ပြည်ပရောက် မြန်မာတွေကို နိုင်ငံအကျိုးဆောင်ရွက်ဖို့ အစိုးရဖိတ်ခေါ်

ပြည်ပရောက် မြန်မာတွေကို နိုင်ငံအကျိုးဆောင်ရွက်ဖို့ အစိုးရဖိတ်ခေါ်

ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဟောင်း အသိပညာရှင် အတတ်ပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးချင်တယ်ဆိုရင် ပြည်ပက မြန်မာနိုင်ငံသံရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

နိုင်ငံအကျိုးပြုလုပ်ငန်းတွေကို ဆန္ဒအလျောက် ကူညီချင်တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို  အစိုးရဘက်က ဖိတ်ခေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဘက်က ကမ်းလှမ်းတာတွေရှိသလို  ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဖိတ်ခေါ်ခဲ့တာတွေ ရှိတယ်လို့ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေကို လုပ်ချင်တဲ့ မြန်မာတွေ အနေနဲ့ အချက် ၁၅ ချက်ပါတဲ့ လျှောက်လွှာပုံစံကို ဖြည့်ပြီး သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးအရာရှိတွေဆီ ဆက်သွယ် ပေးပို့ရမှာဖြစ်ပါတယ်။ အဲ့ဒီ လျှောက်လွှာထဲမှာ မြန်မာနိုင်ငံအတွက် ဘယ်နေရာမှာ အချိန်ဘယ်လောက် ကူညီချင်တာလဲ၊ ဘယ်ပညာရပ်ကို ကျွမ်းကျင်တာလဲ စတဲ့ အချက်တွေ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ အစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်ပရောက် မြန်မာတွေ ပြန်လည်ဝင်ရောက်လာကာ နိုင်ငံအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆို ဖိတ်ကြားတာမျိုး ရှိခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၂ ခုနှစ်မှာ Black List စာရင်းသွင်းခံထားရတဲ့ ပြည်ပရောက်မြန်မာ ၂၀၀၀ ကျော်ကို Black Listစာရင်းက ပယ်ဖျက်ခဲ့တာကြောင့် ပြည်ပရောက်မြန်မာတွေ အများအပြား ပြန်လည် ဝင်ရောက်လာခဲ့ကြပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဇန်နဝါရီ - ၁၄

( Zawgyi )

ျပည္ပႏိုင္ငံေတြမွာ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေဟာင္း အသိပညာရွင္ အတတ္ပညာရွင္ေတြ အေနနဲ႔ ျမန္မာႏိုင္ငံအတြက္ ကူညီပံ့ပိုးခ်င္တယ္ဆိုရင္ ျပည္ပက ျမန္မာႏိုင္ငံသံ႐ုံးေတြကို ဆက္သြယ္ႏိုင္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားပါတယ္။

ႏိုင္ငံအက်ိဳးျပဳလုပ္ငန္းေတြကို ဆႏၵအေလ်ာက္ ကူညီခ်င္တဲ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြကို  အစိုးရဘက္က ဖိတ္ေခၚခဲ့တာလည္း ျဖစ္ပါတယ္။

ဇန္နဝါရီ ၁၃ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕က ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးရဲ႕ ေၾကညာခ်က္ထဲမွာ ျမန္မာႏိုင္ငံရဲ႕ လူသားအရင္းအျမစ္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ ဖိတ္ေခၚခဲ့တာ ျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံျခားခရီးစဥ္ေတြ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ ဘက္က ကမ္းလွမ္းတာေတြရွိသလို  ေဒၚေအာင္ဆန္းစုၾကည္ဘက္ကလည္း ဖိတ္ေခၚခဲ့တာေတြ ရွိတယ္လို႔ ဂ်ီနီဗာၿမိဳ႕က ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးရဲ႕ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

တိုင္းျပည္အက်ိဳးျပဳလုပ္ငန္းေတြကို လုပ္ခ်င္တဲ့ ျမန္မာေတြ အေနနဲ႔ အခ်က္ ၁၅ ခ်က္ပါတဲ့ ေလွ်ာက္လႊာပုံစံကို ျဖည့္ၿပီး သက္ဆိုင္ရာႏိုင္ငံက ျမန္မာသံ႐ုံးအရာရွိေတြဆီ ဆက္သြယ္ ေပးပို႔ရမွာျဖစ္ပါတယ္။ အဲ့ဒီ ေလွ်ာက္လႊာထဲမွာ ျမန္မာႏိုင္ငံအတြက္ ဘယ္ေနရာမွာ အခ်ိန္ဘယ္ေလာက္ ကူညီခ်င္တာလဲ၊ ဘယ္ပညာရပ္ကို ကြၽမ္းက်င္တာလဲ စတဲ့ အခ်က္ေတြ ပါဝင္ေနပါတယ္။

ၿပီးခဲ့တဲ့ အစိုးရ သမၼတ ဦးသိန္းစိန္လက္ထက္မွာ ျပည္ပေရာက္ ျမန္မာေတြ ျပန္လည္ဝင္ေရာက္လာကာ ႏိုင္ငံအက်ိဳးျပဳ လုပ္ငန္းေတြ လုပ္ေဆာင္ေပးဖို႔ ႏိုင္ငံေတာ္ အေျချပမိန႔္ခြန္းမွာ ထည့္သြင္းေျပာဆို ဖိတ္ၾကားတာမ်ိဳး ရွိခဲ့ပါတယ္။

အဲ့ဒီေနာက္ ၂၀၁၂ ခုႏွစ္မွာ Black List စာရင္းသြင္းခံထားရတဲ့ ျပည္ပေရာက္ျမန္မာ ၂၀၀၀ ေက်ာ္ကို Black Listစာရင္းက ပယ္ဖ်က္ခဲ့တာေၾကာင့္ ျပည္ပေရာက္ျမန္မာေတြ အမ်ားအျပား ျပန္လည္ ဝင္ေရာက္လာခဲ့ၾကပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဇန္နဝါရီ - ၁၄