ပြင်သစ်-မြန်မာကုန်သွယ်မှု ယခင်ဘဏ္ဍာနှစ်ထက် ယခုနှစ်များလာဖွယ်ရှိနေ

 ပြင်သစ်-မြန်မာကုန်သွယ်မှု ယခင်ဘဏ္ဍာနှစ်ထက် ယခုနှစ်များလာဖွယ်ရှိနေ

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့်   ပြင်သစ်နှင့်မြန်မာနိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ယခု ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလအထိ သုံးလအတွင်း  အမေရိကန်ဒေါ်လာ သန်း၁၁၀ ကျော်ရှိခဲ့ရာ ယခင်ဘဏ္ဍာနှစ်လစဉ်ပျမ်းမျှ ကုန်သွယ်မှု ပမာဏထက် ကျော်လွန်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး သမိုင်းတစ်လျှောက် စံချိန်တင်နိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

“ ဒီဘက်မှာက သုံးနိုင်တဲ့ လူတန်းစားက ပိုလာသလို ပြင်သစ်နဲ့ ယခုအစိုးရပိုင်းကြား ဆက်သွယ် ဆောင် ရွက်မှုကလည်း ယခင်ကထက်များလာတယ်။ လူတွေမြင်ကြတာ စားသောက်ကုန်နဲ့ အဖျော်ရည် ယမကာ။ နောက် စက်ပစ္စည်းတွေ။ဒီဘက်က လက်ဖြစ်ထည်တွေ၊ပြီးတော့ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ။ဒါကလည်း CMP တချို့ကနေတင်သွင်းတာ”လို့  နိုင်ငံခြား သွင်းကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

ယခုနှစ်  ဖေဖေါ်ဝါရီ ပထမ အပတ်အတွင်းထုတ်ပြန်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာနှစ် အလိုက် ပုံမှန်/နယ်စပ်(နိုင်ငံအလိုက်)ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းအရ ပြင်သစ်သို့ သုံးလ အတွင်း ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၈၃၅ သန်းဖိုးတင်ပို့ခဲ့ကာ ပြင်သစ်မှ အမေရိကန်ဒေါ်လာ ၇၉  ဒသမ၃၃၁ သန်း ပြန်လည်တင်သွင်းခဲ့သဖြင့် သုံးလအတွင်း ကုန်သွယ်မှုတန်ဖိုးမှာကန်ဒေါ် လာ၁၁၂ ဒသမ၁၆၇ သန်း ဖိုးကုန်သွယ်နိုင်ခဲ့ကာ ကုန်သွယ်ရေး လိုငွေကန်ဒေါ်လာ ၃၄ ဒသမ ၃၁ သန်းဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်းမြန်မာဘက်မှ ပြင်သစ်သို့ ပို့ကုန် ကန် ဒေါ်လာ ၁၈၄ ဒသမ ၀၆၄ သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ၂၄၇ ဒသမ ၆၉၄သန်း တင်သွင်းခဲ့ရာ စုစုပေါင်း ကုန်သွယ်မှု ကန်ဒေါ် လာ ၄၃၁ ဒသမ၇၅၈ သန်းရှိခဲ့ပြီး ကုန်သွယ်ရေးလိုငွေကန်ဒေါ်လာ ၄၇သန်း ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။    

ပြင်သစ်-မြန်မာကုန်သွယ်မှုတစ်လျှောက် ပြီးခဲ့သည့် ၅ နှစ်တာကာလ အတွင်းကို ပြန်ကြည့် ပါက၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၁၄၈သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၁ဒသမ၈၂၇ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁၀ ဒသမ ၃၆၃သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၇၆ ဒသမ ၄၄၆သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၂၆၀ဒသမ ၈၈၁ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ၂၂၉ ဒသမ ၂၇၂သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ် လာ ၄၃၁ ဒသမ၇၅၈ သန်း ကုန်သွယ်ခဲ့သဖြင့် ယခုနှစ်သုံးလအတွင်း သန်း၁၀၀ ကျော်နေသဖြင့် ကုန်သွယ်မှုပမာဏ စံချိန်တင်နိုင်ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆

(  Zawgyi  )

 ဥေရာပႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္   ျပင္သစ္ႏွင့္ျမန္မာႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏမွာ ယခု ဘ႑ာေရးႏွစ္ ဒီဇင္ဘာလအထိ သုံးလအတြင္း  အေမရိကန္ေဒၚလာ သန္း၁၁၀ ေက်ာ္ရွိခဲ့ရာ ယခင္ဘ႑ာႏွစ္လစဥ္ပ်မ္းမွ် ကုန္သြယ္မႈ ပမာဏထက္ ေက်ာ္လြန္ခဲ့ၿပီး ႏွစ္ႏိုင္ငံကုန္သြယ္ေရး သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

“ ဒီဘက္မွာက သုံးႏိုင္တဲ့ လူတန္းစားက ပိုလာသလို ျပင္သစ္နဲ႔ ယခုအစိုးရပိုင္းၾကား ဆက္သြယ္ ေဆာင္ ႐ြက္မႈကလည္း ယခင္ကထက္မ်ားလာတယ္။ လူေတြျမင္ၾကတာ စားေသာက္ကုန္နဲ႔ အေဖ်ာ္ရည္ ယမကာ။ ေနာက္ စက္ပစၥည္းေတြ။ဒီဘက္က လက္ျဖစ္ထည္ေတြ၊ၿပီးေတာ့ စားေသာက္ကုန္နဲ႔ အဝတ္အထည္ေတြ။ဒါကလည္း CMP တခ်ိဳ႕ကေနတင္သြင္းတာ”လို႔  ႏိုင္ငံျခား သြင္းကုန္လုပ္ငန္းေဆာင္႐ြက္သည့္ လုပ္ငန္းရွင္တစ္ဦးကဆိုပါတယ္။

ယခုႏွစ္  ေဖေဖၚဝါရီ ပထမ အပတ္အတြင္းထုတ္ျပန္ခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာႏွစ္ အလိုက္ ပုံမွန္/နယ္စပ္(ႏိုင္ငံအလိုက္)ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈပမာဏအေျခအေနစာရင္းအရ ျပင္သစ္သို႔ သုံးလ အတြင္း ကုန္ပစၥည္း အေမရိကန္ ေဒၚလာ ၃၂ ဒသမ ၈၃၅ သန္းဖိုးတင္ပို႔ခဲ့ကာ ျပင္သစ္မွ အေမရိကန္ေဒၚလာ ၇၉  ဒသမ၃၃၁ သန္း ျပန္လည္တင္သြင္းခဲ့သျဖင့္ သုံးလအတြင္း ကုန္သြယ္မႈတန္ဖိုးမွာကန္ေဒၚ လာ၁၁၂ ဒသမ၁၆၇ သန္း ဖိုးကုန္သြယ္ႏိုင္ခဲ့ကာ ကုန္သြယ္ေရး လိုေငြကန္ေဒၚလာ ၃၄ ဒသမ ၃၁ သန္းျဖစ္ေပၚခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ အတြင္းျမန္မာဘက္မွ ျပင္သစ္သို႔ ပို႔ကုန္ ကန္ ေဒၚလာ ၁၈၄ ဒသမ ၀၆၄ သန္း ႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၄၇ ဒသမ ၆၉၄သန္း တင္သြင္းခဲ့ရာ စုစုေပါင္း ကုန္သြယ္မႈ ကန္ေဒၚ လာ ၄၃၁ ဒသမ၇၅၈ သန္းရွိခဲ့ၿပီး ကုန္သြယ္ေရးလိုေငြကန္ေဒၚလာ ၄၇သန္း ေက်ာ္ ျဖစ္ေပၚခဲ့ပါတယ္။    

ျပင္သစ္-ျမန္မာကုန္သြယ္မႈတစ္ေလွ်ာက္ ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလ အတြင္းကို ျပန္ၾကည့္ ပါက၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၃၆ ဒသမ ၁၄၈သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၆၁ဒသမ၈၂၇ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၁၀ ဒသမ ၃၆၃သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၇၆ ဒသမ ၄၄၆သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၂၆၀ဒသမ ၈၈၁ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ၂၂၉ ဒသမ ၂၇၂သန္း၊ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ အေမရိကန္ေဒၚ လာ ၄၃၁ ဒသမ၇၅၈ သန္း ကုန္သြယ္ခဲ့သျဖင့္ ယခုႏွစ္သုံးလအတြင္း သန္း၁၀၀ ေက်ာ္ေနသျဖင့္ ကုန္သြယ္မႈပမာဏ စံခ်ိန္တင္ႏိုင္ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ေဖေဖၚဝါရီ ၁၆