ဒဂုံစင်တာအရှေ့ အတက်ရောဂါကြောင့် လဲကျသည့်လူနာအား ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဟု သတင်းခဲ့သူများကို ဖော်ထုတ်အရေးယူမည်

ဒဂုံစင်တာအရှေ့ အတက်ရောဂါကြောင့် လဲကျသည့်လူနာအား ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဟု သတင်းခဲ့သူများကို ဖော်ထုတ်အရေးယူမည်

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ဒဂုံစင်တာ (၂) အရှေ့နားမှာ အမျိုးသားတစ်ဦး လဲကျသတိလစ်နေတဲ့ ဖြစ်စဉ်တစ်ခု မတ်လ ၃ ရက် ညက ကြုံခဲ့တဲ့အပေါ် ကိုရိုနာဗိုင်းရပ်စ်လူနာတွေ့တယ်လို့ ကောလာဟလသတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ အဆိုပါ သတိလစ် လဲကျတဲ့ သူဟာ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာမှာ နေထိုင်သူဖြစ်ပြီး ၎င်းကို စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က လာရောက် ကူညီခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 “ရောဂါပိုးနဲ့ ဘာမှမဆိုင်ပါဘူး၊ သူ့ဟာသူ ကျန်းမာရေးမကောင်းလို့ဖြစ်တာပါ၊ ပြည်သူတွေအနေနဲ့ အခြေအနေမှန်ကို သိချင်ရင် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဆက်သွယ်စုံစမ်းနိုင်ပါတယ်”လို့ စမ်းချောင်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ပြောပါတယ်။

ထိုလူနာဟာ အတက်လွန်ပြီး သတိလစ်သွားတာမျိုးဖြစ်သလို ပြည်သူတွေကိုအထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်ကာ မဟုတ်မမှန်တဲ့ သတင်းတွေဖော်ပြခဲ့တဲ့ လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း စုံစမ်းနေပြီး တရားစွဲဆိုမှုတွေပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

 “ဒီဟာက အတက်လွန်ပြီး ကြာသွားတော့ သတိလစ်သွားတာဖြစ်ပါတယ်၊ သတင်းတစ်ခုကို တိတိကျကျမသိဘဲနဲ့ မဟုတ်မမှန် ဖွပြီး လုပ်ကြတာကြောင့် ပြည်သူတွေကို အထိတ်လန့်ဖြစ်စေတဲ့အပြင် ကျွန်တော်တို့ဆီကိုလည်း ဖုန်းတွေ ဆက်လာတာ အလုပ်ရှုပ်ပါတယ်၊ အခုအထိလည်း ဆက်နေတုန်း၊ ကျွန်တော်တို့အခုစုံစမ်းနေတယ်၊ ၆၆ ဃ နဲ့ တရားစွဲဖို့ လုပ်ဆောင်သွားမယ်”လို့ အဆိုပါအရန် မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ မြို့နယ်အလိုက် ကျန်းမာရေးဌာနများ၊ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အရပ်ဘက်အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သံသယဖြစ်ဖွယ်အခြေအနေရှိမရှိကို စောင့်ကြပ်စုံစမ်းနေကြောင်း၊ သံသယဖြစ်ဖွယ်လူနာတွေ တွေ့ရှိပါက ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကာ စစ်ဆေးစောင့်ကြည့်နိုင်ရန် အစီအစဉ်များရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မတ် ၄

( Zawgyi )

 ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္း ဒဂုံစင္တာ (၂) အေရွ႕နားမွာ အမ်ိဳးသားတစ္ဦး လဲက်သတိလစ္ေနတဲ့ ျဖစ္စဥ္တစ္ခု မတ္လ ၃ ရက္ ညက ႀကဳံခဲ့တဲ့အေပၚ ကို႐ိုနာဗိုင္းရပ္စ္လူနာေတြ႕တယ္လို႔ ေကာလာဟလသတင္းေတြ ေပၚထြက္ခဲ့ပါတယ္။ အဆိုပါ သတိလစ္ လဲက်တဲ့ သူဟာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုနႏၵာမွာ ေနထိုင္သူျဖစ္ၿပီး ၎ကို စမ္းေခ်ာင္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕က လာေရာက္ ကူညီခဲ့ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။

 “ေရာဂါပိုးနဲ႔ ဘာမွမဆိုင္ပါဘူး၊ သူ႔ဟာသူ က်န္းမာေရးမေကာင္းလို႔ျဖစ္တာပါ၊ ျပည္သူေတြအေနနဲ႔ အေျခအေနမွန္ကို သိခ်င္ရင္ သက္ဆိုင္ရာတာဝန္ရွိသူေတြထံ ဆက္သြယ္စုံစမ္းႏိုင္ပါတယ္”လို႔ စမ္းေခ်ာင္းမဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာ္တာေအာင္က ေျပာပါတယ္။

ထိုလူနာဟာ အတက္လြန္ၿပီး သတိလစ္သြားတာမ်ိဳးျဖစ္သလို ျပည္သူေတြကိုအထိတ္တလန႔္ျဖစ္ေအာင္ လုပ္ေဆာင္ကာ မဟုတ္မမွန္တဲ့ သတင္းေတြေဖာ္ျပခဲ့တဲ့ လူမႈကြန္ရက္စာမ်က္ႏွာေတြကိုလည္း စုံစမ္းေနၿပီး တရားစြဲဆိုမႈေတြျပဳလုပ္သြားဖို႔ စီစဥ္ထားတယ္လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

 “ဒီဟာက အတက္လြန္ၿပီး ၾကာသြားေတာ့ သတိလစ္သြားတာျဖစ္ပါတယ္၊ သတင္းတစ္ခုကို တိတိက်က်မသိဘဲနဲ႔ မဟုတ္မမွန္ ဖြၿပီး လုပ္ၾကတာေၾကာင့္ ျပည္သူေတြကို အထိတ္လန႔္ျဖစ္ေစတဲ့အျပင္ ကြၽန္ေတာ္တို႔ဆီကိုလည္း ဖုန္းေတြ ဆက္လာတာ အလုပ္ရႈပ္ပါတယ္၊ အခုအထိလည္း ဆက္ေနတုန္း၊ ကြၽန္ေတာ္တို႔အခုစုံစမ္းေနတယ္၊ ၆၆ ဃ နဲ႔ တရားစြဲဖို႔ လုပ္ေဆာင္သြားမယ္”လို႔ အဆိုပါအရန္ မီးသတ္တပ္ဖြဲ႕ မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာ ၿမိဳ႕နယ္အလိုက္ က်န္းမာေရးဌာနမ်ား၊ သက္ဆိုင္ရာေဒသအာဏာပိုင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားရဲ႕ အကူအညီနဲ႔ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ သံသယျဖစ္ဖြယ္အေျခအေနရွိမရွိကို ေစာင့္ၾကပ္စုံစမ္းေနေၾကာင္း၊ သံသယျဖစ္ဖြယ္လူနာေတြ ေတြ႕ရွိပါက ေဝဘာဂီေဆး႐ုံသို႔ လႊဲေျပာင္းပို႔ေဆာင္ကာ စစ္ေဆးေစာင့္ၾကည့္ႏိုင္ရန္ အစီအစဥ္မ်ားေရးဆြဲထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ မတ္ ၄