တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရ ကိုယ်စား တရုတ် အထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံ NRPC ကို စတုတ္ထ အကြိမ်မြောက် ကူညီထောက်ပံ့ငွေ ဒေါ်လာ လေးသိန်း လှူဒါန်း

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရ ကိုယ်စား တရုတ် အထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံ NRPC ကို စတုတ္ထ အကြိမ်မြောက် ကူညီထောက်ပံ့ငွေ ဒေါ်လာ လေးသိန်း လှူဒါန်း  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာစွန်ဂေါ်ရှန်းမ မြန်မာနိုင်ငံ NRPC ကို စတုတ္ထ အကြိမ်မြောက် ကူညီထောက်ပံ့ငွေ ဒေါ်လာလေးသိန်းအား နိုဝင်ဘာ ၆ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် လှူဒါန်း ခဲ့ကြောင်း သိရှိ ရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာစွန်ဂေါ်ရှန်းမှတရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရ ကိုယ်စား မြန်မာနိုင်ငံ NRPC ကို စတုတ္ထ အကြိမ်မြောက် ကူညီထောက် ပံ့ငွေလှူဒါန်း တာဖြစ်ပါတယ်။ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မူတည်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစဉ်တစိုက် တတ်နိုင်သလောက် ကူညီပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်သူပြည်သား များကို ထာဝရ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိစေလိုတဲ့ ဆန္ဒလည်း ရှိပါတယ်၊ တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်မှု ရရှိနေတာကို သိရလို့ ဝမ်းမြောက်မိပါတယ်။

မြန်မာနိုင်ငံကို ငွေကြေးကူညီတဲ့ ပမာဏမကြီးမားလှပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ် အစိုးရ ဘက်က ပြတ်ပြတ်သားသား ပေါ်လစီချမှတ်ပြီး ကူညီသွားပါမယ်။ ရေရှည် အနာဂတ် မှာပါ နည်းအမျိုးမျိုးနဲ့ မြန် မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီ ထောက်ပံ့ပေးသွားပါမယ်။

မြန်မာမိတ်ဆွေများဘက်က လိုအပ်ချက်တွေ ရှိခဲ့ရင်ပြောပါ။ မြန်နိုင်သလောက် အမြန်ဆုံး ကူညီ ပေးပါမယ်လို့ တရုတ်နိုင်ငံ ဗဟိုအစိုးရ ကိုယ်စား ကျွန်တော် ပြောချင်ပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ အတွက် ယုံကြည်နိုင်တဲ့ အားကိုးနိုင်တဲ့ မိတ်ဆွေတစ်ဦး ဖြစ်ပါ တယ် “ ဟု အလှူငွေ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်း လင်းပြောကြားရာတွင်ထည့် သွင်းပြောကြားခဲ့ပါတယ်။
 
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနNRPC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “အခုလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အထူးကိုယ်စား လှယ်နဲ့အဖွဲ့က လာရောက် ကူညီပေးခြင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။ တရုတ်  - မြန်မာ နှစ်နိုင်ငံရဲ့ အစဉ်အလာ ကြီးမားလှတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဟာ အခုလို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အစဉ်တစိုက် ပံ့ပိုးကူညီနေ မှုကြောင့် တည်တံ့ ခိုင်မာလျက်ရှိပါတယ်၊ ရေရှည်မှာ နှစ်နိုင်ငံ ဘုံ အကျိုးစီးပွား အတွက် ဆက်လက် ကူညီပံ့ပိုးလိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်”လို့  ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာစွန်ဂေါ်ရှန်းမှ NRPC ဒုတိယ ဥက္ကဋ္ဌထံ အမေရိကန် ဒေါ်လာ လေးသိန်း ပေးအပ် လှူဒါန်းခဲ့ပြီး NRPC ဒုတိယ ဥက္ကဋ္ဌက အထူး သံတမန်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။အဆိုပါ ငွေလှူဒါန်း ပွဲသို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဘက်မှ အာရှရေးရာ အထူး သံတမန် Mr. Sun Guoxiang နှင့် အဖွဲ့ဝင် လေးဦး၊ မြန်မာနိုင်ငံဘက်မှ NRPC ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ ဝန်ကြီး များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။

PTG
နေပြည်တော်၊ နိုဝင်ဘာ ၇

(  Zawgyi  )

 တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဗဟိုအစိုးရ ကိုယ္စား တ႐ုတ္ အထူးကိုယ္စားလွယ္မွ ျမန္မာႏိုင္ငံ NRPC ကို စတုတၳ အႀကိမ္ေျမာက္ ကူညီေထာက္ပံ့ေငြ ေဒၚလာ ေလးသိန္း လႉဒါန္း

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ႏိုင္ငံျခားေရးဝန္ႀကီးဌာနအာရွေရးရာအထူးကိုယ္စားလွယ္မစၥတာစြန္ေဂၚရွန္းမ ျမန္မာႏိုင္ငံ NRPC ကို စတုတၳ အႀကိမ္ေျမာက္ ကူညီေထာက္ပံ့ေငြ ေဒၚလာေလးသိန္းအား ႏိုဝင္ဘာ ၆ ရက္ နံနက္ပိုင္း တြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနတြင္ လႉဒါန္း ခဲ့ေၾကာင္း သိရွိ ရပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ႏိုင္ငံျခားေရးဝန္ႀကီးဌာနအာရွေရးရာအထူးကိုယ္စားလွယ္မစၥတာစြန္ေဂၚရွန္းမွတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ဗဟိုအစိုးရ ကိုယ္စား ျမန္မာႏိုင္ငံ NRPC ကို စတုတၳ အႀကိမ္
ေျမာက္ ကူညီေထာက္ ပံ့ေငြလႉဒါန္းတာျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးကို မူတည္ၿပီး ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ အစဥ္တစိုက္ တတ္ႏိုင္သေလာက္ ကူညီေပးျခင္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ျပည္သူျပည္သား မ်ားကို ထာဝရ ၿငိမ္းခ်မ္းေရး အျမန္ဆုံး ရရွိေစလိုတဲ့ ဆႏၵလည္း ရွိပါတယ္၊ တ႐ုတ္ အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေတြကို တစ္ဆင့္ၿပီး တစ္ဆင့္ ေအာင္ျမင္မႈ ရရွိေနတာကို သိရလို႔ ဝမ္းေျမာက္မိပါတယ္။

ျမန္မာႏိုင္ငံကို ေငြေၾကးကူညီတဲ့ ပမာဏမႀကီးမားလွေပမယ့္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး တ႐ုတ္ အစိုးရ ဘက္က ျပတ္ျပတ္သားသား ေပၚလစီခ်မွတ္ၿပီး ကူညီသြားပါမယ္။ ေရရွည္ အနာဂတ္ မွာပါ နည္းအမ်ိဳးမ်ိဳးနဲ႔ ျမန္ မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ ကူညီ ေထာက္ပံ့ေပးသြားပါမယ္။

ျမန္မာမိတ္ေဆြမ်ားဘက္က လိုအပ္ခ်က္ေတြ ရွိခဲ့ရင္ေျပာပါ။ ျမန္ႏိုင္သေလာက္ အျမန္ဆုံး ကူညီ ေပးပါမယ္လို႔ တ႐ုတ္ႏိုင္ငံ ဗဟိုအစိုးရ ကိုယ္စား ကြၽန္ေတာ္ ေျပာခ်င္ပါတယ္၊ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံ အတြက္ ယုံၾကည္ႏိုင္တဲ့ အားကိုးႏိုင္တဲ့ မိတ္ေဆြတစ္ဦး ျဖစ္ပါ တယ္ “ ဟု အလႉေငြ လႉဒါန္းရျခင္းႏွင့္ပတ္သက္၍ရွင္း လင္းေျပာၾကားရာတြင္ထည့္ သြင္းေျပာၾကားခဲ့ပါတယ္။
 
အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနNRPC ဒုတိယ ဥကၠ႒ ဦးေက်ာ္တင့္ေဆြ က ႏႈတ္ခြန္းဆက္စကား ေျပာၾကားရာတြင္ “အခုလို ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံက အထူးကိုယ္စား လွယ္နဲ႔အဖြဲ႕က လာေရာက္ ကူညီေပးျခင္းကို အထူးပဲ ေက်းဇူးတင္ပါတယ္။ တ႐ုတ္  - ျမန္မာ ႏွစ္ႏိုင္ငံရဲ႕ အစဥ္အလာ ႀကီးမားလွတဲ့ ေဆြမ်ိဳး
ေပါက္ေဖာ္ ခ်စ္ၾကည္ေရးဟာ အခုလို တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံက အစဥ္တစိုက္ ပံ့ပိုးကူညီေန မႈေၾကာင့္ တည္တံ့ ခိုင္မာလ်က္ရွိပါတယ္၊ ေရရွည္မွာ ႏွစ္ႏိုင္ငံ ဘုံ အက်ိဳးစီးပြား အတြက္ ဆက္လက္ ကူညီပံ့ပိုးလိမ့္မယ္လို႔လည္း ယုံၾကည္ထားပါတယ္”လို႔  ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ႏိုင္ငံျခားေရးဝန္ႀကီးဌာနအာရွေရးရာအထူးကိုယ္စားလွယ္မစၥတာစြန္ေဂၚရွန္းမွ NRPC ဒုတိယ ဥကၠ႒ထံ အေမရိကန္ ေဒၚလာ ေလးသိန္း ေပးအပ္ လႉဒါန္းခဲ့ၿပီး NRPC ဒုတိယ ဥကၠ႒က အထူး သံတမန္အား ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ခဲ့ပါတယ္။အဆိုပါ ေငြလႉဒါန္း ပြဲသို႔ တ႐ုတ္ျပည္သူ႔ သမၼတ ႏိုင္ငံဘက္မွ အာရွေရးရာ အထူး သံတမန္ Mr. Sun Guoxiang ႏွင့္ အဖြဲ႕ဝင္ ေလးဦး၊ ျမန္မာႏိုင္ငံဘက္မွ NRPC ဒုတိယ ဥကၠ႒၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဒုတိယ ဝန္ႀကီး မ်ား၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္းသိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၇