နေပြည်တော်၊ပြည်တော်ပြန်(Quarantine) ထားရှိသူများမှ စောင့်ကြည့်ရက်စေ့၊ သံသယကင်းလွတ်၊ ရောဂါပိုးမရှိသည့်သူ ပထမသုတ်အား နေအိမ်များ အထိပြန်လည်ပို့ဆောင်

နေပြည်တော်၊ပြည်တော်ပြန်(Quarantine) ထားရှိသူများမှ စောင့်ကြည့်ရက်စေ့၊ သံသယကင်းလွတ်၊ ရောဂါပိုးမရှိသည့်သူ ပထမသုတ်အား နေအိမ်များ အထိပြန်လည်ပို့ဆောင်

နေပြည်တော်ကောင်စီနယ်မြေပုဗ္ပသီရိမြို့နယ်၊ဆေးရုံမှပြည်တော်ပြန်(Quarantine)ထားရှိသူ(၅၅)ဦးအနက်မှစောင့်ကြည့်ရက်(၁၄)ရက်ပြည့်ပြီး၊သံသယကင်းလွတ်၊ရောဂါပိုးမရှိသည်ကို စစ်ဆေးပြီးသူ(၂၇)ဦးအားယနေ့နံနက်ပိုင်းတွင် ပုဗ္ပသီရိမြို့နယ်ဆေးရုံးမှ၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊NCVTအဖွဲ့မှတာဝန်ရှိသူများ၊ဗုဗ္ပသီရိမြို့နယ်ဆေးရုံအုပ်ကြီး၊နှင့်ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့များတို့မှမော်တော်ယာဉ်များဖြင့်၎င်းတို့၏နေအိမ်အသီးသီးသို့အိမ်အရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းဆေးရုံ(၄)ရုံ၊နေပြည်တော်စည်ပင်ဧည့်ရိပ်သာတို့တွင်ပြည်တော်ပြန်(Quarantine)ထားရှိသူ စုစုပေါင်း(၇၉၉)ဦးရှိပြီး၊ နေပြည်တော် တပ်တော်စစ်ကြောရေး ဧည့်ရိပ်သာတွင်(၁၄၀)ကျော်ရှိပြီး၊ယခုပုဗ္ပသီရိမြို့နယ်ဆေးရုံ (Quarantine)ထားရှိသူ (၅၅)ဦးမှ (၂၄)ဦးအားစောင့်ကြည့်ရက်ပြည့်ပြီး ကျန်းမာလျက်ရှိသူ(၂၇)ဦးအား ပထမအသုတ်အဖြစ် နေအိမ်အရောက်ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်၊ယခုပြန်ခွင့်ရသူများတွင်ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံများမှ ပြန်လာသူများဖြစ်ကြောင်းသိရှိရပါတယ်။

"ကျမကထိုင်းနိုင်ငံကနေပြန်လာတာပါ လက်ရှိမြန်မာနိုင်ငံမှာနေတဲ့ လိပ်စာက နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ကပါ၊ ထိုင်းနိုင်ငံကနေ သူငယ်ချင်း(၄)ယောက် ကားအပြတ်ဌားလာပါတယ်၊ သုံးဆူဖက်ကနေပြန်ဆင်းလာပါတယ်၊ သုံးဆူရောက်တဲ့ အခါ ကျန်းမာရေး စစ်ဆေးမှုခံယူရပါတယ်၊ ကျန်းမာရေးစစ်ဆေးမှုခံယူပြီးတော့မှ သူတို့ဖက်က အသားမှာ တံဆိပ်တုံးထုပေးလိုက်ပါတယ်၊ အဲ့တံဆိပ်တုံးနဲ့ပြန်လာရပါတယ်၊ လမ်းမှာလည်း စစ်ဆေးမှုအပြည့်အဝရှိပါတယ်၊မုဒုံကနေ နေပြည်တော် တိုက်ရိုက်ကားစီးပြီး ပြန်လာခဲ့ပါတယ်၊ ပြန်ရောက်တဲ့(၂၅)ရက်နေ့မှာဘဲ ဒီဆေးရုံကိုရောက်ရှိခဲ့ပါတယ်။ ဒီ(၁၄)ရက်အတွင်းမှာ တစ်ကိုယ်ရေ သန့်ရှင်းဖို့ရာအတွက် တစ်ယောက်သုံးပစ္စည်းပေါ့၊ အကုန်ပေးတယ်၊ မနက်တိုင်းမှာ ကိုယ်ပူချိန်တိုင်းတယ် အစားအသောက်အနေနဲ့ မနက်စာ၊နေ့လယ်စာ၊ညစာကျွေးမွေးပါတယ်၊ အစစအရာရာ လိုလေသေးမရှိအောင် ထောက်ပံ့ပေးထားပါတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု လည်း အပြည့်အဝရရှိပါတယ်၊ သန့်သန့်ရှင်းရှင်းနဲ့ သီးသန့်တစ်ယောက်စီနေရပါတယ်၊ အကုန်လုံးဟာ အစစအရာရာ အဆင်ပြေပါတယ်"ဟု ယနေ့ပြန်ခွင့်ရသူတစ်ဦးမှပြောပြပါတယ်။

KO
နေပြည်တော်၊ ဧပြီ ၈

(  Zawgyi  )

 ေနျပည္ေတာ္ေကာင္စီနယ္ေျမပုဗၸသီရိၿမိဳ႕နယ္၊ေဆး႐ုံမွျပည္ေတာ္ျပန္(Quarantine)ထားရွိသူ(၅၅)ဦးအနက္မွေစာင့္ၾကည့္ရက္(၁၄)ရက္ျပည့္ၿပီး၊သံသယကင္းလြတ္၊ေရာဂါပိုးမရွိသည္ကို စစ္ေဆးၿပီးသူ(၂၇)ဦးအားယေန႔နံနက္ပိုင္းတြင္ ပုဗၸသီရိၿမိဳ႕နယ္ေဆး႐ုံးမွ၊ ေနျပည္ေတာ္ေကာင္စီမွ တာဝန္ရွိသူမ်ား၊NCVTအဖြဲ႕မွတာဝန္ရွိသူမ်ား၊ဗုဗၸသီရိၿမိဳ႕နယ္ေဆး႐ုံအုပ္ႀကီး၊ႏွင့္က်န္းမာေရးဝန္ထမ္းမ်ား၊ပရဟိတအဖြဲ႕မ်ားတို႔မွေမာ္ေတာ္ယာဥ္မ်ားျဖင့္၎တို႔၏ေနအိမ္အသီးသီးသို႔အိမ္အေရာက္ပို႔ေဆာင္ေပးခဲ့ပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းေဆး႐ုံ(၄)႐ုံ၊ေနျပည္ေတာ္စည္ပင္ဧည့္ရိပ္သာတို႔တြင္ျပည္ေတာ္ျပန္(Quarantine)ထားရွိသူ စုစုေပါင္း(၇၉၉)ဦးရွိၿပီး၊ ေနျပည္ေတာ္ တပ္ေတာ္စစ္ေၾကာေရး ဧည့္ရိပ္သာတြင္(၁၄၀)ေက်ာ္ရွိၿပီး၊ယခုပုဗၸသီရိၿမိဳ႕နယ္ေဆး႐ုံ (Quarantine)ထားရွိသူ (၅၅)ဦးမွ (၂၄)ဦးအားေစာင့္ၾကည့္ရက္ျပည့္ၿပီး က်န္းမာလ်က္ရွိသူ(၂၇)ဦးအား ပထမအသုတ္အျဖစ္ ေနအိမ္အေရာက္ျပန္လည္ပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာင္းသိရွိရပါတယ္၊ယခုျပန္ခြင့္ရသူမ်ားတြင္ထိုင္းႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံမ်ားမွ ျပန္လာသူမ်ားျဖစ္ေၾကာင္းသိရွိရပါတယ္။

"က်မကထိုင္းႏိုင္ငံကေနျပန္လာတာပါ လက္ရွိျမန္မာႏိုင္ငံမွာေနတဲ့ လိပ္စာက ေနျပည္ေတာ္ဥတၱရသီရိၿမိဳ႕နယ္၊ ေတာင္ညိဳၿမိဳ႕ကပါ၊ ထိုင္းႏိုင္ငံကေန သူငယ္ခ်င္း(၄)ေယာက္ ကားအျပတ္ဌားလာပါတယ္၊ သုံးဆူဖက္ကေနျပန္ဆင္းလာပါတယ္၊ သုံးဆူေရာက္တဲ့ အခါ က်န္းမာေရး စစ္ေဆးမႈခံယူရပါတယ္၊ က်န္းမာေရးစစ္ေဆးမႈခံယူၿပီးေတာ့မွ သူတို႔ဖက္က အသားမွာ တံဆိပ္တုံးထုေပးလိုက္ပါတယ္၊ အဲ့တံဆိပ္တုံးနဲ႔ျပန္လာရပါတယ္၊ လမ္းမွာလည္း စစ္ေဆးမႈအျပည့္အဝရွိပါတယ္၊မုဒုံကေန ေနျပည္ေတာ္ တိုက္႐ိုက္ကားစီးၿပီး ျပန္လာခဲ့ပါတယ္၊ ျပန္ေရာက္တဲ့(၂၅)ရက္ေန႔မွာဘဲ ဒီေဆး႐ုံကိုေရာက္ရွိခဲ့ပါတယ္။ ဒီ(၁၄)ရက္အတြင္းမွာ တစ္ကိုယ္ေရ သန႔္ရွင္းဖို႔ရာအတြက္ တစ္ေယာက္သုံးပစၥည္းေပါ့၊ အကုန္ေပးတယ္၊ မနက္တိုင္းမွာ ကိုယ္ပူခ်ိန္တိုင္းတယ္ အစားအေသာက္အေနနဲ႔ မနက္စာ၊ေန႔လယ္စာ၊ညစာေကြၽးေမြးပါတယ္၊ အစစအရာရာ လိုေလေသးမရွိေအာင္ ေထာက္ပံ့ေပးထားပါတယ္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လည္း အျပည့္အဝရရွိပါတယ္၊ သန႔္သန႔္ရွင္းရွင္းနဲ႔ သီးသန႔္တစ္ေယာက္စီေနရပါတယ္၊ အကုန္လုံးဟာ အစစအရာရာ အဆင္ေျပပါတယ္"ဟု ယေန႔ျပန္ခြင့္ရသူတစ္ဦးမွေျပာျပပါတယ္။

KO
ေနျပည္ေတာ္၊ ဧၿပီ ၈