ပြည်သူများ လက်လှမ်းမီ တတ်နိုင်သည့် မျှတသော ဝန်ဆောင်ခဖြင့် အရည်အသွေးပြည့်ဝ သည့်ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးကို ဆောင်ရွက်ပေးကြ ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုက်တွန်းပြောကြား

ပြည်သူများ လက်လှမ်းမီ တတ်နိုင်သည့် မျှတသော ဝန်ဆောင်ခဖြင့် အရည်အသွေးပြည့်ဝ သည့်ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးကို ဆောင်ရွက်ပေးကြ ဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုက်တွန်းပြောကြား

ပြည်သူများလက်လှမ်းမီတတ်နိုင်သည့် မျှတသောဝန်ဆောင်ခဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးကို ဆောင်ရွက်ပေးကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ အဆိုပါပြောကြားမှုကို သြဂုတ် ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်းပြောကြားခဲ့တာ ဖြစ်ပါ တယ်။

ယင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာမှာ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနဲ့အစိုးရမဟုတ်သော အဖွဲ့အစည်းများကဏ္ဍ(လူမှုအဖွဲ့အစည်းများ၊ပရဟိတ၊ကုသိုလ်ဖြစ် ဆေးခန်းများ) စသည်ဖြင့် အားလုံး ဝိုင်းဝန်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိစေရေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ လည်း ဆေးပညာကျင့်ဝတ်၊လူမှု စီးပွားကျင့်ဝတ်များ၊ မြန်မာနိုင်ငံ၏လက်ရှိ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာမှုသည် အရေးကြီးပြီး ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီတတ်နိုင်သည့် မျှတသောဝန်ဆောင်ခဖြင့် ရရှိစေရေး ဆောင်ရွက်ကြရန်ဖြစ်ပါတယ်။ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကိုလည်း ပုဂ္ဂလိကျန်းမာရေး လုပ်ငန်း တာဝန် ရှိသူများ အနေဖြင့် သေချာစွာ လေ့လာကြစေလိုပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက  ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအနေဖြင့်လည်း(၂၀၀၇) ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဆိုင်ရာ ဥပဒေ၊(၂၀၁၃)ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ပုဂ္ဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် (၂၀၁၅)ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာနည်းဥပဒေတို့ကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြား ခဲ့ပါတယ်။

လက်ရှိတွင် ပုဂ္ဂလိကအထွေထွေရောဂါကုဆေးခန်း(၅၄၄၁)ခု၊ အထူးကုဆေးခန်း(၇၁၇)ခု၊ ဆေးရုံ(၂၄၃) ရုံ၊ရောဂါရှာဖွေးရေးဓာတ်ခွဲခန်း(၂၂၂) ခု၊ဓာတ်မှန်ခန်း(၁၃၇)ခု တို့ကို လိုင်စင်ခွင့်ပြုပေးထားတယ်လို့လည်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၆
ဓါတ်ပုံ - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန။

(  Zawgyi  )

 ျပည္သူမ်ားလက္လွမ္းမီတတ္ႏိုင္သည့္ မွ်တေသာဝန္ေဆာင္ချဖင့္ အရည္အေသြးျပည့္ဝသည့္ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိေစေရးကို ေဆာင္႐ြက္ေပးၾကဖို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး ကတိုက္တြန္းေျပာၾကားလိုက္ပါတယ္။ အဆိုပါေျပာၾကားမႈကို ၾသဂုတ္ ၁၅ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္ခဲ့တဲ့ ပုဂၢလိကက်န္းမာေရး ေစာင့္ေရွာက္မႈက႑ ပိုမိုဖြံ႕ၿဖိဳး တိုးတက္ေရး အလုပ္႐ုံေဆြးေႏြးပြဲ ဖြင့္ပြဲအခမ္းအနားမွာ  ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက အထက္ပါအတိုင္းေျပာၾကားခဲ့တာ ျဖစ္ပါ တယ္။

ယင္း အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက “ျပည္သူမ်ားအားက်န္းမာေရးေစာင့္ေရွာက္မႈေပးအပ္ရာမွာ အစိုးရက႑၊ ပုဂၢလိကက႑နဲ႔အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားက႑(လူမႈအဖြဲ႕အစည္းမ်ား၊ပရဟိတ၊ကုသိုလ္ျဖစ္ ေဆးခန္းမ်ား) စသည္ျဖင့္ အားလုံး ဝိုင္းဝန္းေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္။က႑အားလုံး ဖြံ႕ၿဖိဳးတိုးတက္မႈျဖင့္ လူတိုင္းလက္လွမ္းမီ လႊမ္းၿခဳံႏိုင္သည့္ အရည္အေသြးျပည့္ဝေသာ က်န္းမာေရး ေစာင့္ေရွာက္မႈကို ရရွိေစေရး ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။ပုဂၢလိကက်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရာမွာ လည္း ေဆးပညာက်င့္ဝတ္၊လူမႈ စီးပြားက်င့္ဝတ္မ်ား၊ ျမန္မာႏိုင္ငံ၏လက္ရွိ ဥပေဒႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားလိုက္နာမႈသည္ အေရးႀကီးၿပီး ျပည္သူမ်ားအား အရည္အေသြးျပည့္ဝသည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို လက္လွမ္းမီတတ္ႏိုင္သည့္ မွ်တေသာဝန္ေဆာင္ချဖင့္ ရရွိေစေရး ေဆာင္႐ြက္ၾကရန္ျဖစ္ပါတယ္။ပုဂၢလိကက်န္းမာေရးလုပ္ငန္းဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားကိုလည္း ပုဂၢလိက်န္းမာေရး လုပ္ငန္း တာဝန္ ရွိသူမ်ား အေနျဖင့္ ေသခ်ာစြာ ေလ့လာၾကေစလိုပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျပည္ေထာင္စုဝန္ႀကီးက  ပုဂၢလိကက်န္းမာေရးက႑အေနျဖင့္လည္း(၂၀၀၇) ခုႏွစ္တြင္ထုတ္ျပန္ခဲ့သည့္ ပုဂၢလိက က်န္းမာေရး လုပ္ငန္း ဆိုင္ရာ ဥပေဒ၊(၂၀၁၃)ခုႏွစ္တြင္ထုတ္ျပန္ခဲ့သည့္ ပုဂၢၢလိက က်န္းမာေရးလုပ္ငန္းဥပေဒကို ျပင္ဆင္သည့္ဥပေဒႏွင့္ (၂၀၁၅)ခုႏွစ္တြင္ ထုတ္ျပန္ခဲ့သည့္ ပုဂၢလိကက်န္းမာေရးလုပ္ငန္းဆိုင္ရာနည္းဥပေဒတို႔ကို လိုက္နာေဆာင္႐ြက္ၾကရမွာျဖစ္တယ္လို႔လည္း ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

လက္ရွိတြင္ ပုဂၢလိကအေထြေထြေရာဂါကုေဆးခန္း(၅၄၄၁)ခု၊ အထူးကုေဆးခန္း(၇၁၇)ခု၊ ေဆး႐ုံ(၂၄၃) ႐ုံ၊ေရာဂါရွာေဖြးေရးဓာတ္ခြဲခန္း(၂၂၂) ခု၊ဓာတ္မွန္ခန္း(၁၃၇)ခု တို႔ကို လိုင္စင္ခြင့္ျပဳေပးထားတယ္လို႔လည္း  က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၆
ဓါတ္ပုံ - က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန။