တရားမဝင်လုပ်ကိုင်သော ဧည့်လမ်းညွှန်များကြောင့် ထိခိုက်မှုမဖြစ်စေရန်စီစဉ်နေ

တရားမဝင်လုပ်ကိုင်သော ဧည့်လမ်းညွှန်များကြောင့် ထိခိုက်မှုမဖြစ်စေရန်စီစဉ်နေ

တရားမဝင်လုပ်ကိုင်နေကြတဲ့ ဧည့်လမ်းညွှန်တွေကြောင့် စည်းမျဉ်းစည်းကမ်းတွေ၊ လိုင်စင်တွေနဲ့ အညီ တရားဝင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဧည့်လမ်းညွှန်တွေကို ထိခိုက်မှုမဖြစ်စေဖို့ အစီအစဉ်တွေ ရေးဆွဲ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ သိရပါတယ်။

ထိုတရားမဝင် ဧည့်လမ်းညွန်တွေရဲ့ အခြေအနေကို အသင်းကနေ လိုက်လံကာစစ်တမ်းကောက်ယူ လေ့လာ တာတွေရှိသလို ဝန်ကြီးဌာနဘက် ကလည်း အရေးယူပေးဖို့ အကြောင်းကြားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက “အသင်းကို အကြောင်းကြားလာတာတွေ၊ စိစစ်တွေ့ရှိချက်တွေကို အခြေခံပြီးတော့ အသင်းအနေနဲ့ စည်းကမ်း လိုက်နာတဲ့ ဧည့်လမ်းညွှန်တွေကို အကာအကွယ်ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်၊ တရားဝင်လုပ်ကိုင်နေတဲ့ သူဖြစ်တယ်ဆိုတာ လွယ်လွယ် ကူကူ ခွဲခြားနိုင်အောင်လည်း အရင်ဆုံးစီစဉ်ဆောင်ရွက်နေလျက်ရှိပါတယ်”လို့ ရှင်းပြပါတယ်။

ထို့ပြင် လိုင်စင်ရ ဧည့်လမ်းညွှန်များနဲ့  ဒေသဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရ (RG)ကိုင်ဆောင်သူများ မှာ လုပ်ငန်း တာဝန် ထမ်းဆောင် နေချိန်အတွင်း မိမိလုပ်ငန်းလိုင်စင် ကတ်ပြားကိုမြင်သာအောင် ချိတ်ဆွဲ လုပ်ဆောင်ကြဖို့ကိုလည်း သတ်မှတ်ထားကြောင်း၊ ထိုသို့ချိတ်ဆွဲလုပ်ဆောင်မှုကို တောင်တက်ခရီးစဉ်များ၊ ငှက်ကြည့်ခရီးစဉ်များ၊ ခရီးကြမ်းခရီးစဉ်များမှအပ ကျန်ခရီးစဉ်များတွင် ချိတ်ဆွဲ ထားရန်လိုအပ်ကြောင်း၊ ယဉ်ကျေးမှုနဲ့ကိုက်ညီသော ဝတ်စားဆင်ယင်မှုများ၊ အဆောင်အယောင်သုံးစွဲခြင်းများဖြင့် ဝန်ဆောင် မှုပြုရန် လိုအပ်သလို ဒေသဆိုင်ရာ အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ရရှိထားသူများအနေဖြင့် သတ်မှတ်ထားတဲ့ ဒေသများကို ကျော်လွန်ကာ ဝန်ဆောင်မှုမပြုလုပ်ဘဲ နေထိုင်ခြင်းဖြင့် ဧည့်လမ်းညွှန်များအချင်းချင်းကြားတွင် လေးစားမှုကိုရယူရန် လိုအပ်ကြောင်း၊ ဧည့်လမ်းညွှန်သင်တန်းဆင်းနဲ့ ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း အောင်မြင် ပြီးထားသူများမှ လုပ်ငန်းလိုင်စင်လက်မှတ်ရရှိပြီးမှသာ ဧည့်ဝန်ဆောင်မှုပြုလုပ်ရန် စတဲ့ အချက်တွေကိုလည်း ဧည့်လမ်းညွှန်တွေ သိရှိစေရန် အသိပေးလုပ်ဆောင်နေတာတွေရှိတယ်လို့ သိရပါတယ်။

အသင်းအနေဖြင့် ဧည့်လမ်းညွှန်များရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ မကြာခဏဆွေးနွေးနေသလို တရားမဝင်ဧည့်လမ်းညွန်များကို ထိန်းချုပ်နိုင်ရန်လည်း အဓိကထားကာ ဆွေးနွေးနေကြောင်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ ၃

(  Zawgyi  )

 တရားမဝင္လုပ္ကိုင္ေနၾကတဲ့ ဧည့္လမ္းၫႊန္ေတြေၾကာင့္ စည္းမ်ဥ္းစည္းကမ္းေတြ၊ လိုင္စင္ေတြနဲ႔ အညီ တရားဝင္လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ဧည့္လမ္းၫႊန္ေတြကို ထိခိုက္မႈမျဖစ္ေစဖို႔ အစီအစဥ္ေတြ ေရးဆြဲ ေဆာင္႐ြက္ေနတယ္လို႔ ျမန္မာႏိုင္ငံ ဧည့္လမ္းၫႊန္မ်ား အသင္းမွ သိရပါတယ္။

ထိုတရားမဝင္ ဧည့္လမ္းၫြန္ေတြရဲ႕ အေျခအေနကို အသင္းကေန လိုက္လံကာစစ္တမ္းေကာက္ယူ ေလ့လာ တာေတြရွိသလို ဝန္ႀကီးဌာနဘက္ ကလည္း အေရးယူေပးဖို႔ အေၾကာင္းၾကားလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံ ဧည့္လမ္းၫႊန္မ်ား အသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္းက “အသင္းကို အေၾကာင္းၾကားလာတာေတြ၊ စိစစ္ေတြ႕ရွိခ်က္ေတြကို အေျခခံၿပီးေတာ့ အသင္းအေနနဲ႔ စည္းကမ္း လိုက္နာတဲ့ ဧည့္လမ္းၫႊန္ေတြကို အကာအကြယ္ေပးႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္၊ တရားဝင္လုပ္ကိုင္ေနတဲ့ သူျဖစ္တယ္ဆိုတာ လြယ္လြယ္ ကူကူ ခြဲျခားႏိုင္ေအာင္လည္း အရင္ဆုံးစီစဥ္ေဆာင္႐ြက္ေနလ်က္ရွိပါတယ္”လို႔ ရွင္းျပပါတယ္။

ထို႔ျပင္ လိုင္စင္ရ ဧည့္လမ္းၫႊန္မ်ားနဲ႔  ေဒသဆိုင္ရာ အသိအမွတ္ျပဳ လက္မွတ္ရ (RG)ကိုင္ေဆာင္သူမ်ား မွာ လုပ္ငန္း တာဝန္ ထမ္းေဆာင္ ေနခ်ိန္အတြင္း မိမိလုပ္ငန္းလိုင္စင္ ကတ္ျပားကိုျမင္သာေအာင္ ခ်ိတ္ဆြဲ လုပ္ေဆာင္ၾကဖို႔ကိုလည္း သတ္မွတ္ထားေၾကာင္း၊ ထိုသို႔ခ်ိတ္ဆြဲလုပ္ေဆာင္မႈကို ေတာင္တက္ခရီးစဥ္မ်ား၊ ငွက္ၾကည့္ခရီးစဥ္မ်ား၊ ခရီးၾကမ္းခရီးစဥ္မ်ားမွအပ က်န္ခရီးစဥ္မ်ားတြင္ ခ်ိတ္ဆြဲ ထားရန္လိုအပ္ေၾကာင္း၊ ယဥ္ေက်းမႈနဲ႔ကိုက္ညီေသာ ဝတ္စားဆင္ယင္မႈမ်ား၊ အေဆာင္အေယာင္သုံးစြဲျခင္းမ်ားျဖင့္ ဝန္ေဆာင္ မႈျပဳရန္ လိုအပ္သလို ေဒသဆိုင္ရာ အသိအမွတ္ျပဳ သင္တန္းဆင္းလက္မွတ္ရရွိထားသူမ်ားအေနျဖင့္ သတ္မွတ္ထားတဲ့ ေဒသမ်ားကို ေက်ာ္လြန္ကာ ဝန္ေဆာင္မႈမျပဳလုပ္ဘဲ ေနထိုင္ျခင္းျဖင့္ ဧည့္လမ္းၫႊန္မ်ားအခ်င္းခ်င္းၾကားတြင္ ေလးစားမႈကိုရယူရန္ လိုအပ္ေၾကာင္း၊ ဧည့္လမ္းၫႊန္သင္တန္းဆင္းနဲ႔ ေဒသဆိုင္ရာဧည့္လမ္းၫႊန္သင္တန္း ေအာင္ျမင္ ၿပီးထားသူမ်ားမွ လုပ္ငန္းလိုင္စင္လက္မွတ္ရရွိၿပီးမွသာ ဧည့္ဝန္ေဆာင္မႈျပဳလုပ္ရန္ စတဲ့ အခ်က္ေတြကိုလည္း ဧည့္လမ္းၫႊန္ေတြ သိရွိေစရန္ အသိေပးလုပ္ေဆာင္ေနတာေတြရွိတယ္လို႔ သိရပါတယ္။

အသင္းအေနျဖင့္ ဧည့္လမ္းၫႊန္မ်ားရဲ႕ အခြင့္အေရးေတြနဲ႔ပတ္သက္ၿပီး ဝန္ႀကီးဌာနတာဝန္ရွိသူေတြနဲ႔ မၾကာခဏေဆြးေႏြးေနသလို တရားမဝင္ဧည့္လမ္းၫြန္မ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္လည္း အဓိကထားကာ ေဆြးေႏြးေနေၾကာင္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ ၃