ပြည်သူလူထုကြား သတင်းမှားဖြင့် အထိတ်တလန့်ဖြစ်အောင် လုပ်နေသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်

ပြည်သူလူထုကြား သတင်းမှားဖြင့် အထိတ်တလန့်ဖြစ်အောင် လုပ်နေသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်

သတင်းအမှားတွေကိုFacebookမှာ၊ ဆိုရှယ်မီဒီယာမှာ မဟုတ်မမှန်သတင်းတွေဖြန့်ဖြူးနေသူများ၊ပြည်သူလူထုကြားမှာအထိတ်တလန့်ဖြစ်အောင်လုပ်နေသူများအားဥပဒေနှင့်အညီပြင်းပြင်ထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း၊နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက သတိပေးပြောကြားလိုက်ပါတယ်။

ယနေ့၊နေလည်ပိုင်းက နေပြည်တော်၊သမ္မတအိမ်တော်၀န်းရှိမီဒီယာရှင်းလင်းဆောင်တွင်ကျင်းပပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"သတင်းအမှားတွေကိုFacebookမှာဆိုရှယ်မီဒီယာမှာမဟုတ်မမှန်သတင်းတွေဖြန့်ဖြူးနေတဲ့သူတေ၊ ွပြည်သူလူထုကြားမှာအထိတ်တလန့်ဖြစ်အောင်လုပ်နေတဲ့သူတွေသိရှိရရင်၊ဖော်ထုတ်လို့ရရင်ဥပဒေနဲ့အညီပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ကြောင်းသတိပေးပြောကြားလိုပါတယ်။

ဒါနဲ့ပတ်သက်လို့လည်းတစ်ချို့၀က်ဘ်ဆိုက်တွေ သတင်းမှား၀က်ဘ်ဆိုက်တွေရှိပါတယ်အဲ့၀က်ဘ်ဆိုက်တွေကဆိုရှယ်မီဒီယာမှာလင့်လုပ်ပြီးတင်တဲ့ဟာတွေရှိတယ်။ဒီဟာတေ ွလည်စာရင်းဇယားနဲ့တကွပို့/ဆက်၀န်ကြီးဌာနကတာ၀န်ယူပြီး ပိတ်သိမ်းဖို့ညွန်ကြားထားပြီးဖြစ်ပါတယ်။ဒီဟာတွေကိုဘယ်သူတွေကလုပ်တယ်ဆိုတဲ့တိတိကျကျအချက်အလက်တွေသိရရင်အရေးယူမှာဖြစ်ပါတယ်။

အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါမျိုးရင်ဆိုင်ရတဲ့အချိန်မှာဒီကနေ့အထိဒီရောဂါကို တစ်ဦးတစ်ယောက်မှကူးစက်တာမရှိသေးပါဘူး။ဒီအချိန်မှာပြည်သူလူထုကြားမှာအထိတ်တစ်လန့်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ အ လန့်တကြားဖြစ်အောင်လုပ်လာတဲ့မည်သူ့မဆိုအရေးယူမှာဖြစ်ကြောင်းပြောကြားလိုပါတယ်" ဟုသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးမှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ မတ် - ၁၃

( Zawgyi )

သတင္းအမွားေတြကိုFacebookမွာ၊ ဆိုရွယ္မီဒီယာမွာ မဟုတ္မမွန္သတင္းေတြျဖန္႔ျဖဴးေနသူမ်ား၊ျပည္သူလူထုၾကားမွာအထိတ္တလန္႔ျဖစ္ေအာင္လုပ္ေနသူမ်ားအားဥပေဒႏွင့္အညီျပင္းျပင္ထန္ထန္အေရးယူသြားမည္ျဖစ္ေၾကာင္း၊ႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးက သတိေပးေျပာၾကားလိုက္ပါတယ္။

ယေန႔၊ေနလည္ပိုင္းက ေနျပည္ေတာ္၊သမၼတအိမ္ေတာ္၀န္းရွိမီဒီယာရွင္းလင္းေဆာင္တြင္က်င္းပျပဳလုပ္သည့္သတင္းစာရွင္းလင္းပြဲျပဳလုပ္စဥ္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"သတင္းအမွားေတြကိုFacebookမွာဆိုရွယ္မီဒီယာမွာမဟုတ္မမွန္သတင္းေတြျဖန္႔ျဖဴးေနတဲ့သူေတ၊ ြျပည္သူလူထုၾကားမွာအထိတ္တလန္႔ျဖစ္ေအာင္လုပ္ေနတဲ့သူေတြသိရွိရရင္၊ေဖာ္ထုတ္လို႔ရရင္ဥပေဒနဲ႔အညီျပင္းျပင္းထန္ထန္အေရးယူသြားမွာျဖစ္ေၾကာင္းသတိေပးေျပာၾကားလိုပါတယ္။

ဒါနဲ႔ပတ္သက္လို႔လည္းတစ္ခ်ိဳ႕၀က္ဘ္ဆိုက္ေတြ သတင္းမွား၀က္ဘ္ဆိုက္ေတြရွိပါတယ္အဲ့၀က္ဘ္ဆိုက္ေတြကဆိုရွယ္မီဒီယာမွာလင့္လုပ္ၿပီးတင္တဲ့ဟာေတြရွိတယ္။ဒီဟာေတ ြလည္စာရင္းဇယားနဲ႔တကြပို႔/ဆက္၀န္ႀကီးဌာနကတာ၀န္ယူၿပီး ပိတ္သိမ္းဖို႔ၫြန္ၾကားထားၿပီးျဖစ္ပါတယ္။ဒီဟာေတြကိုဘယ္သူေတြကလုပ္တယ္ဆိုတဲ့တိတိက်က်အခ်က္အလက္ေတြသိရရင္အေရးယူမွာျဖစ္ပါတယ္။

အထူးသျဖင့္ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါမ်ိဳးရင္ဆိုင္ရတဲ့အခ်ိန္မွာဒီကေန႔အထိဒီေရာဂါကို တစ္ဦးတစ္ေယာက္မွကူးစက္တာမရွိေသးပါဘူး။ဒီအခ်ိန္မွာျပည္သူလူထုၾကားမွာအထိတ္တစ္လန္႔ျဖစ္ေအာင္၊ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္၊ အ လန္႔တၾကားျဖစ္ေအာင္လုပ္လာတဲ့မည္သူ႔မဆိုအေရးယူမွာျဖစ္ေၾကာင္းေျပာၾကားလိုပါတယ္" ဟုသမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူဦးေဇာ္ေဌးမွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ မတ္ -၁၃