ထိုင်းနှင့် မြန်မာ ကုန်သွယ်မှု ဆယ်လအတွင်း ကန်ဒေါ်လာ လေးဘီလံခွဲကျော်ထိရှိ

ထိုင်းနှင့် မြန်မာ ကုန်သွယ်မှု ဆယ်လအတွင်း ကန်ဒေါ်လာ လေးဘီလံခွဲကျော်ထိရှိ

ယခုဘဏ္ဍာနှစ် ဆယ်လအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ လေးဘီလျံခွဲကျော်ရှိပြီး အဆိုပါကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်း ၈၅၀ ကျော်ဖြစ်ပေါ်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက စက်တင်ဘာလအတွင်းထုတ်ပြန်ခဲ့သည့် စာရင်းအချက် အလက်များအရ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လတာကာလအတွင်း မြန်မာ ဘက်မှ ထိုင်းဘက်သို့ အမေရိကန် ဒေါ်လာ ၂၆၉၉ ဒသမ ၁၅၅ သန်း ကုန်ပစ္စည်းတင်ပို့ခဲ့ကာ ထိုင်းဘက်မှ အမေရိကန်ဒေါ်လာ ၁၈၃၄  ဒသမ၄၈၂ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ကာ စုစုပေါင်း ကန်ဒေါ်လာ ၄၅၃၃ ဒသမ ၆၃၇ သန်းကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

လအတွင်း ကုန်သွယ်မှုကို ပြန်ကြည့်ပါက ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိုင်းသို့  ပို့ကုန် ကန်ဒေါ်လာ ၂၃၅ ဒသမ ၂၀၈ သန်းတင်ပို့ခဲ့ကာ သွင်းကုန် ကန်ဒေါ်လာ ၁၆၃ဒသမ ၃၈၅ သန်း ဖိုးတင်သွင်းခဲ့ပြီး တစ်လ အတွင်း ကန်ဒေါ်လာ ၃၉၈ ဒသမ ၅၉၃ သန်းဖိုး ကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့သည့် မေနှင့် ဇွန်လ အတွင်း ထိုင်းနှင့်မြန်မာ တရားဝင်ကုန်သွယ်မှုကိုပြန်ကြည့်ပါကလည်း ထိုင်းဘက်သို့ ပို့ကုန် ကန်ဒေါ်လာ ၅၉၆ ဒသမ ၃၃၅ သန်းနှင့် ထိုင်းဘက်မှ သွင်းကုန် ကန်ဒေါ်လာ၄၃၂ ဒသမ ၆၀၉ သန်းပြန်သွင်းခဲ့ကာ မြန်မာနှင့်ထိုင်း ကြား ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀၂၈ ဒသမ ၉၄၄ သန်းဖိုး ကုန်သွယ်ခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းထိုင်း-မြန်မာကြားကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၆၆၆ ဒသမ ၄၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၅၇၁၁ ဒသမ ၁၉၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၈၆၆ဒသမ ၀၆၆ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅၀၇၄ ဒသမ၇၀၇ သန်းထိကုန်သွယ် ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

ယခုဘ႑ာႏွစ္ ဆယ္လအတြင္း ျမန္မာႏွင့္ ထိုင္းႏိုင္ငံအၾကား ကုန္သြယ္ခဲ့ရာမွာ အေမရိကန္ေဒၚလာ ေလးဘီလ်ံခြဲေက်ာ္ရွိၿပီး အဆိုပါကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ သန္း ၈၅၀ ေက်ာ္ျဖစ္ေပၚခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနက စက္တင္ဘာလအတြင္းထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္ အလက္မ်ားအရ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္လတာကာလအတြင္း ျမန္မာ ဘက္မွ ထိုင္းဘက္သို႔ အေမရိကန္ ေဒၚလာ ၂၆၉၉ ဒသမ ၁၅၅ သန္း ကုန္ပစၥည္းတင္ပို႔ခဲ့ကာ ထိုင္းဘက္မွ အေမရိကန္ေဒၚလာ ၁၈၃၄  ဒသမ၄၈၂ သန္းတန္ဖိုးရွိ ကုန္ပစၥည္းမ်ား တင္သြင္းခဲ့ကာ စုစုေပါင္း ကန္ေဒၚလာ ၄၅၃၃ ဒသမ ၆၃၇ သန္းကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

လအတြင္း ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ၿပီးခဲ့သည့္ ဇူလိုင္လအတြင္း ထိုင္းသို႔  ပို႔ကုန္ ကန္ေဒၚလာ ၂၃၅ ဒသမ ၂၀၈ သန္းတင္ပို႔ခဲ့ကာ သြင္းကုန္ ကန္ေဒၚလာ ၁၆၃ဒသမ ၃၈၅ သန္း ဖိုးတင္သြင္းခဲ့ၿပီး တစ္လ အတြင္း ကန္ေဒၚလာ ၃၉၈ ဒသမ ၅၉၃ သန္းဖိုး ကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။ ၿပီးခဲ့သည့္ ေမႏွင့္ ဇြန္လ အတြင္း ထိုင္းႏွင့္ျမန္မာ တရားဝင္ကုန္သြယ္မႈကိုျပန္ၾကည့္ပါကလည္း ထိုင္းဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ ၅၉၆ ဒသမ ၃၃၅ သန္းႏွင့္ ထိုင္းဘက္မွ သြင္းကုန္ ကန္ေဒၚလာ၄၃၂ ဒသမ ၆၀၉ သန္းျပန္သြင္းခဲ့ကာ ျမန္မာႏွင့္ထိုင္း ၾကား ကုန္သြယ္မႈ အေမရိကန္ေဒၚလာ ၁၀၂၈ ဒသမ ၉၄၄ သန္းဖိုး ကုန္သြယ္ခဲ့ တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္းထိုင္း-ျမန္မာၾကားကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၅၆၆၆ ဒသမ ၄၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ၅၇၁၁ ဒသမ ၁၉၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၄၈၆၆ဒသမ ၀၆၆ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၄၂၈၈ ဒသမ ၁၇၂ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၅၀၇၄ ဒသမ၇၀၇ သန္းထိကုန္သြယ္ ခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ စက္တင္ဘာ - ၂၁