နိုင်ငံ၏အနာဂတ်အတွက် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် ပုဒ်မတွေကို ပယ်ဖျက်ပြင်ဆင်ခြင်း မပြုရင် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မကျေပွန်သူများ ဖြစ်သွားမည်ဟု ရခိုင်အမတ်ဆို။

နိုင်ငံ၏အနာဂတ်အတွက် ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် ပုဒ်မတွေကို ပယ်ဖျက်ပြင်ဆင်ခြင်း မပြုရင်  လွှတ်တော်ကိုယ်စားလှယ် များ တာဝန်မကျေပွန်သူများ ဖြစ်သွားမည်ဟု ရခိုင်အမတ်ဆို။

နိုင်ငံ၏အနာဂတ်အတွက် ဒီမိုကရေစီနှင့်ဆန့်ကျင်သည့်ပုဒ်မတွေကို ပယ်ဖျက်ပြင်ဆင်ခြင်းမပြုဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ် များဟာ တာဝန်မကျေပွန်သူများဖြစ်သွားမည်ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေမှပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကြာသပတေးနေ့အစီအစဉ်တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသည့် အခြေခံမူလ ပြဋ္ဌာန်းချက်ကို နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုရေစီစနစ်ကျင့်သုံးသည့် ပြင်ဆင်ချက်အပေါ်တွင် လည်းကောင်းအချက်ပေါ် ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြား ခဲ့ခြင်ဖြစ်ပါတယ်။

"ပါတီစုံ ဒီမိုကရေစီစနစ်ဟာ စစ်မှန်ဖို့ ပို အဓိကကျပါတယ်၊ စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့အတွက် စည်းကမ်းပြည့်ဝသောဆိုတဲ့ စကားကို ထပ်မှန်ဖြည့်သွင်းဖို့ မလိုတော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီမှာ ပြည်သူရဲ့အထိန်းအကွပ်၊ တရားဥပဒေရဲ့အထိန်းအကွပ်ကို ခံယူရမယ် သက်ဆိုင်ရာမဏ္ဍိုင်များ အပြန်အလှန် ထိန်းကျောင်းမှုရှိမယ်၊ ဒါကို အားလုံးက နားလည် ပြီးသား၊ထင်ပေါ်ထင်ရှားပြီးသာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့အတွက် ပြည်သူတွေက ကျမတို့ကို မဲပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်အတွက်ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ပုဒ်မတွေကို ပယ်ဖျက်ပြင်ဆင်ခြင်းမပြုဘူး ဆိုရင် ကျမတို့ လွှတ်တော်ကိုယ်စားလှယ် များဟာ တာဝန်မကျေပွန် သူများဖြစ်မှာဖြစ်ပါတယ်"ဟုဆွေးနွေပြောကြားခဲ့ပါတယ်။

ယင်းအပြင် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကာဖို့ဆိုရင် ပါတီစုံကရွေးကောက်တင်မြောက်ခံကိုယ်စားလှယ်တွေက လွှတ်တော်အသီးသီးမှာ ဥပဒေပြုရေး တာဝန်ကို ရာနှုန်းပြည့် တာဝန်ထမ်းဆောင် နိုင်ရပါမယ်။ တကယ်လို့နိုင်ငံရေး အခန်းကဏ္ဍမှာ ပါဝင်လိုတယ်၊ အထူးသဖြင့် ဥပဒေပြုမဏ္ဍိုင်မှာတာဝန်ထမ်းဆောင်မယ်ဆိုယင် မည်သူမဆို ပါတီထောင်ပြီး ရွေးကောက်ပွဲမှာ ပြည်သူရဲ့ အဆုံးအဖြတ် ပြည်သူရဲ့ ရွေးကောက်တင်မြောက်မှုနဲ့ ဂုဏ်သိက္ခာရှိစွာ ရဲရဲကြီးခံယူဖို့လိုပါတယ်။ ပြည်သူက နိုင်ငံကောင်းကျိုး အမှန်တကယ် လိုလားတဲ့သူတွေကို မဲပေးရွေးချယ်ပြီး သူတို့ကိုကိုယ်စားပြုခိုင်းပါလိမ့်မယ်။ ပြည်သူကမကြိုက်ယင်တော့ ကျမတို့ဟာ ဒီလွှတ်တော်ထဲက အမုန်းမရှိဘဲ ပြုံးပြုံးကြီးထွက်ခွာသွားရမှာဖြစ်ပါတယ်" လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေမှပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၇

(  Zawgyi  )

 ႏိုင္ငံ၏အနာဂတ္အတြက္ ဒီမိုကေရစီႏွင့္ဆန႔္က်င္သည့္ပုဒ္မေတြကို ပယ္ဖ်က္ျပင္ဆင္ျခင္းမျပဳဘူးဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားဟာ တာဝန္မေက်ပြန္သူမ်ားျဖစ္သြားမည္ဟု ရခိုင္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၁) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမမွေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ၾကာသပေတးေန႔အစီအစဥ္တြင္ ႏိုင္ငံေတာ္သည္ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးသည္ဆိုသည့္ အေျခခံမူလ ျပ႒ာန္းခ်က္ကို ႏိုင္ငံေတာ္သည္ စစ္မွန္ေသာ ပါတီစုံဒီမိုေရစီစနစ္က်င့္သုံးသည့္ ျပင္ဆင္ခ်က္အေပၚတြင္ လည္းေကာင္းအခ်က္ေပၚ ေဆြးေႏြးမႈတြင္ ထည့္သြင္းေျပာၾကား ခဲ့ျခင္ျဖစ္ပါတယ္။

"ပါတီစုံ ဒီမိုကေရစီစနစ္ဟာ စစ္မွန္ဖို႔ ပို အဓိကက်ပါတယ္၊ စစ္မွန္တဲ့ဒီမိုကေရစီစနစ္မွာ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိတဲ့အတြက္ စည္းကမ္းျပည့္ဝေသာဆိုတဲ့ စကားကို ထပ္မွန္ျဖည့္သြင္းဖို႔ မလိုေတာ့ပါဘူး။ စစ္မွန္တဲ့ ဒီမိုကေရစီမွာ ျပည္သူရဲ႕အထိန္းအကြပ္၊ တရားဥပေဒရဲ႕အထိန္းအကြပ္ကို ခံယူရမယ္ သက္ဆိုင္ရာမ႑ိဳင္မ်ား အျပန္အလွန္ ထိန္းေက်ာင္းမႈရွိမယ္၊ ဒါကို အားလုံးက နားလည္ ၿပီးသား၊ထင္ေပၚထင္ရွားၿပီးသာျဖစ္ပါတယ္။ ဒီမိုကေရစီစနစ္ေဖာ္ေဆာင္ဖို႔အတြက္ ျပည္သူေတြက က်မတို႔ကို မဲေပးခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ငံရဲ႕အနာဂတ္အတြက္ဒီမိုကေရစီနဲ႔ဆန႔္က်င္တဲ့ပုဒ္မေတြကို ပယ္ဖ်က္ျပင္ဆင္ျခင္းမျပဳဘူး ဆိုရင္ က်မတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားဟာ တာဝန္မေက်ပြန္ သူမ်ားျဖစ္မွာျဖစ္ပါတယ္"ဟုေဆြးေႏြေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ပါတီစုံဒီမိုကေရစီစနစ္ ထြန္းကာဖို႔ဆိုရင္ ပါတီစုံကေ႐ြးေကာက္တင္ေျမာက္ခံကိုယ္စားလွယ္ေတြက လႊတ္ေတာ္အသီးသီးမွာ ဥပေဒျပဳေရး တာဝန္ကို ရာႏႈန္းျပည့္ တာဝန္ထမ္းေဆာင္ ႏိုင္ရပါမယ္။ တကယ္လို႔ႏိုင္ငံေရး အခန္းက႑မွာ ပါဝင္လိုတယ္၊ အထူးသျဖင့္ ဥပေဒျပဳမ႑ိဳင္မွာတာဝန္ထမ္းေဆာင္မယ္ဆိုယင္ မည္သူမဆို ပါတီေထာင္ၿပီး ေ႐ြးေကာက္ပြဲမွာ ျပည္သူရဲ႕ အဆုံးအျဖတ္ ျပည္သူရဲ႕ ေ႐ြးေကာက္တင္ေျမာက္မႈနဲ႔ ဂုဏ္သိကၡာရွိစြာ ရဲရဲႀကီးခံယူဖို႔လိုပါတယ္။ ျပည္သူက ႏိုင္ငံေကာင္းက်ိဳး အမွန္တကယ္ လိုလားတဲ့သူေတြကို မဲေပးေ႐ြးခ်ယ္ၿပီး သူတို႔ကိုကိုယ္စားျပဳခိုင္းပါလိမ့္မယ္။ ျပည္သူကမႀကိဳက္ယင္ေတာ့ က်မတို႔ဟာ ဒီလႊတ္ေတာ္ထဲက အမုန္းမရွိဘဲ ၿပဳံးၿပဳံးႀကီးထြက္ခြာသြားရမွာျဖစ္ပါတယ္" လည္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဒၚထုေမမွေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ ၂၇