တစ်နှစ်ခွဲနီးပါးအတွင်း နိုင်ငံတစ်ဝန်းမှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၃ဝဝ ကျော်ကို ဖမ်းဆီးရမိ

တစ်နှစ်ခွဲနီးပါးအတွင်း  နိုင်ငံတစ်ဝန်းမှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၃ဝဝ ကျော်ကို ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး အထူးနှိမ်နှင်းရေးအနေနဲ့ အစိုးရက နိုင်ငံတော်အဆင့် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေပြီး ၁ နှစ်ခွဲနီးပါးအတွင်းမှာပဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ဦးရေ ၁၃ဝဝ ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ် လို့ နိုင်ငံတော်သမ္မတရုံးမှ သိရပါတယ်။

နိုင်ငံတော်အစိုးရက “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းအချက်အလက်တွေကို စနစ်တကျလက်ခံကာ ဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကနေ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၈၇၃ မှုထိ အမှုဖွင့်အရေးယူနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးတရားခံ အမျိုးသား ၁၁၁၈ ဦး၊ အမျိုးသမီး ၂၁၉ ဦး၊ စုစုပေါင်း ၁၃၃၇ ဦးထိ ဖမ်းဆီးအရေး ယူနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ၁ နှစ်ခွဲအတွင်းမှာ ဘိန်းဖြူ ၇၁၄၆ ဒသမ ၈၄၉၄ ဂရမ်၊ ICE ၁၃၄၇ ဒသမ ၃၂ ဂရမ်၊ ဘိန်း ၃၉၉၉၉ ဒသမ ၆၁ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၈၉ ဒသမ ၉၂ ဂရမ်၊ ဘိန်းစာမှုန့် ၅၃၂၃၀ ဒသမ ၇၆ ဂရမ်၊ ဘိန်းစာရွက် ၇၈၃၃ ဒသမ ၁၉ ဂရမ်၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ၊ စိတ်ကြွဆေးပြား ၄၃၀၁၉၆ ပြား၊ ဆေးခြောက် ၈၄၀၆ဒသမ ၅၂ ဂရမ်နဲ့ ဘိန်းရည် ၀ ဒသမ ၁ လီတာတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက အသိပေး ထုတ်ပြန်ထားပါတယ်။

နောက်ထပ် ဘိန်းဆီခဲ ၅၂၀ ဒသမ ၂၈ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၂၉ ဒသမ ၁၅ ဂရမ်၊ Ecstasyအကြေ ၀ ဒသမ ၀၀၁ ဂရမ်၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။

မူးယစ်ဆေးဝါးသတင်းများနဲ့ ပတ်သက်ပြီး ဖော်ထုတ်ဖမ်းဆီး အရေးယူမှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိပြီး ထပ်မံဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်မှု အခြေအနေတွေကိုလည်း ဆက်လက်ထုတ်ပြန်ပေး သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးမှ အသိပေးထားပါတယ်။

ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန
ရန်ကုန်၊ ဒီဇင်ဘာ ၃

(  Zawgyi  )

 မူးယစ္ေဆးဝါး အထူးႏွိမ္ႏွင္းေရးအေနနဲ႔ အစိုးရက ႏိုင္ငံေတာ္အဆင့္ ဖမ္းဆီးအေရးယူမႈမ်ား လုပ္ေဆာင္ေနၿပီး ၁ ႏွစ္ခြဲနီးပါးအတြင္းမွာပဲ မူးယစ္ေဆးဝါးေရာင္းဝယ္သုံးစြဲသူ ဦးေရ ၁၃ဝဝ ေက်ာ္ကို ဖမ္းဆီးအေရးယူႏိုင္ခဲ့တယ္ လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးမွ သိရပါတယ္။

ႏိုင္ငံေတာ္အစိုးရက “မူးယစ္ေဆးဝါး အထူးသတင္းတိုင္ၾကားေရးဌာန”ကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၆ ရက္ေန႔မွာ ဖြင့္လွစ္ခဲ့ၿပီး တိုင္ၾကားလာတဲ့ မူးယစ္ေဆးဝါးသတင္းအခ်က္အလက္ေတြကို စနစ္တက်လက္ခံကာ ဖမ္းဆီး အေရးယူမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္၊ ဇြန္လ ၂၆ ရက္ေန႔ကေန ၂ဝ၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ဝ ရက္ေန႔အထိ စုံစမ္းေဖာ္ထုတ္ခ်က္မ်ားအရ အမႈေပါင္း ၈၇၃ မႈထိ အမႈဖြင့္အေရးယူႏိုင္ခဲ့ၿပီး မူးယစ္ေဆးဝါးတရားခံ အမ်ိဳးသား ၁၁၁၈ ဦး၊ အမ်ိဳးသမီး ၂၁၉ ဦး၊ စုစုေပါင္း ၁၃၃၇ ဦးထိ ဖမ္းဆီးအေရး ယူႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ ၁ ႏွစ္ခြဲအတြင္းမွာ ဘိန္းျဖဴ ၇၁၄၆ ဒသမ ၈၄၉၄ ဂရမ္၊ ICE ၁၃၄၇ ဒသမ ၃၂ ဂရမ္၊ ဘိန္း ၃၉၉၉၉ ဒသမ ၆၁ ဂရမ္၊ အဆင့္နိမ့္ဘိန္း ၃၈၉ ဒသမ ၉၂ ဂရမ္၊ ဘိန္းစာမႈန႔္ ၅၃၂၃၀ ဒသမ ၇၆ ဂရမ္၊ ဘိန္းစာ႐ြက္ ၇၈၃၃ ဒသမ ၁၉ ဂရမ္၊ ဘိန္းစာရည္ ၂ ဒသမ ၅ လီတာ၊ စိတ္ႂကြေဆးျပား ၄၃၀၁၉၆ ျပား၊ ေဆးေျခာက္ ၈၄၀၆ဒသမ ၅၂ ဂရမ္နဲ႔ ဘိန္းရည္ ၀ ဒသမ ၁ လီတာတို႔ကို ဖမ္းဆီးရမိခဲ့တယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးက အသိေပး ထုတ္ျပန္ထားပါတယ္။

ေနာက္ထပ္ ဘိန္းဆီခဲ ၅၂၀ ဒသမ ၂၈ ဂရမ္၊ ဘိန္းေစ့ ၆၀ ဂရမ္၊ စိတ္ႂကြေဆးျပား အေၾကမႈန႔္ ၂၉ ဒသမ ၁၅ ဂရမ္၊ Ecstasyအေၾက ၀ ဒသမ ၀၀၁ ဂရမ္၊ လက္နက္မ်ိဳးစုံ ၁၈ လက္၊ က်ည္မ်ိဳးစုံ ၂၅၇ ေတာင့္၊ လက္ပစ္ဗုံး ၁ လုံးတို႔ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္းသိရပါတယ္။

မူးယစ္ေဆးဝါးသတင္းမ်ားနဲ႔ ပတ္သက္ၿပီး ေဖာ္ထုတ္ဖမ္းဆီး အေရးယူမႈေတြကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ လ်က္ရွိၿပီး ထပ္မံေဖာ္ထုတ္ ဖမ္းဆီးအေရးယူႏိုင္မႈ အေျခအေနေတြကိုလည္း ဆက္လက္ထုတ္ျပန္ေပး သြားမယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးမွ အသိေပးထားပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ဓာတ္ပုံ- ျပည္ထဲေရးဝန္ႀကီးဌာန
ရန္ကုန္၊ ဒီဇင္ဘာ ၃