတော့မှ တိုင်းပြည်ပျက်ပါပြီ ဆိုမှ နိုင်ငံတော်သမ္မတရဲ့ အစီအမံနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုက်လုပ်ရမယ် ဆိုတဲ့ ဟာတွေဟာ လက်တွေအခြေအနေမှာ မဖြစ်သင့်တဲ့ ပြင်ဆင်ချက်တွေဘဲ ဖြစ်နေပါတယ်။ ကျနော်တို့ကိုယ်စားလှယ်တော်ကြီးဦးခင်အောင်မြင့်ရဲ့ စကားကို ပြန်ပြီး တင်ပြရရင် အခုဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်နေတာ တွေဟာ လှေဆိပ်မှာမှို့အိပ်ဖြေလိုက်သလိုမျိုး၊ လှေဆိပ်မှာမှို့အိပ်ဖွင့်သလိုမျိုး ဖြစ်မှာကို စိုးရိမ်မိပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါမှာလည်း ကျနော်တို့ တိုင်းပြည်နဲ့ပြည်သူများရဲ့ အကျိုးစီးပွားကို သုံးသပ်ဆုံးဖြတ်မဲပေးကြဖို့ တိုက်တွန်း ဆွေးနွေးလို ပါတယ်"ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းမှ ပြောခဲ့ပါတယ်။

KO
နေပြည်တော်၊ဖေဖေါ်ဝါရီ-၂၇

(  Zawgyi  )

 ယခုဖြဲ႕စည္းပုံျပင္ဆင္ေရး လုပ္ေနတာေတြဟာ ေလွဆိပ္မွာ မႈိ႕အိပ္ေျဖလိုက္သလိုမ်ိဳး၊ ေလွဆိပ္မွာ မႈိ႕အိပ္ဖြင့္သလိုမ်ိဳး ျဖစ္မွာကို စိုးရိမ္မိပါေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္က ကိုယ္စားလွယ္ဒုတိယဗိုလ္မႉးႀကီး မ်ိဳးထက္ဝင္းမွေျပာပါတယ္။ယေန႔ ျပဳလုပ္ တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၄)ရက္ေန႔ အစီအစဥ္တြင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒၾကမ္းပုဒ္မ ပုဒ္မခြဲမ်ား အေပၚ ေဆြးေႏြးသည့္ အစီအစဥ္တြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ကို ျပင္ဆင္၊ပယ္ဖ်က္၊ ျဖည့္စြက္ျပ႒ာန္းေတာ့မည္ဆိုရင္ မိမိႏိုင္ငံရဲ႕ သမိုင္းမွရခဲ့တဲ့ သင္ခန္းစာေတြ၊ ႏိုင္ငံေရးေရခ်ိန္၊ ႏိုင္ငံေတာ္ရဲ႕အေျခအေနအရပ္ရပ္၊ ကမာၻ႔ႏိုင္ငံမ်ားရဲ႕ စနစ္အေျခအေနမ်ား ကို မွန္မွန္၊ကန္ကန္၊ သုံးသပ္ၿပီး Harmony ျဖစ္ဖို႔လိုပါတယ္၊ Harmonyမျဖစ္ခဲ့ရင္ Mechanismေတြ ပ်က္မယ္၊ Mechanismေတြ ပ်က္ရင္ တိုင္းျပည္ နာမယ္၊ တိုင္းျပည္နာရင္ ဒီတိုင္းျပည္မွာရွိတဲ့ျပည္သူေတြပဲနာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္Harmonyျဖစ္ဖို႔လိုပါတယ္။ အခုတင္ျပလာခဲ့တဲ့ ျပင္ဆင္ခ်က္ ပုဒ္မမ်ားကို ေလ့လာၾကည့္ရင္ ႏိုင္ငံ့ဝန္ထမ္းေတြကို ပါတီႏိုင္ငံေရးနဲ႔ ပတ္သက္လာႏိုင္ေအာင္၊ တပ္မေတာ္ရဲ႕ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္အခန္းက႑ကို ေလ်ာ့က်ေအာင္၊ ကာကြယ္ေရးနဲ႔လုံၿခဳံေရး က႑ကို ေမွးမွိန္ေအာင္၊ အေရးေပၚဆိုင္ရာ ျပဌာန္းခ်က္ေတြမွာျပင္ဆင္ခ်က္ေတြကို ၾကည့္ရင္ အစိုးရအဖြဲ႕ အႀကီးအကဲ အုပ္ခ်ဳပ္ေရးအႀကီးအကဲ ႏိုင္ငံေတာ္သမၼတက မလုပ္ႏိုင္ ေတာ့လို႔ မထိန္းသိမ္းႏိုင္ေတာ့လို႔ ယႏၲရားေတြပ်က္ၿပီးေတာ့မွ တိုင္းျပည္ပ်က္ပါၿပီ ဆိုမွ ႏိုင္ငံေတာ္သမၼတရဲ႕ အစီအမံနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လိုက္လုပ္ရမယ္ ဆိုတဲ့ ဟာေတြဟာ လက္ေတြအေျခအေနမွာ မျဖစ္သင့္တဲ့ ျပင္ဆင္ခ်က္ေတြဘဲ ျဖစ္ေနပါတယ္။ က်ေနာ္တို႔ကိုယ္စားလွယ္ေတာ္ႀကီးဦးခင္ေအာင္ျမင့္ရဲ႕ စကားကို ျပန္ၿပီး တင္ျပရရင္ အခုဖြဲ႕စည္းပုံ ျပင္ဆင္ေရး လုပ္ေနတာ ေတြဟာ ေလွဆိပ္မွာမႈိ႕အိပ္ေျဖလိုက္သလိုမ်ိဳး၊ ေလွဆိပ္မွာမႈိ႕အိပ္ဖြင့္သလိုမ်ိဳး ျဖစ္မွာကို စိုးရိမ္မိပါတယ္။ မဲခြဲဆုံးျဖတ္တဲ့အခါမွာလည္း က်ေနာ္တို႔ တိုင္းျပည္နဲ႔ျပည္သူမ်ားရဲ႕ အက်ိဳးစီးပြားကို သုံးသပ္ဆုံးျဖတ္မဲေပးၾကဖို႔ တိုက္တြန္း ေဆြးေႏြးလို ပါတယ္"ဟု တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီးမ်ိဳးထက္ဝင္းမွ ေျပာခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖၚဝါရီ-၂၇