ပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံမှု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာလေးဘီလျံကျော် သာရှိခဲ့

ပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံမှု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာလေးဘီလျံကျော် သာရှိခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)က အောက်တိုဘာ တတိယ အပတ် အတွင်းထုတ်ပြန်ခဲ့သည့် Yearly Approved amount of Foreign investment (By Country) စာရင်းအရ မြန်မာနိုင်ငံသို့  ပြည်ပမှ ရင်းနှီးမြုပ်နှံမှုဝင်ရောက်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာလေးဘီလျံကျော် ရှိခဲ့ကာ ဘဏ္ဍာနှစ် ၅ နှစ်တာကာလအတွင်း အနည်းဆုံးပမာဏ ဖြစ်ကြောင်းသိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလကုန်အထိ ပြည်ပမှာ ဝင်ရောက်သည့် ရင်းနှီး မြုပ်နှံရန် အဆိုပြုသည့် ပမာဏမှာကန်ဒေါ်လာ ၄၁၅၈ဒသမ ၄၇၄ သန်းရှိခဲ့ရာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၉ ဒသမ၁၁၉သန်း၊ မွေးမြူရေး နှင့် သားငါးကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၆ဒသမ၈၉၈သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၁၃၄၇ဒသမ ၈၂၅ သန်း၊ စွမ်းအားကဏ္ဍတွင် ကန်ဒေါ်လာ ၉၃ ဒသမ ၂၈၀ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာ ၁၀ ဒသမ ၂၀၄ သန်း၊  ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၃၈  ဒသမ ၄၀ဝ သန်း ၊ဟိုတယ် နှင့်ခရီးသွားလာရေးကဏ္ဍတွင် ကန်ဒေါ် လာ ၈၂  ဒသမ ၆၂၂သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၂၁၀ဒသမ ၉၃၃ သန်း၊ စက်မူဇုန်ကဏ္ဍတွင် ကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်းနှင့် အခြားကဏ္ဍတွင် ကန်ဒေါ်လာ၆၅၀ ဒသမ၇၄၂သန်းဝင်ရောက်ခဲ့ ကာ သတ္တူ တူးဖော်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ယခုဘဏ္ဍာနှစ်ကုန်သည်အထိ ရင်းနှီးမြုပ်နှံမှု ဝင်ရောက်ခြင်း မရှိခဲ့ကြောင်းအဆိုပါ ထုတ်ပြန်ချက်အရသိရပါတယ်။

အောက်တိုဘာလအတွင်းFDI ဝင်ရောက်မှုကို ကြည့်ပါကစုစုပေါင်း ကန်ဒေါ်လာ ၂၈၂ ဒသမ ၅၂၂ သန်းရှိခဲ့ပြီး မွေးမြူရေး နှင့် သားငါးကဏ္ဍတွင် ကန်ဒေါ်လာ၃၂ဒသမ၈သန်း၊ ကုန်ထုတ်လုပ် မှု ကဏ္ဍတွင် ကန်ဒေါ်လာ၁၀၄ဒသမ၃၂၂သန်း၊ ၊ဟိုတယ် နှင့်ခရီးသွားလာရေးကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၂၀ ၊ အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ၂၇ဒသမ ၄ သန်း နှင့် အခြားကဏ္ဍတွင် ကန်ဒေါ်လာ၉၈ သန်းအသီးသီးဝင်ရောက်ခဲ့ပါတယ်။

လအလိုက် FDI ဝင်ရောက်မှုပမာဏကို ကြည့်ပါကဇွန်လအတွင်းကန်ဒေါ်လာသန်း ၆၀ဝ ကျော်ဖြင့် အများဆုံးဖြစ်ကာဘဏ္ဍာနှစ်အစ  ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် ကန်ဒေါ်လာ၃၇  ဒသမ ၄၉၂  သန်း၊နိုဝင်ဘာလတွင် ကန်ဒေါ်လာ၄၂၈ ဒသမ ၄၀၈ သန်း၊ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၃၃၃ ဒသမ ၇၂၈  သန်း၊၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၄၅၄  ဒသမ ၃၇၄  သန်း၊ဖေဖေါ်ဝါရီလတွင် ကန်ဒေါ်လာ ၄၄၇ ဒသမ ၅၈၂ သန်း၊မတ်လတွင် ကန်ဒေါ်လာ ၁၆၆ ဒသမ ဝ၁၈ သန်း၊ဧပြီလတွင် ကန်ဒေါ်လာ ၅၄၅   ဒသမ ၆၈၃ သန်း ၊မေလတွင် ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈  သန်း၊ ဇွန်လတွင် ကန်ဒေါ်လာ ၆၆၀  ဒသမ ၃၂၈ သန်း၊ဇူလိုင်လ တွင် ကန်ဒေါ်လာ ၃၆၆ ဒသမ ၄၇၄ သန်း၊ သြဂုတ်လ တွင် ကန်ဒေါ်လာ ၃၄၉ ဒသမ ၇၃၇ သန်းနှင့် အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂၈၂ ဒသမ ၅၂၂သန်းဖြင့် ဘဏ္ဍာနှစ်တစ်ခုအတွင်း ကန်ဒေါ်လာ ၄၁၅၈ ဒသမ၄၇၄ သန်းဝင်ရောက်ခဲ့ ပါတယ်။

PWA
ရန်ကုန်၊ အောက်တိုဘာ ၁၉

(  Zawgyi  )





PWA
ရန်ကုန်၊ အောက်တိုဘာ ၁၉