နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မိန်ခွန်းပြောနေစဉ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဆန္ဒပြမှုတစ်ခုပြုလုပ်၊ အခမ်းအနားတွေကို အလွဲသုံးစား မလုပ်ရန်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မိန်ခွန်းပြောနေစဉ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဆန္ဒပြမှုတစ်ခုပြုလုပ်၊ အခမ်းအနားတွေကို အလွဲသုံးစား မလုပ်ရန်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား။

ယနေ့နံနက်ပိုင်းနေပြည်တော်MICC-2)တွင်ကျင်းပပြုလုပ်သည့်ပညာရေးဖွံဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့် မိန်ခွန်းပြောကြားနေစဉ် အခမ်းအနား အနောက်နား ထိုင်ခုံတန်းမှပညာရေးကော်လိပ်သမဂ္ဂကျောင်းသား(၁၂)ဦးခန့်မှ မတ်တပ်ရပ်ဆိုင်း ဘုတ်ကပ်ပြားများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မှဒီလိုအခမ်းအနားတွေကိုကိုယ့်အတွက်ကိုယ့်အဖွဲ့အတွက်၊ကိုယ်တစ်ယောက်ထဲအမြင်အတွက်အသုံးမချရန်နှင့် ဒါဟာလုံးဝဖြစ်သင့်သည့်ကိစ္စမဟုတ်ကြောင်း၊အခမ်းအနားတွေကိုအလွဲသုံးစားမလုပ်ရန်မိန့်ခွန်းပြောကြားစဉ် ကြားဖြတ် ပြောကြား ခဲ့ပါတယ်။

“ဒီလိုအခမ်းအနားတွေကိုကိုယ့်အတွက်ကိုယ့်အဖွဲ့အတွက်၊ကိုယ်တစ်ယောက်ထဲအမြင်အတွက် အသုံးမချပါနဲ့၊ ဒါဟာလုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။လူတိုင်းလူတိုင်းမှာ အခွင့်အရေး ရှိသလို တာဝန်ရှိတယ်ဆိုတာ သိရပါတယ်၊ စည်းကမ်းဆိုတာ ကိုယ်စည်းကိုထိမ်း ရပါမယ်၊အနောက်ကနေ ဘာတွေဘဲ ထောင်ပြထောင်ပြ ဒီက လည်းမမြင်ရဘူး၊ မမြင်ရယင်လည်း ဘာမှထူးမှာ မဟုတ်ဘူး။ တင်ပြချင်လို့ရှိယင် တင်ပြနိုင်တဲ့အခွင့်အလမ်းတွေ အများကြီးရှိတယ်၊တင်ပြနိုင်တဲ့ပုံစံတွေရှိတယ်။

ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်ကို ထိုးပြီးကိုယ့်ရဲ့အမြင်တွေ ကိုတင်ပြနိုင်ပါတယ်။ ဒီလိုအခမ်းအနားတွေကို အလွဲသုံးစား မလုပ်ပါနဲ့ လူတိုင်းလူတိုင်းဟာကိုယ့်စည်းကိုယ်စောင့်တာအင်မတန်မှအရေးကြီးပါတယ်။ကျမခဏခဏပြောပါတယ်။အခွင့်အရေးရှိသလိုကိုယ့်မှာတာဝန်ရှိတယ်။အခွင့်အရေးကိုဘဲကြည့်ပြီးတာဝန်ကိုမလေးစားလို့ရှိယင်ကျမတို့နိုင်ငံမှာဘယ်တော့မှတိုးတက်မှာမဟုတ်ပါဘူး”ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်စုကြည်က ပြောကြားခဲ့ပါတယ်။

ယင်းကိစ္စနှင့်ပတ်သက်၍ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူးဟုဆိုသူ မောင်အောင်ပြည့်စုံဖြိုးမှ “အဓိကကတော့တစ်ပြည်လုံးမှာရှိတဲ့တက္ကသိုလ်တွေ ကောလိပ်တွေမှာ ဆန္ဒပြတဲ့ အကြောင်းအရင်း(၂)ခုရှိပါတယ်၊ တစ်ခုကမတ်လကုန် အထိစာမေးပွဲတိုးမြင့်စစ်ဆေးတဲ့ကိစ္စရယ်၊မန္တလေးသပိတ် ကိစ္စကိုမဖြေရှင်းဘဲ အချိန်ဆွဲထားတဲ့ ကိစ္စရယ်။ အဲဒီ(၂)ခုအတွက် အဓိက ဆန္ဒပြတာပါ။အဓိကတော့သူတို့မသိဘူး ထင်လို့မလုပ်ပေးနိုင်တာလို့ ထင်လို့ပြောပြရုံသက်သက်ပါဘဲ။ အခုလာတာက(၁၂)ယောက် ပါပညာရေးတက္ကသိုလ် (၂)ခုရယ်ကျန်တာကပညာရေးကောလိပ်ရယ်အစုံပါတာပေါ့။အဓိကလာတာရန်ကုန်ပညာရေးတက္ကသိုလ်ရှိမယ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိမယ်၊ပြီးတော့ပညာရေးကောလိပ်ကိုယ်စားပြုလွှတ်တဲ့ကိုယ်စားလှယ်ရယ်(၃)မျိုးရှိပါတယ် ”လို့ သတင်းထောက်များကိုပြောပါတယ်။

အခမ်းအနားအတွင်းဆန္ဒပြမှုနှင့်ပတ်သက်၍ဒုတိယပညာရေးဝန်ကြီးဦးဝင်းမော်ထွန်းမှ “အခြေအနေနဲ့ အချိန်အခါ သင့်တင့်အောင် ဆောင်ရွက်ဖို့လိုတာပေါ့။ဒီနေ့ဆောင်ရွက်နေတဲ့အခမ်းအနားမှာလည်း ဘာရည်ရွယ် ချက်နဲ့လုပ်လည်း ဒီအပေါ်မှာတော့ နာလည်မှု ရှိရန်လိုတာပေါ့ ”လို့ သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဇန်နဝါရီ ၂၈

(  Zawgyi  )

 ယေန႔နံနက္ပိုင္းေနျပည္ေတာ္MICC-2)တြင္က်င္းပျပဳလုပ္သည့္ပညာေရးဖြံၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္၍ အဖြင့္ မိန္ခြန္းေျပာၾကားေနစဥ္ အခမ္းအနား အေနာက္နား ထိုင္ခုံတန္းမွပညာေရးေကာ္လိပ္သမဂၢေက်ာင္းသား(၁၂)ဦးခန႔္မွ မတ္တပ္ရပ္ဆိုင္း ဘုတ္ကပ္ျပားမ်ား ကိုင္ေဆာင္၍ ဆႏၵထုတ္ေဖာ္မႈျပဳလုပ္ခဲ့ရာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ မွဒီလိုအခမ္းအနားေတြကိုကိုယ့္အတြက္ကိုယ့္အဖြဲ႕အတြက္၊ကိုယ္တစ္ေယာက္ထဲအျမင္အတြက္အသုံးမခ်ရန္ႏွင့္ ဒါဟာလုံးဝျဖစ္သင့္သည့္ကိစၥမဟုတ္ေၾကာင္း၊အခမ္းအနားေတြကိုအလြဲသုံးစားမလုပ္ရန္မိန႔္ခြန္းေျပာၾကားစဥ္ ၾကားျဖတ္ ေျပာၾကား ခဲ့ပါတယ္။

“ဒီလိုအခမ္းအနားေတြကိုကိုယ့္အတြက္ကိုယ့္အဖြဲ႕အတြက္၊ကိုယ္တစ္ေယာက္ထဲအျမင္အတြက္ အသုံးမခ်ပါနဲ႔၊ ဒါဟာလုံးဝျဖစ္သင့္တဲ့ ကိစၥမဟုတ္ပါဘူး။လူတိုင္းလူတိုင္းမွာ အခြင့္အေရး ရွိသလို တာဝန္ရွိတယ္ဆိုတာ သိရပါတယ္၊ စည္းကမ္းဆိုတာ ကိုယ္စည္းကိုထိမ္း ရပါမယ္၊အေနာက္ကေန ဘာေတြဘဲ ေထာင္ျပေထာင္ျပ ဒီက လည္းမျမင္ရဘူး၊ မျမင္ရယင္လည္း ဘာမွထူးမွာ မဟုတ္ဘူး။ တင္ျပခ်င္လို႔ရွိယင္ တင္ျပႏိုင္တဲ့အခြင့္အလမ္းေတြ အမ်ားႀကီးရွိတယ္၊တင္ျပႏိုင္တဲ့ပုံစံေတြရွိတယ္။

ဒါကို ပြင့္ပြင့္လင္းလင္း ကိုယ့္နာမည္ကို ထိုးၿပီးကိုယ့္ရဲ႕အျမင္ေတြ ကိုတင္ျပႏိုင္ပါတယ္။ ဒီလိုအခမ္းအနားေတြကို အလြဲသုံးစား မလုပ္ပါနဲ႔ လူတိုင္းလူတိုင္းဟာကိုယ့္စည္းကိုယ္ေစာင့္တာအင္မတန္မွအေရးႀကီးပါတယ္။က်မခဏခဏေျပာပါတယ္။အခြင့္အေရးရွိသလိုကိုယ့္မွာတာဝန္ရွိတယ္။အခြင့္အေရးကိုဘဲၾကည့္ၿပီးတာဝန္ကိုမေလးစားလို႔ရွိယင္က်မတို႔ႏိုင္ငံမွာဘယ္ေတာ့မွတိုးတက္မွာမဟုတ္ပါဘူး”ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္စုၾကည္က ေျပာၾကားခဲ့ပါတယ္။

ယင္းကိစၥႏွင့္ပတ္သက္၍ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအတြင္းေရးမႉးဟုဆိုသူ ေမာင္ေအာင္ျပည့္စုံၿဖိဳးမွ “အဓိကကေတာ့တစ္ျပည္လုံးမွာရွိတဲ့တကၠသိုလ္ေတြ ေကာလိပ္ေတြမွာ ဆႏၵျပတဲ့ အေၾကာင္းအရင္း(၂)ခုရွိပါတယ္၊ တစ္ခုကမတ္လကုန္ အထိစာေမးပြဲတိုးျမင့္စစ္ေဆးတဲ့ကိစၥရယ္၊မႏၲေလးသပိတ္ ကိစၥကိုမေျဖရွင္းဘဲ အခ်ိန္ဆြဲထားတဲ့ ကိစၥရယ္။ အဲဒီ(၂)ခုအတြက္ အဓိက ဆႏၵျပတာပါ။အဓိကေတာ့သူတို႔မသိဘူး ထင္လို႔မလုပ္ေပးႏိုင္တာလို႔ ထင္လို႔ေျပာျပ႐ုံသက္သက္ပါဘဲ။ အခုလာတာက(၁၂)ေယာက္ ပါပညာေရးတကၠသိုလ္ (၂)ခုရယ္က်န္တာကပညာေရးေကာလိပ္ရယ္အစုံပါတာေပါ့။အဓိကလာတာရန္ကုန္ပညာေရးတကၠသိုလ္ရွိမယ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္ရွိမယ္၊ၿပီးေတာ့ပညာေရးေကာလိပ္ကိုယ္စားျပဳလႊတ္တဲ့ကိုယ္စားလွယ္ရယ္(၃)မ်ိဳးရွိပါတယ္ ”လို႔ သတင္းေထာက္မ်ားကိုေျပာပါတယ္။

အခမ္းအနားအတြင္းဆႏၵျပမႈႏွင့္ပတ္သက္၍ဒုတိယပညာေရးဝန္ႀကီးဦးဝင္းေမာ္ထြန္းမွ “အေျခအေနနဲ႔ အခ်ိန္အခါ သင့္တင့္ေအာင္ ေဆာင္႐ြက္ဖို႔လိုတာေပါ့။ဒီေန႔ေဆာင္႐ြက္ေနတဲ့အခမ္းအနားမွာလည္း ဘာရည္႐ြယ္ ခ်က္နဲ႔လုပ္လည္း ဒီအေပၚမွာေတာ့ နာလည္မႈ ရွိရန္လိုတာေပါ့ ”လို႔ သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ဇန္နဝါရီ ၂၈