ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေ ခန့်အပ်ဖို့ အချက်ကို ပြင်ဆင်ဖို့ လွှတ်တော်မှာ အတည်ပြု

ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေ ခန့်အပ်ဖို့ အချက်ကို ပြင်ဆင်ဖို့ လွှတ်တော်မှာ အတည်ပြု

ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေကို ခန့်အပ်ဖို့အတွက် သတ်မှတ်ပြဌာန်းထားတဲ့ အချက်ကို ပြင်ဆင်ဖို့အတွက် ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံခဲ့တာအတွက် ပြင်ဆင်ဖို့အတည်ပြုနိုင်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)ကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၉၁ မဲ နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁) မှာ ပြဌာန်းထားတဲ့  “သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ” ဆိုတဲ့ စာသားကို ဖြုတ်ဖို့အတွက် ထောက်ခံအတည်ပြုခဲ့တာပါ။

ဒီစာသားကိုဖြုတ်ဖို့အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရော NLD ဘက်ကပါ ပြင်ဆင်ဖို့အတွက် အဆိုပြုချက် တူညီနေခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁) မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က) ပါပြဌာန်းချက်အတိုင်း ရွေးချယ်နိုင်တယ် လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

ဇေယျာမော်
ရန်ကုန် ၊ မတ် ၁၈

(  Zawgyi  )

 ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ဝန္ႀကီးေတြကို ခန႔္အပ္ဖို႔အတြက္ သတ္မွတ္ျပဌာန္းထားတဲ့ အခ်က္ကို ျပင္ဆင္ဖို႔အတြက္ ဒီကေန႔ မတ္လ ၁၈ ရက္ေန႔မွာ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ၿပီးေနာက္ ေထာက္ခံမဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံခဲ့တာအတြက္ ျပင္ဆင္ဖို႔အတည္ျပဳႏိုင္ခဲ့ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၂ ပုဒ္မခြဲ(က) ပုဒ္မခြဲငယ္(၁)ကို မဲခြဲဆုံးျဖတ္ရာမွာ ေထာက္ခံမဲ ၅၉၁ မဲ နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္က ေထာက္ခံအတည္ျပဳခဲ့တာျဖစ္ပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၂ ပုဒ္မခြဲ(က) ပုဒ္မခြဲငယ္(၁) မွာ ျပဌာန္းထားတဲ့  “သက္ဆိုင္ရာ တိုင္းေဒသႀကီး (သို႔) ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ထဲကျဖစ္ေစ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ မဟုတ္သူမ်ားထဲကျဖစ္ေစ” ဆိုတဲ့ စာသားကို ျဖဳတ္ဖို႔အတြက္ ေထာက္ခံအတည္ျပဳခဲ့တာပါ။

ဒီစာသားကိုျဖဳတ္ဖို႔အတြက္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ NLD ဘက္ကပါ ျပင္ဆင္ဖို႔အတြက္ အဆိုျပဳခ်က္ တူညီေနခဲ့တာျဖစ္ပါတယ္။ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၂ ပုဒ္မခြဲ(က) ပုဒ္မခြဲငယ္(၁) မွာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဟာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးအျဖစ္ ခန႔္အပ္ရာမွာ သက္ဆိုင္ရာ တိုင္းေဒသႀကီး (သို႔) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ထဲကျဖစ္ေစ၊ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူမ်ားထဲကျဖစ္ေစ ပုဒ္မ ၂၆၁ ပုဒ္မခြဲ(က) ပါျပဌာန္းခ်က္အတိုင္း ေ႐ြးခ်ယ္ႏိုင္တယ္ လို႔ ျပဌာန္းထားတာျဖစ္ပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္ ၊ မတ္ ၁၈