ပညာရေးစနစ်ကြီးတစ်ခုလုံး၏ အရေးအကြီးဆုံးမှာ သင်ယူခြင်းသာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ပြောကြား

ပညာရေးစနစ်ကြီးတစ်ခုလုံး၏ အရေးအကြီးဆုံးမှာ သင်ယူခြင်းသာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာအရိုးစွဲနေသည်မှာသင်ကြားခြင်းဆိုတာဖြစ်နေပြီး၊ပညာရေးစနစ်ကြီး တစ်ခုလုံး၏အရေးအကြီးဆုံးသည်သင်ယူခြင်းဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးမှပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းနေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့၊မင်္ဂလာဗျူဟာခန်းမတွင်ကျင်းပပြုလုပ် သည့်သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊အရည်အသွေးရှိသောသင်ယူမှုပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ကျနော်တို့နိုင်ငံမှာအားကောင်းနေတာသည် အရိုးစွဲနေသည့်အလွတ်ကျက်မှတ်မှုဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့သင်ယူမှုမှာအရေးကြီးဆုံးသည်အရည်အသွေးရှိသောဆရာမဖြစ်ပါတယ်။မြန်မာနိုင်ငံမှာနှစ် ပေါင်းများစွာအရိုးစွဲနေတာသည်သင်ကြားခြင်းဆိုတာဖြစ်နေပါတယ်။အရေးအကြီးဆုံးသည်ပညာရေးစနစ်ကြီး တစ်ခုလုံးမှာအရေးအကြီးဆုံးသည်သင်ယူခြင်းဖြစ်ပါတယ်။သင်ယူခြင်းကသာရတနာဖြစ်တယ်ဆိုတာလေးကို ကျနော်တို့ကလုပ်မယ်ဆိုယင် ကျနော်တို့နိုင်ငံသည်လူတိုင်းသည်ဆရာ/ဆရာမလည်း တစ်သက်လုံး သင်ယူနေ ရမှာဖြစ်ပါတယ်။ လူတိုင်းကလည်းအလုပ်လုပ်ဖို့အတွက်သင်ယူနေရမယ်၊အလုပ်လုပ်ပြီးလည်း ဆက်ပြီးသင် ယူနေရမှာဖြစ်ပါတယ်။ဒီလိုတစ်သက်တာသင်ယူနိုင်တဲ့အခွင့်အလမ်းကိုပေးနိုင်ဖို့အတွက်သည်သင်ကြားခြင်း လည်းအရေးကြီးသလို သင်ယူခြင်းကပို၍အရေးကြီးပါတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်တို့ education and training ဖြစ်ပါတယ်။ ဘယ်သူမဆိုလူတိုင်းသည် အလုပ်မဝင်ခင်မှာသူ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ကျွမ်းကျင်မှုရှိသော training တွေကိုအများကြီးလိုအပ်နေသေးတယ်။ပြီးရင်ဒီဟာ တွေကိုလူမှု စီးပွားတွေဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့လို့အတွက် research and innovation ဖြစ်ပါတယ်။ research and innovation ဆိုတာသည် ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ အရေးအကြီးဆုံးသည် ဘာလဲသင်ယူလေ့လာမယ်။ဘာကို အကောင်းဆုံးလုပ်ပေးနိုင်မလဲဆိုတာအတွက် သင်ယူပြီးတော့ပံ့ပိုးပေးတာ။ဘယ်သူတွေကိုပံ့ပိုးပေး မလဲ၊လူ့အဖွဲ့အစည်းတွေကိုဖွံ့ဖြိုးတိုးတက်အောင်ပံ့ပိုးပေးနိုင်သောအကောင်းဆုံးလုပ်ပေးခြင်းသည် research and innovation ဖြစ်ပါတယ်။ဒါလေးကို ကျွန်တော်တို့က NESP( National Education Strategic Plan )မှာ goldအနေနဲ့အကောင်အထည်ဖော်ဆောင်ရွက်နေတယ်ဆိုတာလေးကိုတင်ပြလိုပါတယ်။ကျွန်တော်တို့မှာအားလုံးသိတဲ့အတိုင်းပဲနယ်ပယ်(၉)ခုကိုအလေးထားပြီးဆောင်ရွက်နေပါတယ် ”ဟုပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှပြောကြားခဲ့ပါတယ်။

ထို့ပြင်ပညာရေးပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက “မေးမြန်းဆွေးနွေးတာကိုအားပေးဖို့၊ စဉ်းစားတွေးခေါ်သုံးသပ်၊ပြဿနာကိုဖြေရှင်းနိုင်သည့်စွမ်းရည်တွေကိုအားပေးဖို့နှင့်အတွေးသစ်အမြင်သစ်နှင့်ဆန်းသစ်တီ ထွင် ဖန်တီးနိုင်စွမ်းလိုကြောင်း၊သင်ရိုးညွန်းတမ်းတွေကျောင်းသုံးဖတ်စာအုပ်အသစ်များ ဆရာကိုင်စာအုပ်အသစ်များနှင့်သင်ထောက်ကူပစ္စည်းတွေလည်းလိုပါကြောင်း၊project base learning နှင့်project အခြေပြုသင်ယူခြင်းအားပေးဖို့လိုပါကြောင်း၊ကျောင်း၊ကျောင်းအုပ်၊ဆရာဆရာမတွေကို လိုအပ်တာတွေမဖြည့်ပေးရင်တော့ဒါတွေကိုမိမိတို့လုပ်လို့မရပါဘူးဆိုတာကိုပြောကြားလိုပါကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မနှစ်ကမေလ၂၁ရက်နေ့မှာgrade 6သင်တန်းကိုပြောသည့်အခါမှာ နိုင်ငံတော်အတိုင်ပင်ခံ ပြောခဲ့တာအင်မတန်ကောင်းပါကြောင်း၊ဆရာဆရာမတွေသင်ယူတာမှာတော်သလိုသင်ကြားမှာလည်းတော်ပါကြောင်း၊ဆရာဆရာမတွေအနေနှင့်ကျောင်းသားကျောင်းသူတွေကိုစာသင်ချိန်နှင့်ကျောင်းမှာပျော်အောင်လုပ်ပေးရန်၊ကလေးတွေကျောင်းသွားရတာပျော်မှသာပညာတတ်တွေဖြစ်မည်ဖြစ်ကြောင်း၊နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လိုနေတာသည်အဓိကဟာပညာရေးစနစ်ဖြစ်ပါကြောင်း၊ပညာရေးစနစ်မှန်ရင်အခြားနိုင်ငံတွေကိုရင်ဘောင်တန်းအချိန်တိုအတွင်း အမှီလိုက်နိူင်ပါကြောင်း၊ကျောင်းသားကျောင်းသူတွေတခြားနိုင်ငံကကျောင်းသားကျောင်းသူတွေထက် တမူထူးခြားစွာတော်စေချင်ပါကြောင်း၊တော်တဲ့အခါမှာစာရိတ္တနှင့်ပူးပေါင်းဆောင်ရွက်မှုမှာလည်းတော်စေချင် ပြီးအစုအဖွဲ့လိုက်ဆောင်ရွက်သည့်အခါမှာလည်းတော်စေလိုပါကြောင်း၊ဒါကြောင့်မို့လို့လူထုအသိုင်းအဝိုင်းပျော်ရွှင်ဖို့ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနိုင်မယ့်ကလေးတွေကိုမွေးထုတ်ပေးစေလိုပါကြောင်းအဓိကကဆရာဆရာမတွေဖြစ်ပြီး၊အရည်အသွေးရှိတဲ့သင်ယူမှုအခွင့်အလမ်း ကောင်းမွန်ရေးအတွက်အားလုံးညီညီညွတ်ညွတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါရန်ပြောကြားခဲ့ပါတယ်။

ယနေ့ဆွေးနွေးပွဲသို့နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တက်ရောက်၍နူတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲတွင်ပညာရေးဝန်ကြီးဌာနမှညွန်ကြားရေးမှူးချုပ်များ၊ဒုတိယညွန်ကြားရေးမှူးချုပ်များမှသက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပါတယ်။

KO
နေပြည်တော်၊ ဇန်နဝါရီ - ၁၃

( Zawgyi )

ျမန္မာႏိုင္ငံတြင္ႏွစ္ေပါင္းမ်ားစြာအ႐ိုးစြဲေနသည္မွာသင္ၾကားျခင္းဆိုတာျဖစ္ေနၿပီး၊ပညာေရးစနစ္ႀကီး တစ္ခုလုံး၏အေရးအႀကီးဆုံးသည္သင္ယူျခင္းျဖစ္ေၾကာင္းပညာေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးေဒါက္တာ မ်ိဳးသိမ္းႀကီးမွေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ပ်ဥ္းမနားၿမိဳ႕၊မဂၤလာဗ်ဴဟာခန္းမတြင္က်င္းပျပဳလုပ္ သည့္သင္ယူမႈအခြင့္အလမ္းျမင့္မားေရး၊အရည္အေသြးရွိေသာသင္ယူမႈပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရးေဆြးေႏြးပြဲတြင္ ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“က်ေနာ္တို႔ႏိုင္ငံမွာအားေကာင္းေနတာသည္ အ႐ိုးစြဲေနသည့္အလြတ္က်က္မွတ္မႈျဖစ္ပါတယ္။ အရည္အေသြးရွိတဲ့သင္ယူမႈမွာအေရးႀကီးဆုံးသည္အရည္အေသြးရွိေသာဆရာမျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာႏွစ္ ေပါင္းမ်ားစြာအ႐ိုးစြဲေနတာသည္သင္ၾကားျခင္းဆိုတာျဖစ္ေနပါတယ္။အေရးအႀကီးဆုံးသည္ပညာေရးစနစ္ႀကီး တစ္ခုလုံးမွာအေရးအႀကီးဆုံးသည္သင္ယူျခင္းျဖစ္ပါတယ္။သင္ယူျခင္းကသာရတနာျဖစ္တယ္ဆိုတာေလးကို က်ေနာ္တို႔ကလုပ္မယ္ဆိုယင္ က်ေနာ္တို႔ႏိုင္ငံသည္လူတိုင္းသည္ဆရာ/ဆရာမလည္း တစ္သက္လုံး သင္ယူေန ရမွာျဖစ္ပါတယ္။ လူတိုင္းကလည္းအလုပ္လုပ္ဖို႔အတြက္သင္ယူေနရမယ္၊အလုပ္လုပ္ၿပီးလည္း ဆက္ၿပီးသင္ ယူေနရမွာျဖစ္ပါတယ္။ဒီလိုတစ္သက္တာသင္ယူႏိုင္တဲ့အခြင့္အလမ္းကိုေပးႏိုင္ဖို႔အတြက္သည္သင္ၾကားျခင္း လည္းအေရးႀကီးသလို သင္ယူျခင္းကပို၍အေရးႀကီးပါတယ္။ၿပီးလို႔ရွိရင္ေတာ့ကြၽန္ေတာ္တို႔ education and training ျဖစ္ပါတယ္။ ဘယ္သူမဆိုလူတိုင္းသည္ အလုပ္မဝင္ခင္မွာသူ႔လုပ္ငန္းနဲ႔သက္ဆိုင္တဲ့ကြၽမ္းက်င္မႈရွိေသာ training ေတြကိုအမ်ားႀကီးလိုအပ္ေနေသးတယ္။ၿပီးရင္ဒီဟာ ေတြကိုလူမႈ စီးပြားေတြဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေပးဖို႔လို႔အတြက္ research and innovation ျဖစ္ပါတယ္။ research and innovation ဆိုတာသည္ ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံေတြမွာ အေရးအႀကီးဆုံးသည္ ဘာလဲသင္ယူေလ့လာမယ္။ဘာကို အေကာင္းဆုံးလုပ္ေပးႏိုင္မလဲဆိုတာအတြက္ သင္ယူၿပီးေတာ့ပံ့ပိုးေပးတာ။ဘယ္သူေတြကိုပံ့ပိုးေပး မလဲ၊လူ႔အဖြဲ႕အစည္းေတြကိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ပံ့ပိုးေပးႏိုင္ေသာအေကာင္းဆုံးလုပ္ေပးျခင္းသည္ research and innovation ျဖစ္ပါတယ္။ဒါေလးကို ကြၽန္ေတာ္တို႔က NESP( National Education Strategic Plan )မွာ goldအေနနဲ႔အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတယ္ဆိုတာေလးကိုတင္ျပလိုပါတယ္။ကြၽန္ေတာ္တို႔မွာအားလုံးသိတဲ့အတိုင္းပဲနယ္ပယ္(၉)ခုကိုအေလးထားၿပီးေဆာင္႐ြက္ေနပါတယ္ ”ဟုပညာေရးျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးမွေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ပညာေရးျပည္ေထာင္စုဝန္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက “ေမးျမန္းေဆြးေႏြးတာကိုအားေပးဖို႔၊ စဥ္းစားေတြးေခၚသုံးသပ္၊ျပႆနာကိုေျဖရွင္းႏိုင္သည့္စြမ္းရည္ေတြကိုအားေပးဖို႔ႏွင့္အေတြးသစ္အျမင္သစ္ႏွင့္ဆန္းသစ္တီ ထြင္ ဖန္တီးႏိုင္စြမ္းလိုေၾကာင္း၊သင္႐ိုးၫြန္းတမ္းေတြေက်ာင္းသုံးဖတ္စာအုပ္အသစ္မ်ား ဆရာကိုင္စာအုပ္အသစ္မ်ားႏွင့္သင္ေထာက္ကူပစၥည္းေတြလည္းလိုပါေၾကာင္း၊project base learning ႏွင့္project အေျချပဳသင္ယူျခင္းအားေပးဖို႔လိုပါေၾကာင္း၊ေက်ာင္း၊ေက်ာင္းအုပ္၊ဆရာဆရာမေတြကို လိုအပ္တာေတြမျဖည့္ေပးရင္ေတာ့ဒါေတြကိုမိမိတို႔လုပ္လို႔မရပါဘူးဆိုတာကိုေျပာၾကားလိုပါေၾကာင္းႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ မႏွစ္ကေမလ၂၁ရက္ေန႔မွာgrade 6သင္တန္းကိုေျပာသည့္အခါမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေျပာခဲ့တာအင္မတန္ေကာင္းပါေၾကာင္း၊ဆရာဆရာမေတြသင္ယူတာမွာေတာ္သလိုသင္ၾကားမွာလည္းေတာ္ပါေၾကာင္း၊ဆရာဆရာမေတြအေနႏွင့္ေက်ာင္းသားေက်ာင္းသူေတြကိုစာသင္ခ်ိန္ႏွင့္ေက်ာင္းမွာေပ်ာ္ေအာင္လုပ္ေပးရန္၊ကေလးေတြေက်ာင္းသြားရတာေပ်ာ္မွသာပညာတတ္ေတြျဖစ္မည္ျဖစ္ေၾကာင္း၊ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ဖို႔လိုေနတာသည္အဓိကဟာပညာေရးစနစ္ျဖစ္ပါေၾကာင္း၊ပညာေရးစနစ္မွန္ရင္အျခားႏိုင္ငံေတြကိုရင္ေဘာင္တန္းအခ်ိန္တိုအတြင္း အမွီလိုက္ႏိူင္ပါေၾကာင္း၊ေက်ာင္းသားေက်ာင္းသူေတြတျခားႏိုင္ငံကေက်ာင္းသားေက်ာင္းသူေတြထက္ တမူထူးျခားစြာေတာ္ေစခ်င္ပါေၾကာင္း၊ေတာ္တဲ့အခါမွာစာရိတၱႏွင့္ပူးေပါင္းေဆာင္႐ြက္မႈမွာလည္းေတာ္ေစခ်င္ ၿပီးအစုအဖြဲ႕လိုက္ေဆာင္႐ြက္သည့္အခါမွာလည္းေတာ္ေစလိုပါေၾကာင္း၊ဒါေၾကာင့္မို႔လို႔လူထုအသိုင္းအဝိုင္းေပ်ာ္႐ႊင္ဖို႔ဖြံ႕ၿဖိဳးတိုးတက္ဖို႔ေဆာင္႐ြက္ေပးႏိုင္မယ့္ကေလးေတြကိုေမြးထုတ္ေပးေစလိုပါေၾကာင္းအဓိကကဆရာဆရာမေတြျဖစ္ၿပီး၊အရည္အေသြးရွိတဲ့သင္ယူမႈအခြင့္အလမ္း ေကာင္းမြန္ေရးအတြက္အားလုံးညီညီၫြတ္ၫြတ္ႏွင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးပါရန္ေျပာၾကားခဲ့ပါတယ္။

ယေန႔ေဆြးေႏြးပြဲသို႔ေနျပည္ေတာ္ေကာင္စီဥကၠ႒ေဒါက္တာမ်ိဳးေအာင္တက္ေရာက္၍ႏူတ္ခြန္းဆက္စကားေျပာၾကားခဲ့ပါတယ္။ေဆြးေႏြးပြဲတြင္ပညာေရးဝန္ႀကီးဌာနမွၫြန္ၾကားေရးမႉးခ်ဳပ္မ်ား၊ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္မ်ားမွသက္ဆိုင္ရာက႑အလိုက္ေဆြးေႏြးခဲ့ၾကပါတယ္။

KO
ေနျပည္ေတာ္၊ ဇန္နဝါရီ - ၁၃