တောင်ဒဂုံမြို့နယ်ရှိ ကိုဗစ် ၁၉ အတည်ပြုလူနာ နေထိုင်ရာလမ်းအား Lock Down ချ

တောင်ဒဂုံမြို့နယ်ရှိ ကိုဗစ် ၁၉ အတည်ပြုလူနာ နေထိုင်ရာလမ်းအား Lock Down ချ    

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒီကနေ့ နံနက်ပိုင်းအချိန် ထုတ်ပြန်ခဲ့ သည့် ဓာတ်ခွဲနမူနာအရ တောင်ဒဂုံမြို့နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာတစ်ဦးရှိလာခဲ့သည့် အတွက် ၎င်း နေထိုင်ရာလမ်းအား Lock Down ချထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

"တောင်ဒဂုံမြို့နယ်အမှတ်(၁၈)ရပ်ကွက်ဇင်ယော်လမ်းကိုLOCK DOWN ချလိုက်ပါပြီ။ ပိုး‌သတ် ဆေးဖြန်း ခြင်းများလည်း ဆောင်ရွက်ပြီး စီးပါပြီ။CP-Contact Person တွေကိုလည်းမြို့နယ် COVID-19 ကော်မတီက စုံစမ်းနေပါပြီ။ယခုလက်ရှိ C.P က ၂၃ ယောက်ရှိပါတယ်။ ဆက်ပြီး လည်းစုံစမ်း‌နေပါတယ်။ အိမ်သားတွေကိုလည်း Quarantine ထားရှိပါတယ်။ ပို့ဆောင်‌ရေး အတွက်ကိုလည်း တိုင်းကျန်းမာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေပါပြီ။

LOCK DOWN ချထားတဲ့လမ်းရှိ လမ်းသူ၊သားများရဲ့ စားဝတ်နေရေး အခက်အခဲရှိရင် လည်း ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ တောင်ဒဂုံမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။   
 
တောင်ဒဂုံမြို့နယ်ဟာ ဆိုရင် လူဦးရေထူထပ်ပြီး စက်ရုံ၊အလုပ်ရုံတွေလည်း တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

ပြေသိမ်း    
ဓာတ်ပုံ - UNyiNyoi (fb)
ရန်ကုန်၊ဧပြီ ၁၆

(  Zawgyi  )

 အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)မွ ဒီကေန႔ နံနက္ပိုင္းအခ်ိန္ ထုတ္ျပန္ခဲ့ သည့္ ဓာတ္ခြဲနမူနာအရ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ကိုဗစ္ ၁၉ အတည္ျပဳလူနာတစ္ဦးရွိလာခဲ့သည့္ အတြက္ ၎ ေနထိုင္ရာလမ္းအား Lock Down ခ်ထားလိုက္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

"ေတာင္ဒဂုံၿမိဳ႕နယ္အမွတ္(၁၈)ရပ္ကြက္ဇင္ေယာ္လမ္းကိုLOCK DOWN ခ်လိုက္ပါၿပီ။ ပိုး‌သတ္ ေဆးျဖန္း ျခင္းမ်ားလည္း ေဆာင္႐ြက္ၿပီး စီးပါၿပီ။CP-Contact Person ေတြကိုလည္းၿမိဳ႕နယ္ COVID-19 ေကာ္မတီက စုံစမ္းေနပါၿပီ။ယခုလက္ရွိ C.P က ၂၃ ေယာက္ရွိပါတယ္။ ဆက္ၿပီး လည္းစုံစမ္း‌ေနပါတယ္။ အိမ္သားေတြကိုလည္း Quarantine ထားရွိပါတယ္။ ပို႔ေဆာင္‌ေရး အတြက္ကိုလည္း တိုင္းက်န္းမာေရး ဦးစီးဌာနႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနပါၿပီ။

LOCK DOWN ခ်ထားတဲ့လမ္းရွိ လမ္းသူ၊သားမ်ားရဲ႕ စားဝတ္ေနေရး အခက္အခဲရွိရင္ လည္း ခ်ိတ္ဆက္ၿပီး ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္"လို႔ ေတာင္ဒဂုံၿမိဳ႕နယ္၏ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ က ေျပာပါတယ္။   
 
ေတာင္ဒဂုံၿမိဳ႕နယ္ဟာ ဆိုရင္ လူဦးေရထူထပ္ၿပီး စက္႐ုံ၊အလုပ္႐ုံေတြလည္း တည္ရွိတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ပါတယ္။

ေျပသိမ္း    
ဓာတ္ပုံ - UNyiNyoi (fb)
ရန္ကုန္၊ဧၿပီ ၁၆