ပြည်ပနှင့် ကုန်သွယ်ရာတွင် ဆယ်လအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၂၄ ဘီလျံဖိုး ကုန်သွယ်ခဲ့

ပြည်ပနှင့် ကုန်သွယ်ရာတွင် ဆယ်လအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၂၄ ဘီလျံဖိုး ကုန်သွယ်ခဲ့

ယခုလအတွင်း ထုတ်ပြန်ဖော်ပြခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှု အခြေအနေစာရင်းအချက်အလက်များအရ ယခုဘဏ္ဍာနှစ် ဇူလိုင်လအထိ ပြည်ပနှင့်ကုန်သွယ် ရာတွင် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၂၄ ဘီလျံကျော်(၂၄၄၀၂  ဒသမ ၄၉၉ သန်း) ကုန်သွယ်နိုင်ခဲ့ကာ ဆယ်လတာ ကုန်သွယ်မှု စုစုပေါင်း၏ ရာခိုင်နူန်း ၈၀ ကျော် ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လတာအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ပို့ကုန် ကန်ဒေါ်လာ ၁၀၀၅၀  ဒသမ ၇၇၁ သန်း တင်ပို့ခဲ့ရာမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၇၃၇၈ ဒသမ ၅၇၄ သန်းနှင့် နယ်စပ်မှ ၂၆၇၂ ဒသမ ၁၉၇ သန်းပါ ဝင်ခဲ့ ပြီး သွင်းကုန် ကန်ဒေါ်လာ ၁၄၃၅၁  ဒသမ ၇၂၈ သန်းတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၁၉၃၂ ဒသမ ၈၈၄ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၂၄၁၈ ဒသမ ၈၄၄ သန်းဖိုးပါဝင်ခဲ့ကြောင်းသိရပါတယ်။

ဇူလိုင်လအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင်  နှစ်ဘီလျံခွဲ ကျော် (၂၆၀၇  ဒ သမ ၂၀၈သန်း)ကုန် သွယ် ခဲ့ပြီး ပို့ကုန်တွင်  ကန်ဒေါ်လာ ၁၁၂၂ ဒသမ ၉၅၅ သန်းနှင့် သွင်းကုန်တွင် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၁၄၈၄ ဒသမ  ၂၅၃ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဘဏ္ဍာနှစ် ဆယ်လတာအတွင်း ပုဂ္ဂလိကပိုင်ကဏ္ဍ ကုန်သွယ်မှုကို ပြန်ကြည့်ပါက ပင်လယ်ရေကြောင်းမှ ကန် ဒေါ်လာ ၂၀၄၅၃  ဒသမ ၁၈၆ သန်းနှင့် နယ်စပ်မှ ကန်ဒေါ်လာ ၈၇၅၇  ဒသမ ၈၁၅ သန်း ကုန်သွယ်နိုင်ခဲ့တာ ကိုတွေ့ရ ပါတယ်။

ဘဏ္ဍာနှစ်အလိုက် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၆၇ ၃ ဒသမ ၄၉၆ သန်း၊၂၀၁၂ -၂၀၁၃ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ၁၁၉၆၀ဒသမ၀၆၁သန်း၊၂၀၁၃-၂၀၁၄ဘ ဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၇ ၅ဒသမ၈၄၈ သန်း၊၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၁၈၇ဒသမ ၇၃၀ သန်း၊၂၀၁၅ -၂၀၁၆ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၉၇၆၂ဒသမ၅၈၃သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ၂၄၃၈၅ ဒသမ    ၅၄၉ သန်း၊၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၇၂၄၃  ဒဿမ  ၉၃၅ သန်းနှင့် ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၅၇၀၉ ဒသမ၈ ၆၆ သန်း ကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။    

PWA
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

ယခုလအတြင္း ထုတ္ျပန္ေဖာ္ျပခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ ႏိုင္ငံပိုင္၊ ပုဂၢလိကပိုင္ ကုန္သြယ္မႈ အေျခအေနစာရင္းအခ်က္အလက္မ်ားအရ ယခုဘ႑ာႏွစ္ ဇူလိုင္လအထိ ျပည္ပႏွင့္ကုန္သြယ္ ရာတြင္ ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ ၂၄ ဘီလ်ံေက်ာ္(၂၄၄၀၂  ဒသမ ၄၉၉ သန္း) ကုန္သြယ္ႏိုင္ခဲ့ကာ ဆယ္လတာ ကုန္သြယ္မႈ စုစုေပါင္း၏ ရာခိုင္ႏူန္း ၈၀ ေက်ာ္ ျဖစ္ေၾကာင္း သိရပါတယ္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ဆယ္လတာအတြင္း ပုဂၢလိကပိုင္က႑မွ ပို႔ကုန္ ကန္ေဒၚလာ ၁၀၀၅၀  ဒသမ ၇၇၁ သန္း တင္ပို႔ခဲ့ရာမွာ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၇၃၇၈ ဒသမ ၅၇၄ သန္းႏွင့္ နယ္စပ္မွ ၂၆၇၂ ဒသမ ၁၉၇ သန္းပါ ဝင္ခဲ့ ၿပီး သြင္းကုန္ ကန္ေဒၚလာ ၁၄၃၅၁  ဒသမ ၇၂၈ သန္းတြင္း ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၁၁၉၃၂ ဒသမ ၈၈၄ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၂၄၁၈ ဒသမ ၈၄၄ သန္းဖိုးပါဝင္ခဲ့ေၾကာင္းသိရပါတယ္။

ဇူလိုင္လအတြင္း ပုဂၢလိကပိုင္က႑မွ ကုန္သြယ္ရာတြင္  ႏွစ္ဘီလ်ံခြဲ ေက်ာ္ (၂၆၀၇  ဒ သမ ၂၀၈သန္း)ကုန္ သြယ္ ခဲ့ၿပီး ပို႔ကုန္တြင္  ကန္ေဒၚလာ ၁၁၂၂ ဒသမ ၉၅၅ သန္းႏွင့္ သြင္းကုန္တြင္ ပုဂၢလိကက႑မွ ကန္ေဒၚလာ ၁၄၈၄ ဒသမ  ၂၅၃ သန္း တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ဘ႑ာႏွစ္ ဆယ္လတာအတြင္း ပုဂၢလိကပိုင္က႑ ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ပင္လယ္ေရေၾကာင္းမွ ကန္ ေဒၚလာ ၂၀၄၅၃  ဒသမ ၁၈၆ သန္းႏွင့္ နယ္စပ္မွ ကန္ေဒၚလာ ၈၇၅၇  ဒသမ ၈၁၅ သန္း ကုန္သြယ္ႏိုင္ခဲ့တာ ကိုေတြ႕ရ ပါတယ္။

ဘ႑ာႏွစ္အလိုက္ ပုဂၢလိကပိုင္က႑မွ ကုန္သြယ္ရာတြင္  ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္ တြင္ အေမရိကန္ေဒၚလာ ၁၀၆၇ ၃ ဒသမ ၄၉၆ သန္း၊၂၀၁၂ -၂၀၁၃ဘ႑ာႏွစ္ တြင္ အေမရိကန္ေဒၚလာ၁၁၉၆၀ဒသမ၀၆၁သန္း၊၂၀၁၃-၂၀၁၄ဘ ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၀၇ ၅ဒသမ၈၄၈ သန္း၊၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၁၈၇ဒသမ ၇၃၀ သန္း၊၂၀၁၅ -၂၀၁၆ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၁၉၇၆၂ဒသမ၅၈၃သန္း၊၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ တြင္ အေမရိကန္ေဒၚလာ၂၄၃၈၅ ဒသမ    ၅၄၉ သန္း၊၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၂၇၂၄၃  ဒႆမ  ၉၃၅ သန္းႏွင့္ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၁၅၇၀၉ ဒသမ၈ ၆၆ သန္း ကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။    

PWA
ရန္ကုန္၊ စက္တင္ဘာ - ၂၁