တက္ကသိုလ်ဝင်တန်းစာမေးပွဲ ယနေ့စတင်ကျင်းပ၊ ဘုရားပုထိုးစေတီများတွင် ကုသိုလ်ယူဆုတောင်း မေတ္တာပို့သူများဖြင့် စည်ကားလျက် ရှိ

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ယနေ့စတင်ကျင်းပ၊ ဘုရားပုထိုးစေတီများတွင် ကုသိုလ်ယူဆုတောင်း မေတ္တာပို့သူများဖြင့် စည်ကားလျက် ရှိ

ဒီကနေ့ကစလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပသွားတော့မယ့် တက္ကသိုလ်ဝင်စာမေးပွဲတွေကို မန္တလေးမြို့မှာလည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျင်းပနေပြီ ဖြစ်ပါတယ်။မန္တလေးမြို့ရဲ့ စာမေးပွဲဖြေဆိုရာ ကျောင်းတွေမှာလည်း စာဖြေသူ ကျောင်းသား ကျောင်းသူ တွေရဲ့မိဘဆွေမျိုးသားချင်းတွေနဲ့ စည်ကား လျက်ရှိပြီး နီးစပ်ရာဘုရားစေတီတွေမှာ စာဖြေသူတွေ အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုကြတာ ဆုတောင်း မေတ္တာပို့ကြတာတွေ လည်းရှိပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူဦးရေဟာ အရင်နှစ်ကထက်တစ်သောင်း ကျော် ပိုများလာတယ်လို့ တိုင်းဒေသကြီးပညာရေးမှူးရုံးဆီကသိရပါတယ်။ ဖြေဆိုဖို့ လျှောက်ထားသူ ၁၃၃၄၁၅ ဦးရှိပြီး ဒါဟာ အရင်နှစ်က ရှိခဲ့တဲ့ ၁၁၉၂၁၀ ဦးထက် ၁၄၂၀၅ ဦးပိုလာတာဖြစ်တယ်လို့ တိုင်းဒေသ ကြီးပညာရေးမှူးမှ ညွှန်ကြားရေးမှူး ဦးစိုးလွင် (ပညာရေး)က ပြောပါတယ်။

ဝင်ရောက် ဖြေဆိုဖို့လျှောက်ထားကြသူတွေထဲမှာ မသန်စွမ်းတွေနဲ့အကျဉ်းသားတွေလည်းပါဝင်နေပြီး မသန်စွမ်းသူက ၂၀ ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင်ကနေဖြေဆိုဖို့လျှောက်ထားသူက ၈၂ ဦးရှိတယ်လို့လည်းသိရပါတယ်။၂၀၁၉-၂၀၂၀ ခုနှစ်အတွက် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွေကို ဒီကနေ့မတ်လ ၁၁ ရက်နေ့ကနေ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပ သွားမှာဖြစ်ပါတယ်။

KT                                          
မန္တလေး ၊ မတ် ၁၁

(  Zawgyi  )

 ဒီကေန႔ကစလို႔ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔က်င္းပသြားေတာ့မယ့္ တကၠသိုလ္ဝင္စာေမးပြဲေတြကို မႏၲေလးၿမိဳ႕မွာလည္း တစ္ခ်ိန္တည္း တစ္ၿပိဳင္နက္တည္း က်င္းပေနၿပီ ျဖစ္ပါတယ္။မႏၲေလးၿမိဳ႕ရဲ႕ စာေမးပြဲေျဖဆိုရာ ေက်ာင္းေတြမွာလည္း စာေျဖသူ ေက်ာင္းသား ေက်ာင္းသူ ေတြရဲ႕မိဘေဆြမ်ိဳးသားခ်င္းေတြနဲ႔ စည္ကား လ်က္ရွိၿပီး နီးစပ္ရာဘုရားေစတီေတြမွာ စာေျဖသူေတြ အတြက္ရည္စူးၿပီး ကုသိုလ္ေကာင္းမႈ ျပဳၾကတာ ဆုေတာင္း ေမတၱာပို႔ၾကတာေတြ လည္းရွိပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း အခုႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲဝင္ေရာက္ေျဖဆိုမယ့္သူဦးေရဟာ အရင္ႏွစ္ကထက္တစ္ေသာင္း ေက်ာ္ ပိုမ်ားလာတယ္လို႔ တိုင္းေဒသႀကီးပညာေရးမႉး႐ုံးဆီကသိရပါတယ္။ ေျဖဆိုဖို႔ ေလွ်ာက္ထားသူ ၁၃၃၄၁၅ ဦးရွိၿပီး ဒါဟာ အရင္ႏွစ္က ရွိခဲ့တဲ့ ၁၁၉၂၁၀ ဦးထက္ ၁၄၂၀၅ ဦးပိုလာတာျဖစ္တယ္လို႔ တိုင္းေဒသ ႀကီးပညာေရးမႉးမွ ၫႊန္ၾကားေရးမႉး ဦးစိုးလြင္ (ပညာေရး)က ေျပာပါတယ္။

ဝင္ေရာက္ ေျဖဆိုဖို႔ေလွ်ာက္ထားၾကသူေတြထဲမွာ မသန္စြမ္းေတြနဲ႔အက်ဥ္းသားေတြလည္းပါဝင္ေနၿပီး မသန္စြမ္းသူက ၂၀ ဦး၊ မႏၲေလး ဗဟိုအက်ဥ္းေထာင္ကေနေျဖဆိုဖို႔ေလွ်ာက္ထားသူက ၈၂ ဦးရွိတယ္လို႔လည္းသိရပါတယ္။၂၀၁၉-၂၀၂၀ ခုႏွစ္အတြက္ တကၠသိုလ္ ဝင္တန္း စာေမးပြဲေတြကို ဒီကေန႔မတ္လ ၁၁ ရက္ေန႔ကေန မတ္လ ၂၀ ရက္ေန႔အထိ က်င္းပ သြားမွာျဖစ္ပါတယ္။

KT                                          
မႏၲေလး ၊ မတ္ ၁၁