နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို အိန္ဒိယနိုင်ငံသမ္မတက “မြင့်မြတ်သော မြေသား” လက်ဆောင်ပေး

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို  အိန္ဒိယနိုင်ငံသမ္မတက “မြင့်မြတ်သော မြေသား” လက်ဆောင်ပေး

အိန္ဒိယသမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ မြန်မာသမ္မတဦးဝင်းမြင့်ကို အိန္ဒိယသမ္မတရှရီရမ် နက်သ်ကိုဗင့်ဒ်က မြတ်စွာ ဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သီတင်းသုံးတော်မှုခဲ့တဲ့ နေရာတွေက “ မြင့် မြတ်သော မြေသား”ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ သိရပါ တယ်။

“လူမှုအဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှုချင်းတူညီတဲ့ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအကြားရှိ တူညီတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှု များကို အလေးဂရုပြုသောအားဖြင့် အခုလို လက်ဆောင်ပေးအပ်ခဲ့တာဖြစ်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အိန္ဒိယ သမ္မတရှရီရမ် နက်သ်ကိုဗင့်ဒ် လက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ “မြင့်မြတ်တဲ့ မြေသား”များက မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အခါက သီတင်းသုံးတော်မူခဲ့တဲ့ နေရာများဖြစ်‌တဲ့  Lumbini, Bodh Gaya, Sarnath, Rajgir, Pataliputra, Shravasti, Vaishali နှင့် Kushinagarတို့မှ  မြင့်မြတ်တဲ့ မြေသားတွေဖြစ် တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဟာ အိန္ဒိယနိုင်ငံကို အိန္ဒိယသမ္မတနိုင်ငံ၊ သမ္မတရှရီ ရမ်နက်သ်ကို ဗင့်ဒ်နဲ့ ဇနီးရဲ့ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ချစ်ကြည်ရေးခရီး သွားရောက် နေတာဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

(  Zawgyi  )

 အိႏၵိယသမၼတႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနတဲ့ ျမန္မာသမၼတဦးဝင္းျမင့္ကို အိႏၵိယသမၼတရွရီရမ္ နက္သ္ကိုဗင့္ဒ္က ျမတ္စြာ ဘုရား သက္ေတာ္ထင္ရွားရွိစဥ္အခါက သီတင္းသုံးေတာ္မႈခဲ့တဲ့ ေနရာေတြက “ ျမင့္ ျမတ္ေသာ ေျမသား”ကို လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးမွ သိရပါ တယ္။

“လူမႈအဖြဲ႕အစည္းဆိုင္ရာ ယဥ္ေက်းမႈခ်င္းတူညီတဲ့ အိႏၵိယနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံအၾကားရွိ တူညီတဲ့ ကိုးကြယ္ယုံၾကည္မႈနဲ႔ ယဥ္ေက်းမႈ မ်ားကို အေလးဂ႐ုျပဳေသာအားျဖင့္ အခုလို လက္ေဆာင္ေပးအပ္ခဲ့တာျဖစ္တယ္” လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးမွ ဒီကေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔မွာ အသိေပးထုတ္ျပန္ထားပါတယ္။

အိႏၵိယ သမၼတရွရီရမ္ နက္သ္ကိုဗင့္ဒ္ လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့တဲ့ “ျမင့္ျမတ္တဲ့ ေျမသား”မ်ားက ျမတ္စြာဘုရား သက္ေတာ္ ထင္ရွားရွိစဥ္အခါက သီတင္းသုံးေတာ္မူခဲ့တဲ့ ေနရာမ်ားျဖစ္‌တဲ့  Lumbini, Bodh Gaya, Sarnath, Rajgir, Pataliputra, Shravasti, Vaishali ႏွင့္ Kushinagarတို႔မွ  ျမင့္ျမတ္တဲ့ ေျမသားေတြျဖစ္ တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံသမၼတ ဦးဝင္းျမင့္ႏွင့္ ဇနီးဟာ အိႏၵိယႏိုင္ငံကို အိႏၵိယသမၼတႏိုင္ငံ၊ သမၼတရွရီ ရမ္နက္သ္ကို ဗင့္ဒ္နဲ႔ ဇနီးရဲ႕ဖိတ္ၾကားခ်က္အရ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ခ်စ္ၾကည္ေရးခရီး သြားေရာက္ ေနတာျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ဓာတ္ပုံ- ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၈