ပြည်ထောင်စုအစိုးရ ဖြည့်စွက်အသိပေးစာပါအတိုင်း ဟိုတယ်ဆိုင်ရာလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရချင်ကြောင်း မန္တလေးမြို့က ဟိုတယ်ပိုင်ရှင်တစ်ချို့ဆို

ပြည်ထောင်စုအစိုးရ ဖြည့်စွက်အသိပေးစာပါအတိုင်း ဟိုတယ်ဆိုင်ရာလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရချင်ကြောင်း မန္တလေးမြို့က ဟိုတယ်ပိုင်ရှင်တစ်ချို့ဆို

ပြည်ထောင်စုအစိုးရက ဟိုတယ်ဆိုင်ရာလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပေမယ့်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရ အနေနဲ့ကတော့ ဖွင့်ခွင့်ပြုမယ်မပြုဘူးဆိုတာအပေါ် တရား၀င်ထုတ်ဖော်ပြောဆိုထားတာမျိုးမရှိသေးတဲ့အတွက် ဟိုတယ်လုပ်ငန်း ရှင်တစ်ချို့အခက်ကြုံနေရတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနနဲ့ဆက်သွယ်မေးမြန်းကြည့်တာမှာတော့ ဌာနဆီကိုတော့ "ဘာညွှန်ကြားချက်မှမလာသေးပါဘူး ဖွင့်လှစ်ခွင့်ပြုတော့မယ်ဆိုရင်လည်း လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှာပဲ ခွင့်ပြုသွားမှာဖြစ်တာကြောင့် လတ်တလောအနေနဲ့ကတော့ အခြေအနေပြောလို့မရသေးပါဘူး" လို့ ဌာနတာ၀န်ရှိသူ တစ်ဦးကပြောပါတယ်။

ပြည်ထောင်စုအစိုးရက မေလ ၃ ရက်နေ့ထုတ်ပြန်တဲ့ ဖြည့်စွက်ညွှန်ကြားချက်စာမှာ မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းတွေနဲ့ အများ ပြည်သူဆိုင်ရာ၀န်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်းပါရှိတာမှာ အဲဒီအထဲ ဟိုတယ်ဆိုင်ရာ လုပ်ငန်းတွေလည်းပါ၀င်တာကြောင့် မန္တလေးမြို့ကဟိုတယ်လုပ်ငန်းရှင်တစ်ချို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေ ကြပါတယ်။

ဒါပေမယ့်လည်း ဒေသအစိုးရရဲ့တိကျတဲ့အဖြေမရသေးတာကြောင့် ဆက်လက်လုပ်ဆောင်ရမယ့်ကိစ္စတွေ မလုပ်ဆောင်နိုင်သေး ဘူးလို့သိရပါတယ်။

"ကျွန်မကတော့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ကြိုတင်ပြင်ဆင်ထားပြီးပါပြီ ဒီရောဂါက ဘယ်အထိဖြစ်နေဦးမယ်မသိသေး တော့ ဒါကိုဒီလိုပဲထိုင်စောင့်နေမလား ကျန်းမာရေးနဲ့အညီစနစ်တကျဆောင်ရွက်ပြီးဖွင့်သွားမလားပေါ့၊ လုပ်ငန်းပြန်လည်ပတ်နိုင်မှ ၀န်ထမ်းတွေအတွက်လည်းအဆင်ပြေမယ်၊ မဖြစ်မနေခရီးသွားတွေအတွက်လည်း အဆင်ပြေပါမယ်" လို့ အိုးဝေဟိုတယ်ပိုင်ရှင် ဒေါ်တင်တင်ဇော်ကပြောပါတယ်။

ဟိုတယ်ဆိုင်ရာလုပ်ငန်းတွေပြန်ဖွင့်ခွင့်ရဖို့လိုလားသူတွေရှိနေသလိုပဲ အခြေအနေစောင့်ကြည့်ပြီးမှ ဖွင့်လှစ်လိုသူတွေရှိတယ်လို့ လည်းသိရပါတယ်။

"ဒီလိုကာလမှာ ဘယ်ကဧည့်သည်လာမလဲ မလာရင် စရိတ်တွေဘယ်ကာမိမလဲ ဟိုတယ်ကြီးဖွင့်ပြီဆိုရင် ရေမီးအစရှိတာတွေအ တွက်ကုန်ကျစရိတ်တွေကအများကြီးပဲ ဒီကာလမှာလူ၀င်ပါ့မလား မ၀င်ရင်ရှုံးမယ့်အတူတူတော့ စောင့်ကြည့်ပြီးမလောဖို့လိုပါ တယ်" လို့ မန္တလေး ကျဲဆည်ကန်ကားကွင်းအနီးက အောင်မြင့်မိုရ်ဟိုတယ်ပိုင်ရှင်ဦးမြင့်အောင်က ပြောပါတယ်။

ဟိုတယ်ဆိုင်ရာလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့ကထုတ်ပြန်တဲ့ မန္တလေးတိုင်းဒေသကြိးအစိုးရရဲ့ တားမြစ်ချက်အမိန့် ကစလို့ လုပ်ငန်းတွေရပ်နားထားခဲ့ရတာဖြစ်ပြီး ဒီအတွက်လည်း လုပ်ငန်းရှင်တော်တော်များများအထိနာကြတယ်လို့လည်း ဟိုတယ် လုပ်ငန်းရှင်တွေကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲမှာ ဟိုတယ်မိုတယ်တည်းခိုခန်းနဲ့ Inn တွေ ၃၀၀ ကျော်ရှိနေတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း(မန္တလေးဇုံ)ဆီကသိရပါတယ်။

KT
မန္တလေး၊ မေ - ၆

( Zawgyi )

ျပည္ေထာင္စုအစိုးရက ဟိုတယ္ဆိုင္ရာလုပ္ငန္းေတြ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳလိုက္ေပမယ့္လည္း မႏၲေလးတိုင္းေဒသႀကီးအစိုးရ အေနနဲ႔ကေတာ့ ဖြင့္ခြင့္ျပဳမယ္မျပဳဘူးဆိုတာအေပၚ တရား၀င္ထုတ္ေဖာ္ေျပာဆိုထားတာမ်ိဳးမရွိေသးတဲ့အတြက္ ဟိုတယ္လုပ္ငန္း ရွင္တစ္ခ်ိဳ႕အခက္ႀကဳံေနရတယ္လို႔သိရပါတယ္။

ဒါနဲ႔ပတ္သက္လို႔ မႏၲေလးတိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားလာမႈၫႊန္ၾကားမႈဦးစီးဌာနနဲ႔ဆက္သြယ္ေမးျမန္းၾကည့္တာမွာေတာ့ ဌာနဆီကိုေတာ့ "ဘာၫႊန္ၾကားခ်က္မွမလာေသးပါဘူး ဖြင့္လွစ္ခြင့္ျပဳေတာ့မယ္ဆိုရင္လည္း လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးမွာပဲ ခြင့္ျပဳသြားမွာျဖစ္တာေၾကာင့္ လတ္တေလာအေနနဲ႔ကေတာ့ အေျခအေနေျပာလို႔မရေသးပါဘူး" လို႔ ဌာနတာ၀န္ရွိသူ တစ္ဦးကေျပာပါတယ္။

ျပည္ေထာင္စုအစိုးရက ေမလ ၃ ရက္ေန႔ထုတ္ျပန္တဲ့ ျဖည့္စြက္ၫႊန္ၾကားခ်က္စာမွာ မရွိမျဖစ္လိုအပ္တဲ့လုပ္ငန္းေတြနဲ႔ အမ်ား ျပည္သူဆိုင္ရာ၀န္ေဆာင္မႈလုပ္ငန္းေတြကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေၾကာင္းပါရွိတာမွာ အဲဒီအထဲ ဟိုတယ္ဆိုင္ရာ လုပ္ငန္းေတြလည္းပါ၀င္တာေၾကာင့္ မႏၲေလးၿမိဳ႕ကဟိုတယ္လုပ္ငန္းရွင္တစ္ခ်ိဳ႕ ႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေန ၾကပါတယ္။

ဒါေပမယ့္လည္း ေဒသအစိုးရရဲ႕တိက်တဲ့အေျဖမရေသးတာေၾကာင့္ ဆက္လက္လုပ္ေဆာင္ရမယ့္ကိစၥေတြ မလုပ္ေဆာင္ႏိုင္ေသး ဘူးလို႔သိရပါတယ္။

"ကြၽန္မကေတာ့ က်န္းမာေရးၫႊန္ၾကားခ်က္ေတြနဲ႔အညီ ႀကိဳတင္ျပင္ဆင္ထားၿပီးပါၿပီ ဒီေရာဂါက ဘယ္အထိျဖစ္ေနဦးမယ္မသိေသး ေတာ့ ဒါကိုဒီလိုပဲထိုင္ေစာင့္ေနမလား က်န္းမာေရးနဲ႔အညီစနစ္တက်ေဆာင္႐ြက္ၿပီးဖြင့္သြားမလားေပါ့၊ လုပ္ငန္းျပန္လည္ပတ္ႏိုင္မွ ၀န္ထမ္းေတြအတြက္လည္းအဆင္ေျပမယ္၊ မျဖစ္မေနခရီးသြားေတြအတြက္လည္း အဆင္ေျပပါမယ္" လို႔ အိုးေဝဟိုတယ္ပိုင္ရွင္ ေဒၚတင္တင္ေဇာ္ကေျပာပါတယ္။

ဟိုတယ္ဆိုင္ရာလုပ္ငန္းေတြျပန္ဖြင့္ခြင့္ရဖို႔လိုလားသူေတြရွိေနသလိုပဲ အေျခအေနေစာင့္ၾကည့္ၿပီးမွ ဖြင့္လွစ္လိုသူေတြရွိတယ္လို႔ လည္းသိရပါတယ္။

"ဒီလိုကာလမွာ ဘယ္ကဧည့္သည္လာမလဲ မလာရင္ စရိတ္ေတြဘယ္ကာမိမလဲ ဟိုတယ္ႀကီးဖြင့္ၿပီဆိုရင္ ေရမီးအစရွိတာေတြအ တြက္ကုန္က်စရိတ္ေတြကအမ်ားႀကီးပဲ ဒီကာလမွာလူ၀င္ပါ့မလား မ၀င္ရင္ရႈံးမယ့္အတူတူေတာ့ ေစာင့္ၾကည့္ၿပီးမေလာဖို႔လိုပါ တယ္" လို႔ မႏၲေလး က်ဲဆည္ကန္ကားကြင္းအနီးက ေအာင္ျမင့္မိုရ္ဟိုတယ္ပိုင္ရွင္ဦးျမင့္ေအာင္က ေျပာပါတယ္။

ဟိုတယ္ဆိုင္ရာလုပ္ငန္းေတြဟာ ၿပီးခဲ့တဲ့ဧၿပီလ ၆ ရက္ေန႔ကထုတ္ျပန္တဲ့ မႏၲေလးတိုင္းေဒသႀကိးအစိုးရရဲ႕ တားျမစ္ခ်က္အမိန္႔ ကစလို႔ လုပ္ငန္းေတြရပ္နားထားခဲ့ရတာျဖစ္ၿပီး ဒီအတြက္လည္း လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားအထိနာၾကတယ္လို႔လည္း ဟိုတယ္ လုပ္ငန္းရွင္ေတြကေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီးထဲမွာ ဟိုတယ္မိုတယ္တည္းခိုခန္းနဲ႔ Inn ေတြ ၃၀၀ ေက်ာ္ရွိေနတယ္လို႔ ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာလုပ္ငန္း ရွင္မ်ားအသင္း(မႏၲေလးဇုံ)ဆီကသိရပါတယ္။

KT
မႏၲေလး၊ ေမ - ၆