ပင်လယ်ပြင် ငါးမဖမ်းရရာသီသတ်မှတ်မှု ပြန်လည်ဆွေးနွေးသင့်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်ဆို

ပင်လယ်ပြင် ငါးမဖမ်းရရာသီသတ်မှတ်မှု ပြန်လည်ဆွေးနွေးသင့်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်ဆို

ပင်လယ်ပြင် ငါးမဖမ်းရရာသီ သတ်မှတ်မှုကို ပြန်လည်ဆွေးနွေး အဖြေရှာသင့်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဝင်းကြိုင် က ပြောပါတယ်။

၂၀၁၉ ခုနှစ်မှ စတင်ပြီး ပင်လယ်ပြင်အတွင်း ဇွန်လမှ ဩဂုတ်လအထိ ငါးမဖမ်းရရာသီသတ်မှတ်ခဲ့ပြီး ၂၀၂၀ ခုနှစ် တွင်လည်း ယင်းအချိန်ကာလကို ပင်လယ်ပြင်ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ထားသော်လည်း သုတေသန လုပ်ငန်းဆိုင်ရာအချက်အလက်များအရ ငါးမဖမ်းရရာသီ အချိန်သတ်မှတ်မှုကို ပြန်လည် ဆွေးနွေး သင့်တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ကျင်းပပြုလုပ်တဲ့ ငါးလုပ်ငန်းဆိုင်ရာ လစဉ်ဆွေးနွေး မှာ ဦးဝင်းကြိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“၂၀၂၀ ငါးမဖမ်းရ ရာသီကိုတော့ ဇွန်၊ဇူလိုင်၊ ဩဂုတ် သတ်မှတ်လိုက်ပါတယ်။ဒါက မနှစ်က သတ်မှတ်လိုက်တဲ့ ကာလ မပြောင်းပါဘူး။ဒါပေမယ့် ထူးခြားတာက ငါးလုပ်ငန်းဦးစီးဌာနရဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ထွန်းသိန်း ၊ ပင်လယ်ပြင်ငါးသယံဇာတ ထိန်းသိမ်းရေး နဲ့ တိုင်းတာရေးလုပ်ငန်းထဲမှာ သုတေသန ရေယာဉ်နဲ့ ၂၀၁၃၊၂၀၁၅၊၂၀၁၈ (၃) ကြိမ်စလုံးမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့မြန်မာဘက်ကပညာရှင်ဖြစ်ပါတယ်။ သူ့ရဲ့ တင်ပြ ချက်အရတော့ သုတေသနသင်္ဘောရဲ့တွေ့ရှိချက်ဖြစ်ပါတယ်။အဲ့ဒီမှာ ဘာသုံးသပ်တင်ပြသလဲဆိုတော့ အခု ငါးမဖမ်းရ ရာသီသတ်မှတ်တဲ့ အချိန်ကာလသည် မြန်မာ့ပင်လယ်ပြင်ရဲ့ ငါးတွေရဲ့ ဥ ဆောင်ကာလနဲ့ နည်းနည်း လွဲနေတယ်ဆိုတာကိုသွားတွေ့ရတယ်။နိုင်ငံခြားသားတွေ သုံးသပ်တယ်။သုတေသန တွေ့ရှိချက်အရ ဖေဖော်ဝါရီ ၁၅ ကနေပြီးတော့ မေလ ၁၅ အထိ သတ်မှတ်တာပိုပြီး သင့်လျှော်တယ်လို့ ဆွေးနွေးသွားတာ ရှိပါတယ်။ နောင်နှစ်တွေမှာ ငါးမဖမ်းရ ရာသီဘယ်လိုသတ်မှတ်သင့်သလဲဆိုတဲ့ အခြေအနေကို အများသုံး သပ်ပြီးဆွေးနွေး လို့ရအောင် ငါးမဖမ်းရရာသီကို မှန်မှန်ကန်ကန် ငါးသားပေါက်ရာသီနဲ့ အချိန်ကိုက်ဖြစ်အောင် ဘယ်လိုပြုပြင် ပြောင်းလဲမလဲဆိုတဲ့ အချက်ကို သေချာဆွေးနွေးဖို့ဆောင်ရွက်သင့်တယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ယုံကြည် ပါတယ်” လို့ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်အတွင်းရေလုပ်ငန်းဆိုင်ရာ သယံဇာတအရင်းအမြစ်များနှင့် အဏ္ဏဝါဂေဟစနစ်များကို ပိုမို သိရှိနားလည်စေရန် နော်ဝေနှင့် မြန်မာနိုင်ငံမှ သုတေသနပညာရှင်များပူးပေါင်းပြီး နော်ဝေ သုတေသနရေယာဉ် Dr.Fridtjof Nansen ဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ မြန်မာ့ပင်လယ်ပြင်အတွင်း သုတေ သနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၄

( Zawgyi )

ပင္လယ္ျပင္ ငါးမဖမ္းရရာသီ သတ္မွတ္မႈကို ျပန္လည္ေဆြးေႏြး အေျဖရွာသင့္တယ္လို႔ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉးျဖစ္သူ ဦးဝင္းႀကိဳင္ က ေျပာပါတယ္။

၂၀၁၉ ခုႏွစ္မွ စတင္ၿပီး ပင္လယ္ျပင္အတြင္း ဇြန္လမွ ဩဂုတ္လအထိ ငါးမဖမ္းရရာသီသတ္မွတ္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ တြင္လည္း ယင္းအခ်ိန္ကာလကို ပင္လယ္ျပင္ငါးမဖမ္းရရာသီအျဖစ္သတ္မွတ္ထားေသာ္လည္း သုေတသန လုပ္ငန္းဆိုင္ရာအခ်က္အလက္မ်ားအရ ငါးမဖမ္းရရာသီ အခ်ိန္သတ္မွတ္မႈကို ျပန္လည္ ေဆြးေႏြး သင့္တယ္လို႔ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွာ က်င္းပျပဳလုပ္တဲ့ ငါးလုပ္ငန္းဆိုင္ရာ လစဥ္ေဆြးေႏြး မွာ ဦးဝင္းႀကိဳင္က ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“၂၀၂၀ ငါးမဖမ္းရ ရာသီကိုေတာ့ ဇြန္၊ဇူလိုင္၊ ဩဂုတ္ သတ္မွတ္လိုက္ပါတယ္။ဒါက မႏွစ္က သတ္မွတ္လိုက္တဲ့ ကာလ မေျပာင္းပါဘူး။ဒါေပမယ့္ ထူးျခားတာက ငါးလုပ္ငန္းဦးစီးဌာနရဲ႕ ပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ထြန္းသိန္း ၊ ပင္လယ္ျပင္ငါးသယံဇာတ ထိန္းသိမ္းေရး နဲ႔ တိုင္းတာေရးလုပ္ငန္းထဲမွာ သုေတသန ေရယာဥ္နဲ႔ ၂၀၁၃၊၂၀၁၅၊၂၀၁၈ (၃) ႀကိမ္စလုံးမွာ ထဲထဲဝင္ဝင္ပါဝင္ခဲ့တဲ့ျမန္မာဘက္ကပညာရွင္ျဖစ္ပါတယ္။ သူ႔ရဲ႕ တင္ျပ ခ်က္အရေတာ့ သုေတသနသေဘၤာရဲ႕ေတြ႕ရွိခ်က္ျဖစ္ပါတယ္။အဲ့ဒီမွာ ဘာသုံးသပ္တင္ျပသလဲဆိုေတာ့ အခု ငါးမဖမ္းရ ရာသီသတ္မွတ္တဲ့ အခ်ိန္ကာလသည္ ျမန္မာ့ပင္လယ္ျပင္ရဲ႕ ငါးေတြရဲ႕ ဥ ေဆာင္ကာလနဲ႔ နည္းနည္း လြဲေနတယ္ဆိုတာကိုသြားေတြ႕ရတယ္။ႏိုင္ငံျခားသားေတြ သုံးသပ္တယ္။သုေတသန ေတြ႕ရွိခ်က္အရ ေဖေဖာ္ဝါရီ ၁၅ ကေနၿပီးေတာ့ ေမလ ၁၅ အထိ သတ္မွတ္တာပိုၿပီး သင့္ေလွ်ာ္တယ္လို႔ ေဆြးေႏြးသြားတာ ရွိပါတယ္။ ေနာင္ႏွစ္ေတြမွာ ငါးမဖမ္းရ ရာသီဘယ္လိုသတ္မွတ္သင့္သလဲဆိုတဲ့ အေျခအေနကို အမ်ားသုံး သပ္ၿပီးေဆြးေႏြး လို႔ရေအာင္ ငါးမဖမ္းရရာသီကို မွန္မွန္ကန္ကန္ ငါးသားေပါက္ရာသီနဲ႔ အခ်ိန္ကိုက္ျဖစ္ေအာင္ ဘယ္လိုျပဳျပင္ ေျပာင္းလဲမလဲဆိုတဲ့ အခ်က္ကို ေသခ်ာေဆြးေႏြးဖို႔ေဆာင္႐ြက္သင့္တယ္လို႔ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္အေနနဲ႔ ယုံၾကည္ ပါတယ္” လို႔ဆိုပါတယ္။

ျမန္မာ့ပင္လယ္ျပင္အတြင္းေရလုပ္ငန္းဆိုင္ရာ သယံဇာတအရင္းအျမစ္မ်ားႏွင့္ အဏၰဝါေဂဟစနစ္မ်ားကို ပိုမို သိရွိနားလည္ေစရန္ ေနာ္ေဝႏွင့္ ျမန္မာႏိုင္ငံမွ သုေတသနပညာရွင္မ်ားပူးေပါင္းၿပီး ေနာ္ေဝ သုေတသနေရယာဥ္ Dr.Fridtjof Nansen ျဖင့္ ၂၀၁၃ ခုႏွစ္မွ စတင္ၿပီး သုေတသနလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ ေနာက္ဆုံး အႀကိမ္ အျဖစ္ ၂၀၁၈ ခုႏွစ္ ဩဂုတ္လ ၂၄ ရက္ေန႔မွ စက္တင္ဘာလ ၂၉ ရက္ေန႔အထိ ျမန္မာ့ပင္လယ္ျပင္အတြင္း သုေတ သနလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၂၄