ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု လေးလကျော်အတွင်း ကန်ဒေါ်လာ ခုနှစ်ဘီလျံဖိုး တင်သွင်းခဲ့

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု လေးလကျော်အတွင်း ကန်ဒေါ်လာ ခုနှစ်ဘီလျံဖိုး တင်သွင်းခဲ့

ယခုဘဏ္ဍာနှစ် လေးလကျော်ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာတွင် အမေရိကန် ဒေါ် လာ ခုနှစ်ဘီလျံကျော် ပမာဏရှိပြီး ရင်းနှီးမြုပ်နှံသည့်ကုန်ပစ္စည်းတင်သွင်းမှုက အများဆုံး ပမာဏ ဖြစ်ခဲ့ကြောင်း ကုန် သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ကာလတူပုံမှန်/နယ်စပ် ပြည်ပ သွင်းကုန်အုပ်စု အလိုက် နှိုင်းယှဉ်တင်ပြခြင်း (ပြည်ပသွင်းကုန်အုပ်စုအလိုက် ကာလ တူနှိုင်းယှဉ်တင်ပြခြင်းစာရင်းများ) အရသိရပါတယ်။

ယခုဘဏ္ဍာနှစ် လေးလကျော်ကာလဖြစ်သည့် အောက်တိုဘာလမှ ဖေဖေါ်ဝါရီ ၇  ရက်အတွင်း တင်သွင်းခဲ့သည့် ကုန်ပစ္စည်းတန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၇၄၄၆ ဒသမ ၃၇၄ သန်းရှိ ခဲ့ပြီး ထိုပမာဏမှာ ယခင် ဘဏ္ဍာနှစ် ကာလတူ အတွင်းတင်သွင်းခဲ့သည့် ပမာဏ (ကန်ဒေါ်လာ ၆၃၉၂ ဒသမ ၇၃၃ သန်း)ထက် ကန်ဒေါ်လာ တစ်ဘီလျံ ကျော် ( ၁၀၅၃ဒသမ ၆၄၁ သန်း) ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ၂၇၂၇ ဒသမ၃၃၈ သန်း၊ လုပ် ငန်း သုံးကုန်ကြမ်းပစ္စည်းအမေရိကန် ဒေါ်လာ၂၅၇၃  ဒသမ၈၅၃ သန်း၊ လူသုံးကုန် ပစ္စည်း အမေရိကန် ဒေါ်လာ ၁၂၆၉ ဒသမ ၇၄၆ သန်းဖိုးနှင့် CMP မှ အမေရိကန်ဒေါ်လာ ၈၇၅ ဒသမ ၄၃၇  သန်းပမာဏရှိတဲ့ ကုန်ပစ္စည်းများ တင်သွင်း ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုမှာအမေရိကန်ဒေါ်လာ၁၈၀၅၉ ဒသမ ၉၃၈ သန်းရှိခဲ့ပြီးအဆိုပါပမာဏထဲတွင်ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွင် အမေရိကန် ဒေါ်လာ ၅၇၄၀ ဒသ မ ၂၁၈သန်း၊ လုပ် ငန်းသုံးကုန်ကြမ်းပစ္စည်းတွင် အမေရိကန် ဒေါ်လာ ၆၆၅၃ ဒသမ၅၅၂ သန်း၊ လူသုံးကုန်ပစ္စည်းတွင် အမေရိကန် ဒေါ် လာ ၃၂၉၄ဒသမ၅၂၄သန်းဖိုးနှင့် CMP တန်ဖိုးပမာဏတွင် အမေရိကန်ဒေါ်လာ ၂၃၇၁ဒသမ ၆၄၄သန်းရှိခဲ့ကြောင်းသိရပါတယ်။
 
PWA
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

(  Zawgyi  )




 
PWA
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇